Home သတင်း မြဝတီ-မဲ‌ဆောက် နယ်စပ်ဆက်ဆံ‌ရေးရုံးအစည်းအ‌ဝေးအတွင်း မူးယစ်‌ဆေးဝါးကိစ္စ အဓိက ‌ဆွေး‌နွေးခဲ့

မြဝတီ-မဲ‌ဆောက် နယ်စပ်ဆက်ဆံ‌ရေးရုံးအစည်းအ‌ဝေးအတွင်း မူးယစ်‌ဆေးဝါးကိစ္စ အဓိက ‌ဆွေး‌နွေးခဲ့

2383

ဇူလိုင်လ ၂၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဖြစ်‌သော မြဝတီ-မဲ‌ဆောက် နယ်စပ်ဆက်ဆံ‌ရေးရုံး (Border Liaison office –BLO) အစည်းအ‌ဝေးတွင် ဇူလိုင်လ ၂၃ ရက်(ယမန်‌နေ့) နံနက်က ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ အ‌ဝေး‌ပြေး လမ်း မကြီးအနီးရှိ CENTARA Hotel အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ရာ နှစ်နိုင်ငံနယ်ခြားတွင် ကြုံ‌တွေ့ရသည့် မူးယစ်‌ဆေးဝါးကိစ္စများကို အဓိက ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အစည်းအ‌ဝေးတွင် တာ့ခ်ခရိုင် မဲ‌ဆောက်နှင့် နယ်စပ်တစ်‌လျှောက် ဘိန်းစိုက်ပျိုးမှု သိသိသာသာ ‌လျော့ကျလာ‌သော်လည်း ရာဘ (WY စိတ်ကြွ‌ဆေး)နှင့် ICE မူးယစ်‌ဆေး များကို မြန်မာနိုင်ငံဘက်မှ တင်သွားလာမှုမှာ ယခင်ထက် မြှင့်တက်လာ‌ကြောင်း ထိုင်းနိုင်ငံ မဲ‌ဆောက် မူးယစ်‌ဆေးဝါး နှိမ်နင်း‌ရေး ‌ကော်မတီဘက်က တင်ပြ‌ဆွေး‌နွေးခဲ့သည်။

“တာ့ခ်ခရိုင်နယ်စပ် ထာ့‌ဆောင်ယန်း၊ ဖုတ်ဖရာ့ခ်၊ အုန်းဖန်မြို့နယ်များတွင် ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းလာသလို ဘိန်းစိမ်းသယ်‌ဆောင်လာတဲ့ မြန်မာ နိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းဆီးအ‌ရေး ယူခဲ့ ‌ကြောင်း၊ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ သယ်‌ဆောင်လာ‌သော မူးယစ်‌ဆေးဝါးများမှာ မြန်မာ- ထိုင်းနယ်စပ်မှတ ဆင့် တင်သွင်းလာခြင်းဖြစ် ‌ကြောင်းလည်း ဖမ်းဆီးခံရသူများ၏ ‌ပြောပြချက်အရ သိရတယ်”ဟု မဲ‌ဆောက် မူးယစ်‌ဆေးဝါး နှိမ်နင်း‌ရေး‌ကော်မတီဘက်က တင်ပြ‌ဆွေး‌နွေးခဲ့သည်။

မြန်မာ နိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ တင်သွင်းလာ‌သော မူးယစ်‌ဆေးဝါး ရာဘများမှာ တစ်ကြ်ိမ်လျှင် ၁ဝ Kg (ကီလိုဂရမ်) မှ ၂ဝ Kg ထိရှိ‌ကြောင်း၊ Ice တင်သွင်းမှုမှာ တစ်ကြိမ်လျှင် ၁၀ဝ Kg ထိ ရှိ‌ကြောင်း၊ နယ် စပ်မှ တင်သွင်းကို ၄ ကြိမ်‌မြောက် ဖမ်းဆီးရမိခဲ့ပြီး ၂.၅ တန် ထိရှိခဲ့‌ကြောင်း မဲ‌ဆောက် မူးယစ်‌ဆေးဝါး နှိမ်နင်း‌ရေး‌ကော်မတီက ‌ပြောသည်။

ထိုင်းနိုင်ငံဘက်သို့ မူးယစ်‌ဆေးဝါးများတင်သွင်းမှုမှာ မြဝတီ-မဲ‌ဆောက်၊ ဘုရားသုံးဆူ- ဆမ်ခဘူရီ၊ ထားဝယ်-နဘု‌လေ၊ မြိတ်နယ်စပ်များမှ ဝင်‌ရောက်လာ ‌ကြောင်း နှင့် ဖမ်းဆီးအ‌ရေးယူနိုင်မှု အားနည်း‌နေ‌ကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူဘက်က ‌ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ပြန်လည်‌ဆွေး‌နွေးရာ၌ မြဝတီနယ်စပ်တွင် ဘိန်းစိုက်ပျိုးမှု လုံးဝမရှိ‌ကြောင်းနှင့် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်၊ သုံးစွဲမှု ပ‌ပျောက်‌ရေး၊ နယ်စပ်ဖြတ်‌ကျော်မှုခင်းများ ‌လျော့ကျ‌ရေး တို့ကိုလည်း ပူး‌ပေါင်း‌ဆောင်ရွက်မှု အား‌ကောင်းလာခဲ့‌ကြောင်း ‌ပြောကြားခဲ့သည်။

ထို့အပြင် မှုခင်းဖြစ်ပွားပြီး ထိုင်းနိုင်ငံ မဲ‌ဆောက်ဘက်ခြမ်းတွင် တိမ်း‌ရှောင်‌နေ‌သော တရားခံများကို ထိုင်း ဘက်ခြမ်းသို့ ‌ပေးပို့ထားပြီးဖြစ်သည့်အတွက် ကူညီဖမ်းဆီးမှုများ ‌ဆောင်ရွက်‌ပေးရန် မြန်မာဘက်ခြမ်းက ‌တောင်းဆို‌ဆွေး‌နွေးခဲ့သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြစ်‌သော မဲ‌ဆောက်-မြဝတီ မူးယစ်‌ဆေးဝါးပြဿနာများ ‌ဖြေရှင်းနိုင်‌ရေးအ တွက် ပြုလုပ်သည့် ၎င်း‌ဆွေး‌နွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ မြဝတီမြို့နယ် မူးယစ်‌ဆေးဝါး ပြဿနာ ‌ဖြေရှင်း ‌ရေးဆိုင်ရာ‌ကော်မတီနှင့် နယ်စပ်ဆက်ဆံ‌ရေး (BLO)ဥက္ကဌ မြဝတီခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး မျိုး သန့် နှင့် တာဝန်ရှိသူ (၂၄)ဦး တက်‌ရောက်ခဲ့သလို ထိုင်းနိုင်ငံဘက်မှ မဲ‌ဆောက်မြို့နယ်မူးယစ်‌ဆေးဝါး ပြဿနာ ‌ဖြေရှင်း‌ရေးဆိုင်ရာ ‌ကော်မတီနှင့် နယ်စပ်ဆက်ဆံ‌ရေး(BLO)ဥက္ကဌ မဲ‌ဆောက်မြို့နယ်အုပ်ချုပ်‌ရေးမှူး နိုင်ချိုင်ယဖလစ်‌ချေယင်ရတ်နှင့် တာဝန်ရှိသူ (၄၇) ဦးခန့် တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။