Home သတင်း တက္ကသိုလ်ကရင်‌ကျောင်းသားများ ‌ဘောလုံးပွဲ UKS All Star အသင်း ဗိုလ်စွဲ

တက္ကသိုလ်ကရင်‌ကျောင်းသားများ ‌ဘောလုံးပွဲ UKS All Star အသင်း ဗိုလ်စွဲ

4008

ဩဂုတ် ၂၄ရက်၊ ၂၀၁၉ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန် တက္ကသိုလ်‌ပေါင်းစုံ ကရင်‌ကျောင်းသားများ ‌ဘောလုံးပွဲ ဗိုလ်လုပွဲကို ဩဂုတ် ၂၄ရက်‌နေ့ နံနက် ၈နာရီတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံ ‌လေ့ကျင့်‌ရေးကွင်း၌ ဒဂုံတက္ကသိုလ် (DU Karen fc) နှင့် ‌ကျောင်း‌ပေါင်းစုံ စု‌ပေါင်းထားသည့် UKS All Star အသင်းတို့ ယှဉ်ပြိုင်ကစားရာ ၄ဂိုး ဂိုးမရှိဖြင့် All Star အသင်းက အနိုင်ရ ဗိုလ်စွဲသွားသည်။

အဆိုပါ‌ဘောလုံးပွဲကို ရန်ကုန်တက္ကသိုလ်‌ပေါင်းစုံမှ ကရင်‌ကျောင်းသူ‌ကျောင်းသားများစု‌ပေါင်းကာ ပြိုင်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မ တီ ဖွဲ့စည်းကျင်းပခြင်းဖြစ်‌ကြောင်း ‌ကော်မတီဝင်တဦးဖြစ်သူ ဒဂုံတက္ကသိုလ် အသုံးချဘူမိ‌ဗေဒ တတိယနှစ်‌ကျောင်းသား ‌စောအယ်‌ဖောက ‌ကေအိုင်စီသို့‌ပြောသည်။

ပြိုင်ပွဲသို့ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အ‌နောက်ပိုင်းတက္ကသိုလ်၊ ‌မှော်ဘီနည်းပညာတက္ကသိုလ်၊ ရန်ကုန်ပညာ‌ရေးတက္ကသိုလ်၊ နယ်စပ် ‌ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး‌ကောလိပ်နှင့် ‌ကျောင်း‌ပေါင်းစုံ စု‌ပေါင်းထားသည့် UKS All Star စသည့် ကရင်‌ကျောင်း သား‌ဘောလုံးအသင်း ၆သင်း ဝင်‌ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲ ပွဲစဉ်တစ်‌လျှောက် အ‌ကောင်းဆုံး‌ဘောလုံးသမားဆုကို ဒဂုံတက္ကသိုလ်၊ အားကစားဘာသာရပ် ‌နောက်ဆုံးနှစ်‌ကျောင်း သား ‌စောမင်းခန့်သူရနှင့် ဂိုးအများဆုံးဆုကို All Star အသင်းမှ ‌စော‌အောင်ဖြိုးတို့က အသီးသီး ရရှိသွားသည်။

ပြိုင်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်တဦးဖြစ်သူ မန်း‌သောလျှံက “‌ဘောလုံးပွဲဖြစ်‌မြောက်‌ရေးအတွက် ဝိုင်းလုပ်‌ဆောင်‌ပေးသူ‌တွေ အလှူ‌ငွေထည့်ဝင်‌ပေးကြတဲ့ ‌ကျောင်းသား‌ဟောင်း‌တွေ အားလုံးကို‌ကျေးဇူးတင်တယ်။ ‌နောက်နှစ်‌တွေ ဆက်ကျင်းပနိုင်‌အောင် ကြိုးပမ်းသွားမယ်။”ဟု ‌ပြောသည်။

ရန်ကုန်တက္ကသိုလ် ‌ကျောင်း‌ပေါင်းစုံ ‌ဘောလုံးပြိုင်ပွဲကို ဩဂုတ် ၄ရက်မှ ၂၄ရက်‌နေ့အထိ ကျင်းပခဲ့ပြီး ယခုပြိုင်ပွဲသည် ၆ကြိမ် ‌မြောက်ကျင်းပခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။