Home သတင်း နိုင်ငံ‌ရေး လှုပ်ရှားမှု‌ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် တရားရင်ဆိုင်ရသူ ဦး‌ရေ ပိုတိုးလာ

နိုင်ငံ‌ရေး လှုပ်ရှားမှု‌ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် တရားရင်ဆိုင်ရသူ ဦး‌ရေ ပိုတိုးလာ

2292

ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

မြန်မာနိုင်ငံ၌ ယခုနှစ် ဇွန်လအတွင်း နိုင်ငံ‌ရေး လှုပ်ရှားမှု‌ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ဥပ‌ဒေ ပုဒ်မ အမျိုး မျိုးတို့ဖြင့် တရားရင်ဆိုင်‌နေရသူဦး‌ရေ ပိုတိုးများလာ‌ကြောင်းကို နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီ‌စောင့် ‌ရှောက် ‌ရေးအသင်း(AAPP)၏ ယ‌နေ့(ဇူလိုင်လ ၁၂ ရက်‌နေ့) ထုတ်ပြန်သည့် လစဉ်အစီရင်ခံစာ နှင့် နိုင်ငံ‌ရေး အကျဉ်းသား စာရင်းထုတ်ပြန်ချက်အရ သိရသည်။

ယခင်‌မေလ အစီရင်ခံစာအရ နိုင်ငံ‌ရေး လှုပ်ရှားမှုများ‌ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူနှင့် ‌ထောင်ပြင်ပတရား ရင်ဆိုင်‌နေရသူ စုစု‌ပေါင်း ၃၃၈ ဦးရှိခဲ့ရာမှ ဇွန်လတွင် စုစု‌ပေါင်း ၄၆၆ ဦးရှိလာခဲ့ပြီး ၇၈ ဦးတိုးလာ‌ကြောင်း AAPP ၏ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

AAPP တွဲဘက်အတွင်း‌ရေးမှူး ဦးဘိုကြည်က “အထူးသဖြင့်‌တော့ အခု ရခိုင်ပြည်နယ်ဘက်မှာ ရွာသား‌တွေကို AA (ရက္ခိုင့်တပ်မ‌တော်)နဲ့ပတ်သက်တယ်ဆိုပြီး‌တော့ ဖမ်းဆီးမှု‌တွေက ပိုများတယ်။ နိုင်ငံ‌ရေး အကျဉ်းသားတိုး လာရတဲ့ အ‌ကြောင်းအရင်း‌တွေထဲမှာ ပြည်တွင်းစစ်‌ပေါ့။ အခုဆို ရခိုင်နဲ့စစ်ဖြစ် ‌နေတာ‌တွေရှိတယ်။ တခြားတိုင်း ရင်းသား‌တွေမှာလည်း ဖြစ်‌နေတာ‌တွေရှိတယ်။ ဒီပြည်တွင်းစစ်ကလည်း နှိပ်စက်ညှင်းပန်းမှု‌တွေ မတရားသဖြင့် ဖမ်းဆီးမှု‌တွေကို တိုးပွား‌စေတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် လယ်ယာ‌မြေ ပြဿနာများသည်လည်း နိုင်ငံ‌ရေးအကျဉ်းသား တိုးများလာသည့် အဓိက ပြဿနာ တွင်ပါဝင်‌နေပြီး လွတ်လပ်စွာ‌ပြောဆိုခွင့် စည်းရုံးခွင့်နှင့် လွတ်လပ်စွာ‌ရေးသားခွင့်များ‌ကြောင့်လည်း ဖမ်းဆီး ထိန်းသိမ်းခံရသည့် အ‌ခြေအ‌နေများရှိကာ ယင်းလုပ်‌ဆောင်မှုများကို ရပ်တန့်သင့်ပြီးဖြစ်‌ကြောင်းနှင့် ၎င်း လုပ်‌ဆောင်မှုများ‌ကြောင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို ‌မျှော်လင့်၍မရနိုင်‌ကြောင်းလည်း ဦးဘိုကြည်က ဆက်‌ပြောသည်။

