Home သတင်း တားဆီး ပိတ်ပင်မှုများကြားမှ ၆၉ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ရန်ကုန်တွင် စတင်ကျင်းပ

တားဆီး ပိတ်ပင်မှုများကြားမှ ၆၉ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ရန်ကုန်တွင် စတင်ကျင်းပ

2813

ဩဂုတ် ၁၂ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

‌ဒေသအာဏာပိုင်များက အမျိုးမျိုးတားဆီးပိတ်ပင်မှုများကြားမှ ၆၉ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်း အနားကို ယ‌နေ့ (ဩဂုတ် ၁၂) နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံ‌ရှေ့တွင် စတင် ကျင်းပ‌နေပြီးဖြစ်သည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံ‌တော်ကို အ‌လေးပြုခြင်း၊ အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီး၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ကရင့်အမျိုးသားများတန်းတူအခွင့်အ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေး အတွက် တိုက်ပွဲဝင် အသက်စွန့်သွားသည့် ‌စောဘဦးကြီး နှင့် ဗိုလ်ချုပ်စိုင်း‌ကေ၊ ‌တော်လှန်‌ရေးအတွက် အသက်‌ပေး ဆပ်ခဲ့သူများကို လွမ်းသူပန်း‌ခွေချ အ‌လေးပြုခြင်းနှင့် ပန်းခြံ သုံးကြိမ်ပတ်လမ်း‌လျှောက်ကာ အာဇာနည်များကို ဂုဏ်ပြုခဲ့ကြသည်။

၂၀၁၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ‌သော်လည်း‌ကောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြဌာန်းသည့် တိုင်းရင်းသားလူမျိုး များ၏ အခွင့်အ‌ရေးကို ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေအရ တိုင်းရင်းသားများအ‌နေဖြင့် မိမိတို့၏ ရိုးရာ ဓ‌လေ့၊ အမျိုးသား‌ရေးလက္ခဏာများ ‌ဖော်ထုတ်ထိန်းသိမ်းခွင့်ရှိသည့်အတွက် ကရင်အမျိုးသားအာ ဇာနည် ‌နေ့ ကျင်းပခြင်းသည် ဥပ‌ဒေအရ တရားဝင်သလို၊ ပိတ်ပင်သည့် ဥပ‌ဒေမျိုးမရှိ‌သေး‌ကြောင်း ရန်ကုန်တိုင်း‌ဒေ သကြီး ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ကေအိုင်စီသို့ ဩဂုတ် ၁၁ ရက်‌နေ့တွင် ‌ပြောသည်။

ကရင့်အာဇာနည်‌နေ့ကို ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ယခင်က ပြည်လမ်းမ‌ပေါ်ရှိ ယု ဒသန်ရိပ်သာ၌ ကျင်းပ‌လေ့ရှိပြီး ၂၀၁၈ ခုနှစ်တွင် အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ စိန့်ပီတာ စိန်‌ပေါ်လ် ခန်းမ၌ ကျင်းပခဲ့ဖူးသည်။ သို့‌သော်ယခုနှစ်တွင် ခန်းမအတွင်း၌ ကျင်းပခြင်းမပြုရန် ‌ဒေသအာဏာများက တားဆီးခဲ့သည်ဟု အခမ်းအနားအတွက် လိုက်လံ စီစဉ်လုပ်‌ဆောင်ခဲ့သူများက ‌ပြောဆိုသလို ယခုဖြစ်စဉ် အ‌ပေါ် ကရင်ပြည်သူများ၏ အင်တာနက် လူမှုစာမျက်နှာများတွင် ပြီးခဲ့သည့် ဇူလိုင် လအတွင်းမှ စ၍ ပျံ့နှံ့‌နေပြီး ‌ဝေဖန်မှုများစွာ ‌ပေါ်ထွက်‌နေကို‌တွေ့ရသည်။

ထို့အတွက် အခမ်းအနားဖြစ်‌မြောက်ရန် ဝိုင်းဝန်းလုပ်အား‌ပေးစီစဉ်လုပ်‌ဆောင်သည့် ရန်ကုန်မြို့ခံ ကရင် ပြည်သူများအ‌နေဖြင့် ခန်းမများအတွင်း ကျင်းပခွင့်မရ‌သော်လည်း ငြိမ်း၊ စု၊ စီတင်ကာ ယခုလို မဟာဗန္ဓုလ ပန်းခြံ‌ရှေ့၌ ကျင်းပနိုင်‌အောင် စီစဉ်ရခြင်းဖြစ်ပြီး လူဦး‌ရေ ၅ဝဝ‌ကျော် တက်‌ရောက်ဂုဏ်ပြုခဲ့ကြသည်။