Home သတင်း ကရင်အာဇာနည်‌နေ့ ပိတ်ပင်မှု တိုင်းရင်းသားများ၏ အခွင့်အ‌ရေး‌တောင်းဆိုမှုအ‌ပေါ် ရိုက်ခတ်နိုင်ဟု KNU Concerned Group ‌ပြော

ကရင်အာဇာနည်‌နေ့ ပိတ်ပင်မှု တိုင်းရင်းသားများ၏ အခွင့်အ‌ရေး‌တောင်းဆိုမှုအ‌ပေါ် ရိုက်ခတ်နိုင်ဟု KNU Concerned Group ‌ပြော

3414
KNU Concerned Group မှ ပဒို‌နော်စီဖိုးရာစိန် ( Photo_KIC)

ဩဂုတ်လ ၁ဝ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်မည့် (၆၉)နှစ်‌မြောက် ကရင်အာဇာနည်‌နေ့တွင် အာဇာနည်အသုံးအနှုန်းကို အသုံးမပြုရန် ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရ၏ ညွှန်ကြားမှုသည် ကရင်အပါအဝင် အခြားတိုင်းရင်းသားများ၏ အခွင့်အ‌ရေး‌တောင်းဆိုမှုအ‌ပေါ် ရိုက်ခတ်နိုင်သည်ဟု KNU Concerned Groupက ‌ပြောသည်။

ကရင်အာဇာနည်‌နေ့တွင် အာဇာနည်အသုံးအနှုန်းကို အသုံးမပြုရန် ပြီးခဲ့သည့် ဩဂုတ်လ ၈ရက် ‌နေ့စွဲဖြင့် ဧရာ ဝတီတိုင်း‌ဒေသကြီးအစိုးရမှ သက်ဆိုင်ရာ စာ‌ပေယဉ်‌ကျေးမှုအဖွဲ့များသို့ ညွှန်ကြားချက်နှင့်ပတ်သက်၍ KNU Concerned Group က ယ‌နေ့ (ဩဂုတ် ၁ဝရက်)တွင် သ‌ဘောထားထုတ် ပြန်ချက် တစ်‌စောင်ထုတ်ပြန်၍ ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းအဖွဲ့၏ ‌ပြောခွင့်ရ ‌ကေအဲန်ယူ ဒု-ဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်က “ကျမတို့ တိုင်းရင်းသား ‌တွေက ဖက်ဒရယ် ပြည်‌ထောင်စုကို တည်‌ထောင်ရင်း ကိုယ့်ကံကြမ္မာ ကိုယ်ပြဌာန်းခွင့်ရဖို့ ကြိုးပမ်း‌နေကြတဲ့အချိန်မှာ ဒီလို တားမြစ်ပိတ်ပင်မှုမျိုးက သူတို့ရဲ့သ‌ဘောထားကို ‌ဖော်ပြလိုက်ခြင်းမျိုးပဲဖြစ်သလို တိုင်းရင်းသား‌တွေရဲ့ အခွင့်အ‌ရေး‌တောင်းဆိုမှုအ‌ပေါ်မှာလည်း ရိုက်ခတ်မှု‌တွေရှိလာနို်င်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အာဇာနည်‌နေ့သည် ကရင်တစ်မျိုးသားလုံးအဖိနှိပ်ခံဘဝမှ လွတ်‌မြောက်ပြီး တန်တူညီမျှမှုရရှိ‌စေရန် အ တွက် နည်းလမ်း‌ပေါင်းစုံဖြင့် တိုက်ပွဲဝင်ရင်း အသက်‌ပေးဆပ်သွားကြသည့် ‌စောဘဦးကြီးအပါအဝင် ပြည်သူ၊ ရဲ‌ဘော်အားလုံးကို ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ကရင်တစ်မျိုးသားလုံးအတွက် သမိုင်းဝင်‌နေ့တစ်‌နေ့ဖြစ်သလို အ‌ရေးပါသည့် ‌နေ့တစ်‌နေ့လည်းဖြစ်သည်ဟု ပဒို‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ရက်‌နေ့တွင် ဧရာဝတီ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ တိုင်းကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီသို့ ‌ပေးပို့‌သော ညွှန်ကြားစာ၌ အချို့‌သော မြို့နယ်များတွင် ကရင်အာဇာနည်‌နေ့ကျင်းပရန် စီစဉ်ထား သည့် ကိစ္စနှင့်ပတ်သက်ပြီး ကရင်အာဇာနည်‌နေ့ အသုံးအနှုန်းကို အသုံးမပြုရန်နှင့် သက်ဆိုင်ရာ မြို့နယ်အ‌ထွေ ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာန၏ သတ်မှတ်ထား‌သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ‌ဆောင်ရွက်ရန် အသိ‌ပေး အ‌ကြောင်းကြားထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ အသိ‌ပေး ညွှန်ကြားချက်အ‌ပေါ် ဝန်ကြီးချုပ်ကိုယ်စား ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ် သူမှ လက်မှတ်‌ရေးထိုးညွှန်ကြားခြင်းဖြစ်ပြီး ၎င်းပိတ်ပင်မှုနှင့် ပတ်သက်၍လည်း နိုင်ငံအဝန်းရှိ ကရင်လူမှုအဖွဲ့ အစည်းများ၊ ကရင်လူငယ်များအကြား လူမှုကွန်ယက်‌ပေါ်တွင် ‌ဝေဖန်ရှုတ်ချမှုမြှင့်တက်ပြီး မှတ်ချက်‌ပေးမှု အမျိုး မျိုးရှိခဲ့သည်။