ယခင်နှစ်များထဲမှစ၍ ယခုနှစ် ဇွန်လအထိ တိုးလာသည့် ၄၆၆ ဦးထဲတွင် နိုင်ငံ‌ရေး အကျဉ်းသားစုစု‌ပေါင်း (၃၄)ဦး အကျဉ်းကျခံ‌နေရပြီး တတ်ကြွလှုပ်ရှားသူ ၁၆၁ဦး ‌ထောင်တွင်းမှ‌နေ၍ တရားရင်ဆိုင်‌နေရ ဆဲဖြစ် ကာ ၂၇၁ ဦးသည် ‌ထောင်ပြင်ပမှ‌နေ၍ တရားရင်ဆိုင်ကြရသူများဖြစ်သည်ဟု AAPP ၏ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

ယခုနှစ် ဇွန်လအတွင်း ငြိမ်းချမ်းစွာ စု‌ဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်(ငြိမ်း၊ စု၊ စီ)ဥပ‌ဒေ ပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၇၊ ၅၀၀၊ ၅၀၅(က)၊(ခ)၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ် ဆိုင်ရာလုံခြုံမှုကို ကာကွယ်‌ပေး‌ရေး ဥပ‌ဒေ ၁၀၊ ၁၀/၁၂၊ အကြမ်းဖက်မှု တိုက်ဖျက်‌ရေး ဥပ‌ဒေ ပုဒ်မ ၅၀(ဈ)၊ ပုဒ်မ ၅၂(က)၊ ‌ဖောက်ခွဲမှုဥပ‌ဒေတို့ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခံရသူ (၇၆)ဦးရှိ‌ကြောင်း AAPP၏ အစီရင်ခံစာ က ဆိုသည်။

ထို့အပြင် ဇွန်လတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၈၆ ဦးရှိသည့်အနက် ၇၄ ဦးသည် ရခိုင်ပြည်နယ်၊ ‌မြောက်ဦး မြို့နယ်၊ ဘူးသီး‌တောင်မြို့နယ်နှင့် စစ်‌တွေမြို့နယ်တို့မှ အရပ်သားများဖြစ်ကြပြီး ၁၁ ဦးသည် တက်ကြွလှုပ်ရှား သူများ ဖြစ်ကြကာ တစ်ဦးသည် မန္တ‌လေးတိုင်း‌ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ‌အောင်သ ‌ပြေ‌ကျေးရွာမှ အရပ်သား တစ်ဦး ဖြစ်သည်။

အလားတူ ဇွန်လတွင်း ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ရှစ်ဦးရှိခဲ့ရာ ထိုရှစ်ဦးအနက် တက်ကြွလှုပ်ရှားသူ ခုနှစ်ဦး သည် ငြိမ်း၊ စု၊ စီ ဥပ‌ဒေ ပုဒ်မ ၁၈၊ ၁၉၊ ၂ဝ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ကျန်တက်ကြွလှုပ်ရှားသူ တစ်ဦး သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

ဇွန်လတွင်း အရပ်သားနှင့် တက်ကြွလှုပ်ရှားသူ စုစု‌ပေါင်း ခုနှစ်ဦး ပြန်လည် လွတ်‌မြောက်လာခဲ့ပြီး ယခု အကျဉ်းကျခံရဆဲ နိုင်ငံ‌ရေး အကျဉ်းသားသုံးဦးဖြစ်သည့် က‌လေးစစ်သား‌ဟောင်း ကို‌အောင်ကို‌ထွေး၊ ‌ရှေ့‌နေ ဦး‌ဇော်ဝင်းနှင့် ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးတို့သည် ကျန်းမာ‌ရေး ‌ကောင်းမွန်မှုမရှိ‌ကြောင်း သိရှိရသည်ဟု လည်း AAPP အစီရင်ခံစာက ဆိုသည်။

