Home သတင်း ကို‌ထေးရွာ၏ (၆)ကြိမ်‌မြောက် လက်ချည်ပွဲ ပြုလုပ်ပြီးစီး

ကို‌ထေးရွာ၏ (၆)ကြိမ်‌မြောက် လက်ချည်ပွဲ ပြုလုပ်ပြီးစီး

1899

ဩဂုတ်လ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှူးခလိန်း‌ဖေါင်

ဖားအံမြို့နယ် ကို‌ထေးရွာ၏ (၆)ကြိမ်‌မြောက် ဝါ‌ခေါင်လ ချည်ဖြူဖွဲ့မဂင်္လာ(လက်ချည်ပွဲ)ကို ယ‌နေ့ (ဩဂုတ်လ ၁၄ရက် )တွင် ကို‌ထေးရွာဘုန်းကြီး‌ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကရင်ပြည်နယ် အထင်ကရ‌နေရာများဖြစ်သည့် ‌တောင်ဝိုင်း‌တောင်၊ ‌နောင်ပလိန်ဂူ၊ ဗုဒ္ဓဂါယာတို့အကြားတွင် တည်ရှိသည့် ကို‌ထေးရွာအ‌နေဖြင့် ယခုလက်ချည်ပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်း ပလာခဲ့ခြင်း လည်းဖြစ်သည်။

ပွဲဖြစ်‌မြောက်‌ရေး ‌ကော်မတီအဖွဲ့ဝင် ဦးကိက “ချည်ဖြူဖွဲ့မဂင်္လာ(လက်ချည်ပွဲ)ရဲ့ ရည်ရွယ်ချက်က‌တော့ ကရင့်ရိုးရာ ယဉ်‌ကျေးမှုအ‌မွေအနှစ်‌တွေကို မ‌ပျောက်မပျက်‌အောင်၊ ကရင့်မျိုးဆက်သစ်လူငယ်များလည်း ဆက်လက်ထိန်းသိမ်းတတ်‌အောင် ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် လက်ချည်ပွဲ အခမ်းအနားသို့ ဖားအံမြို့နယ်ရှိ ‌ကျေးရွာ(၆)ရွာမှ လူငယ်များ၊ ကို‌ထေးရွာမှ ရွာသူရွာသားများ စုစု‌ပေါင်း(၃၀၀) ဦး‌ကျော် ပါဝင်ဆင်နွှဲခဲ့ကြရာ သဘာပတိများ မိန့်ခွန်း‌ပြောကြားခြင်း၊ ကရင့် ရိုးလက်ချည်ပွဲ ဖြစ်‌ပေါ်လာပုံအ‌ကြောင်း လူငယ်များမှ ဖတ်ကြားခြင်း၊ အဘိုးအဘွားများမှ သား‌မြေးမြစ်များအား လက်ချည် ‌ပေးခြင်းနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များကို ကျင်းပခဲ့ကြသည်။

လက်ချည်ပွဲကို ကရင်ပြည်နယ်တွင်သာမက အခြားကရင်လူမျိုးများ‌နေထိုင်ရာ ‌ဒေသများတွင် မိသားစုလိုက် ‌သော်လည်း‌ကောင်း ၊ စု‌ပေါင်း၍‌သော်လည်း‌ကောင်း ယ‌နေ့တိုင်လက်ဆင့်ကမ်းထိန်းသိမ်းသည့် အ‌နေဖြင့် ကျင်းပမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။