Home သတင်း ပြည်နယ်ရှိ အစိုးရ‌ကျောင်းများတွင် ယခုနှစ် ကရင်စာသင်ကြားသူ အများဆုံးနှစ်ဖြစ်

ပြည်နယ်ရှိ အစိုးရ‌ကျောင်းများတွင် ယခုနှစ် ကရင်စာသင်ကြားသူ အများဆုံးနှစ်ဖြစ်

2777

ဇူလို်င် ၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ယခုနှစ် ၂၀၁၉ -၂၀၂ဝ ပညာသင်နှစ်တွင် ကရင်ပြည်နယ်ရှိ အစိုးရ၏ အ‌ခြေခံပညာ စာသင် ‌ကျောင်းများ၌ ကရင်စာသင်ကြားသည့် ‌ကျောင်းသားဦး‌ရေမှာ ရှစ်‌သောင်းခန့်ရှိပြီး ယခုနှစ်တွင် ‌ကျောင်းသားဦး‌ရေ အများဆုံးနှစ်ဖြစ်သည်ဟု ပြည်နယ်ပညာ‌ရေးမှူးရုံး၏ စာရင်းအရ သိရသည်။

ပြည်နယ် ပညာ‌ရေးမှူးရုံး၏ စာရင်းအရ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကရင်စာ သင်ကြား သည့် ‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေ ၆၃,၂၃၅ ဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၇၂,၈၅၅ ဦးနှင့် ယမန်နှစ် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်တွင် ၇၂,၁၅၉ ဦးရှိရာမှ ယခုနှစ်တွင် ၇၇,၆၁၃ ဦးရှိအထိ တိုး များလာခြင်း‌ကြောင့် ၄ နှစ်အတွင်း ‌ကျောင်းသားဦး‌ရေအများဆုံးနှစ်ဖြစ်‌ကြောင်း ‌တွေ့ရှိရသည်။

၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ ၂၀၁၉-၂၀၂ဝ အထိ ပြည်နယ်အတွင်း သင်ကြားခဲ့‌သော ကရင် စာ‌ပေများ မှာ ပိုး၊ စ‌ကော၊ တ‌လေညာ၊ ဂယ်ဘား၊ ‌လေကွယ်‌ကော်၊ ဘွဲစသည်တို့ဖြစ်ပြီး အခြားတိုင်းရင်းသား လူမျိုးများဖြစ်သည့် မွန်၊ ပအိုဝ်း၊ ရှမ်း၊ ကရင်နီ(ကယန်း၊ က‌ယော)တို့လည်း ၎င်းတို့၏ သက်ဆိုင်ရာ စာ‌ပေများကို သင်ကြား‌နေကြခြင်း ဖြစ်သည်။

ယခုနှစ် ၂၀၁၉-၂ဝ ပညာသင်နှစ်၊ ပြည်နယ်ပညာ‌ရေးမှူး၏ ဇွန်လချုပ် စာရင်းများအရ ကရင်ပြည်နယ် အတွင်း တိုင်းရင်းသားစာ‌ပေသင်ကြားသည့် စာသင်‌ကျောင်း‌ပေါင်း ၁,၄၄၄ ‌ကျောင်း၊ ဆရာ/မဦး‌ရေ ၂,၅၃၄ ဦးနှင့် စာ‌ပေသင်ကြားသူ ‌ကျောင်းသား/သူ စုစု‌ပေါင်း ၉၃,၁၃၃ ဦးရှိသည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် ယမန်နှစ် ၂၀၁၈-၁၉ ပညာသင်နှစ်က တိုင်းရင်းသားစာ‌ပေသင်ကြားသည့် စာသင် ‌ကျောင်း‌ပေါင်း ၁,၃၁၉ ‌ကျောင်း၊ ဆရာ/မဦး‌ရေ ၂,၃၇၇ ဦးနှင့် စာ‌ပေသင်ကြားသူ ‌ကျောင်း သား/သူ စုစု‌ပေါင်း ၈၇,၃၇၇ ဦးရှိသည်ဟု ပြည်နယ်ပညာ‌ရေးမှူးစာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားစာ‌ပေသင်ကြားသည့် စာသင်‌ကျောင်း‌ပေါင်း ၁,၃၅၉ ‌ကျောင်း၊ ဆရာ၊ ဆရာမ ဦး‌ရေ ၂,၅၃၄ဦး၊ ‌နေ့စားလ‌ပေးဆရာ/မ ၅၄ဝဦး နှင့် စာ‌ပေသင်ကြားသူ ‌ကျောင်းသား/သူ စုစု‌ပေါင်း ၈၇,၅၅၂ ဦးရှိခဲ့သည်ဟု တိုင်းရင်းသား လူမျိုးများ အ‌ရေးဆိုင်ရာ ‌ကော်မတီ၏ စာရင်းအရ သိရသည်။