အစီရင်ခံစာပါ သုံးသပ်ချက်များအရ ယခုနှစ်အတွင်းဖြစ်ပွား‌နေဆဲ ရခိုင်ပြည်နယ်အတွင်းအရှိ အစိုးရ တပ်မ ‌တော်နှင့် ရက္ခိုင့်တပ်မ‌တော်(AA)တို့အကြား တိုက်ခိုက်မှုများ‌ကြောင့် ‌ဒေသခံရွာသားများကို နှစ်ဖက် လက်နက် ကိုင်တပ်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်‌ဆေး‌မေးမြန်းမှုနှင့် ညှင်းပန်းနှိပ်စက်မှုများပြုခြင်းအပြင် ခြိမ်း‌ခြောက် သတိ‌ပေးစာ‌ပေးပို့ခြင်းများကို အဓိက‌ထောက်ပြကာ လူ့အခွင့်အ‌ရေးအ‌ပေါ် ‌လေးစားလိုက်နာ၍ ဌာ‌နေ တိုင်းရင်းသားများအ‌ပေါ် အကာကွယ်ပြုရန် တိုက်တွန်းထားသည်။

၎င်းအပြင် လွတ်လပ်စွာထုတ်‌ဖော်‌ပြောဆိုခွင့်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်‌အောင်ဆန်း ‌ကြေးရုပ်တုနှင့်ဆက်စပ်၍ ကရင်နီ(ကယား) ပြည်နယ်မှ ကရင်နီလူငယ်(၆)ဦး အ‌ပေါ် အမှုဖွင့် ဖမ်းဝရမ်းထုတ် ဖမ်းဆီးခြင်းဖြစ်စဉ်များ၊ ကချင်‌ဒေသတစ်‌ကျော့ ပြန်စစ်ပွဲဖြစ်ပွားမှု ရှစ်နှစ်ပြည့် အထိမ်းအမှတ် ပြဇာတ်တင်ဆက်ပြသခြင်း‌ကြောင့် ဦး ‌ဆောင်သူများအ‌ပေါ် (ငြိမ်း၊ စု၊ စီ)အရ တရားစွဲဆိုခြင်းများ၊၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး ‌ဟော ‌ပြောပွဲတွင် တပ်မ‌တော်ကို ထိခိုက်‌စေသည့် ‌ဟော‌ပြောမှုဖြစ်စဉ်များ၊ ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရ၊ ပြည်ထဲ‌ရေး ဝန်ကြီးဌာနနှင့် တရားစီရင်‌ရေးတို့ကို ‌ဝေဖန်ခဲ့ခြင်းဖြစ်စဉ်များ‌ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ‌ထောင်ဒဏ် ကျခံရမှုများကိုလည်း အစီရင်ခံစာ၌ ‌ဖော်ပြထားသည်။

ထို့အတူ လယ်ယာ‌မြေ သိမ်းဆည်းမှုများ၊ လယ်ယာ‌မြေ အငြင်းပွားမှုများ‌ကြောင့် လယ်သမားများ၊ လယ်ယာ‌မြေ အ‌ရေး လှုပ်ရှားသူများနှင့် အရပ်သားများသည် ဖိနှိပ်ထားမှု၊ ကန့်သတ်ထားမှုများကို ပို၍ ရင်ဆိုင်‌နေကြရပြီး ဇွန် လတွင်း လယ်ယာ‌မြေအ‌ရေးနှင့်ပတ်သက်၍ တပ်မ‌တော်မှ လယ်သမား စုစု‌ပေါင်း ၅ဝ ဦး၊ သတင်း‌ထောက် သုံးဦးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦးတို့ကို အမှုဖွင့်၊ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်စဉ်များကိုလည်း အစီရင်ခံစာ၌ အ‌သေးစိတ်‌ဖော်ပြထားသည်။

AAPPအဖွဲ့သည် နိုင်ငံ‌ရေးအကျဉ်းသားအားလုံးလွတ်‌မြောက်လာ‌စေ‌ရေးနှင့် ၎င်းတို့‌ထောင်တွင်း‌နေထိုင်စဉ် လူမှုဘဝ တိုးတက်‌ရေးများအတွက် ‌ထောက်ခံအား‌ပေးမှုများနှင့် တိုက်တွန်းလှုံ့‌ဆော်မှုများပြုလုပ်‌ပေးနိုင်ရန် ၂၀၀ဝ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် အ‌ခြေပြုဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်သည်။