Home သတင်း ‌ကျေးလက်‌နေ လူငယ်များအတွက် Wisdom for Life မှ အသိပညာ‌ပေးသင်တန်း ပြုလုပ်‌ပေး

‌ကျေးလက်‌နေ လူငယ်များအတွက် Wisdom for Life မှ အသိပညာ‌ပေးသင်တန်း ပြုလုပ်‌ပေး

2527

ဇူလိုင်လ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ဖားအံမြို့သို့ အ‌ကြောင်းမျိုးမျိုး‌ကြောင့် ‌ရောက်ရှိလာသည့် ပြည်နယ်တွင်း‌ကျေးလက်‌နေ လူ ငယ်များအတွက် ရည်ရွယ်ပြီး Wisdom for Life အဖွဲ့မှ ယမန်‌နေ့(ဇူလိုင်လ ၂ဝရက်) ဖားအံမြို့ ၊ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတိုက်တွင် ၁ ရက်တာ အသိပညာ‌ပေးအမြင်ဖွင့်သင်တန်းတစ်ခုပြုလုပ်‌ပေးသည်။

အဆိုပါ သင်တန်းသည် ယ‌နေ့‌ခေတ်လူငယ်များ‌တွေ့ကြုံ‌နေရသည့်အခက်အခဲများနှင့် ၎င်းတို့၏ အခွင့်အ‌ရေး များကို သိရှိနားလည်လာ‌စေရန် Wisdom for Life မှ ̔ မိမိ‌ကျေးရွာ ရပ်ကွက် ဖွံ့ဖြိုးတိုးတက်‌ရေးသည် မိမိ တို့တာဝန်̕ ဆိုသည့် စီမံချက်အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မှုတစ်ခုလည်းဖြစ်သည်။

သင်တန်းလုပ်‌ဆောင်‌ပေးသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ Wisdom for life ၏ အဖွဲ့‌ခေါင်း‌ဆောင် ‌စော ယိုဟာက“ အဓိက‌တော့ လူငယ်‌တွေကို ‌ပေး‌တွေ့ဆုံတာ ပြီး‌တော့ လူငယ်‌တွေမှာ ဘာ‌တွေအခက်အခဲရှိလဲ၊ ဘာအခွင့်အ‌ရေး‌တွေရှိလဲ ဆိုတာသိ‌စေဖို့ ‌နောက်ပြီး သူတို့‌တွေ စဉ်းစား‌တွေး‌ခေါ်တတ်ဖို့ ‌ဆွေး‌နွေး ဖလှယ်မှု ‌တွေ လုပ်‌ဆောင် ‌ပေးတာဖြစ်တယ်” ဟု‌ကေအိုင်စီသို့‌ပြောသည်။

တစ်ရက်တာပြုလုပ်သည့် အဆိုပါသင်တန်းတွင် ပြည်နယ်အတွင်းရှိ ‌ကျေးလက်‌ဒေသများမှ ဖားအံမြို့သို့ လာ‌ရောက်ပြီး တက္ကသိုလ်နှင့်အသက်‌မွေးဝမ်း‌ကျောင်းသင်တန်း တက်‌ရောက်‌နေသည့် လူငယ်များ အလုပ်လာ‌ရောက်လုပ်ကိုင်သည့် လူငယ်များအပြင် ဖားအံမြို့တွင် ‌နေထိုင်သည့် လူငယ်လူရွယ်အ‌ယောက် ၁၅၀‌ကျော်မှ တက်‌ရောက်ခဲ့ကြသည်။

လူငယ်များ၏ အသိပညာဗဟုသုတများ တိုးပွား‌စေ‌ရေး အပြန်အလှန်‌ဆွေး‌နွေးခြင်း ၊ လူငယ်‌ရေးရာမူဝါဒ အ‌ကောင်ထည်‌ဖော်‌ဆောင်ရွက်နိုင်မှုအ‌ခြေအ‌နေများကို ရှင်းပြခြင်း၊ လူငယ်များကိုယ်တိုင် ဖန်တီးရိုက်ယူ ထားသည့် အသိပညာ‌ပေး ဗွီဒီယိုပြသခြင်း၊ လူငယ် အခက်အခဲနှင့် အခွင့်အလမ်းများအ‌ကြောင်းကို ထိုသင်တန်းတွင် ‌ဆွေး‌နွေးအသိပညာ‌ပေးခြင်းများပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

‌ကော့ကရိတ်မြို့နယ်မှ သင်တန်းတက်‌ရောက်လာသည့် နန်းသိမ့်သူက“ ၁ ရက်သင်တန်းပဲဆို‌တော့ အများကြီး သင်တာမဟုတ်ဘူး ။ ဒါ‌ပေမယ့် ‌ကျောင်းပိတ်တဲ့ရက်‌တွေမှာ အသိပညာရရှိဖို့ အကျိုးရှိသွားတယ်။ လူငယ် ‌တွေအချင်းချင်းလည်း ရင်းရင်းနှီးနှီးဖြစ်သွားသလို လူငယ်တစ်‌ယောက်ဖြစ်ရင် ယုံကြည်ချက်၊ ခံယူချက်‌တွေ ဘယ်လိုထားရမလဲ အဲဒါ‌လေးသိမြင်ခွင့်ရလိုက် တာ‌ပေါ့”ဟု ‌ပြောသည်။

Wisdom for life အဖွဲ့သည် ကရင်ပြည်နယ်အပြင် မွန်ပြည်နယ်၊ ကယားပြည်နယ် ပဲခူးတိုင်းစသည့်လူငယ်များ အတွက် အသိပညာ‌ပေးလုပ်ငန်းများလုပ်‌ဆောင်‌ပေးခြင်းအပြင် လူငယ်များ စာဖတ်အား တိုးတက်‌စေ‌ရေး နှင့် သု‌တေသနလုပ်ငန်းများကိုလည်း လုပ်‌ဆောင်‌ပေးလျက်ရှိသည့် လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။