Home သတင်း ဖားအံမြို့နယ် အောက်ကော့ရင်းတွင် ကျောင်းသူကျောင်းသား ၅ ဦး ရေနစ်သေဆုံး

ဖားအံမြို့နယ် အောက်ကော့ရင်းတွင် ကျောင်းသူကျောင်းသား ၅ ဦး ရေနစ်သေဆုံး

389

သြဂုတ်လ ၁၆ရက်၊ ၂၀၁၉ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် အောက်ကော့ရင်းကျေးရွာတွင် သြဂုတ်လ ၁၄ရက် မနက်က လှေတိမ်းမှောက် မှုကြောင့် ကျောင်းနေအရွယ် ကလေးငယ် ၅ဦး ရေနစ်သေဆုံးဖြစ်စဉ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ အောက်ကော့ရင်းကျေးရွာသာယာကုန်းမှ ရွှေဥဒေါင်းကြား ရှိ လှေလှော်ဖြတ်သန်းစဉ် နံနက် ၉နာရီကျော်အချိန်ခန့်တွင် လှေတိမ်းမှောက်မှုကြောင့် လှေပေါ်ပါသွားသူ ၅ ဦးစလုံး အသက်ဆုံးရှုံးခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

အောက်ကော့ရင်း ကျေးရွာအုပ်ချုပ်ရေးမှူး စောသန်းဝင်းစိန်က“ကျနော်တို့ဘက်မှာ မိုးတွင်းအချိန် တစ်ရွာနဲ့တစ်ရွာ လှေနဲ့သွားရတယ်။ ဒီလိုမိုးတွင်းဘက် လှေမှောက်ပြီး သေတာအရင်က အခြားရွာမှာရှိခဲ့တယ်။ ဒီနှစ်ဒီလိုဖြစ်လာတော့ ကလေးတွေလှေနဲ့ကျောင်းသွားတဲ့အခါ သက်ကယ်အင်္ကျီတွေ လုပ်ထားဖို့ ပြန်တိုင်ပင်ဆွေးနွေးထားတာရှိတယ်။” ဟုကေအိုင်စီသို့ပြောသည်။

အဆိုပါသေဆုံးသူများထဲတွင် အသက် ၂နှစ်မှ အသက် ၁၇နှစ်အရွယ်များ ဖြစ်ကြပြီး ကျောင်းသူ ၂ဦး၊ ကျောင်းသား ၃ဦးပါဝင်သည်ဟု ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။