ကရင်အာဇာနည်‌နေ့ အသုံးအနှုန်းကို အသုံးမပြုရန် တားမြစ်ခြင်းသည် ရှုပ်‌ထွေးမှုများမဖြစ်‌ပေါ်‌စေရန်သာဖြစ်ပြီး ယမန်နှစ်ကလည်း အလားတူ အသုံးအနှုန်းများ‌ကြောင့် ရှုပ်‌ထွေးမှုများ ဖြစ်‌ပေါ်ခဲ့သည်ဟု ကရင်‌ရေးရာဝန်ကြီး ဂါ့ မိုးမြတ်မြတ်သူက ပြန်လည်‌ဖြေရှင်း‌ပြောဆိုမှုများရှိသည်။

ပြီးခဲ့သည့်နှစ်တွင် အလားတူ ကရင်အာဇာနည်‌နေ့နှင့်ပတ်သက်ပြီး အစိုးရမှ ပိတ်ပင်တားမြစ်မှုများ ရှိခဲ့‌သော် လည်း ဧရာဝတီတိုင်း၊ ဟသင်္ာတတွင် ကရင်အာဇာနည်‌နေ့ကို ကျင်းပခဲ့ခြင်း‌ကြောင့် ဦး‌ဆောင် စီစဉ်ခဲ့သူများကို အစိုးရက တရားစွဲဆိုမှုများရှိခဲ့သည်။

ထို့အတူ ယခုနှစ် ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ကရင်အာဇာနည်‌နေ့ကိုလည်း ရန်ကုန်တိုင်း အစိုးရ က ခွင့်မပြုသည့်အတွက် လာမည့် ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အာဇာနည်‌နေ့ကို ရန်ကုန် မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံ၊ မြို့‌တော်ခန်းမ‌ရှေ့ စု‌ဝေး၍ ကရင်အာဇာနည်‌နေ့ ဂုဏ်ပြုခြင်းအခမ်းအနားကို ပြုလုပ် ရန် စီစဉ်ထားသည်။

KNU Concerned Group က ယခုကဲ့သို့ အစိုးရ၏ ကရင်အာဇာနည်‌နေ့ကျင်းပခြင်းနှင့်ပတ်သက်ပြီး ကန့်သတ် ပိတ်ပင်မှုများပြုလုပ်ခြင်း‌ကြောင့် လက်ရှိအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေဆဲ ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် အ ပစ်အခတ်ရပ်စဲ‌ရေး လုပ်ငန်းစဉ်များအ‌ပေါ် ထိခိုက်‌စေနိုင်‌ကြောင်း ‌ထောက်ပြ‌ပြောဆိုပြီး ပြည်တွင်း ပြည်ပရှိ က ရင်အမျိုးသားများအ‌နေဖြင့် ကရင်အာဇာနည်‌နေ့ကို စစ်မှန်‌သောမျိုးချစ်စိတ်ဓါတ်ဖြင့် မိမိ‌နေရာ‌ဒေသ အသီးသီး တွင် အတတ်နို်င်ဆုံး ကြိုးပမ်းအားထုတ် ကျင်းပပြုလုပ်သွားရန် တိုက်တွန်းထားသည်။

KNU Concerned Group သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ ဇွန်လပိုင်းတွင် ယခင် ‌ကေအဲန်ယူ ဒု-ဥက္ကဌ ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်မှ ဦး‌ဆောင်ဖွဲ့စည်း၍ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များကို ‌စောင့် ကြည့်‌ဖော်ပြသ‌ဘောထားထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ကျဆုံးသည့် ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့ကို အစွဲပြု၍ က ရင်အာဇာနည်‌နေ့အဖြစ် သတ်မှတ်၍ အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများက နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ကျ‌ရောက်မည့် (၆၉) နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ကို သက်ဆိုင်ရာ ‌ကေအဲန်ယူ ထိန်း ချုပ်နယ်‌မြေအသီးသီးတွင်သာမက ပြည်တွင်းပြည်ပရှိ ‌နေရာ‌ဒေသအသီးသီးတွင်လည်း ကျင်းပရန် စီစဉ်ထား လျက်ရှိသည်။