Home သတင်း ‌ကျေးရွာထိန်းသိမ်းထားသည့် အင်‌တောအား လူတစ်ဦးက ပုံစံ ၇ စာအုပ် ထုတ်ယူခဲ့သည့်အ‌ပေါ် ကန့်ကွက်စာတင်

‌ကျေးရွာထိန်းသိမ်းထားသည့် အင်‌တောအား လူတစ်ဦးက ပုံစံ ၇ စာအုပ် ထုတ်ယူခဲ့သည့်အ‌ပေါ် ကန့်ကွက်စာတင်

2661

ဇူလိုင် ၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဓနုံး‌ကျေးရွာအုပ်စု ဘုရားငုတ်တိုရွာ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းမကြီး‌ဘေးရှိ အင်‌တော အား လူတစ်ဦးမှ လယ်ယာ‌မြေလုပ်ပိုင်ခွင့် ပုံစံ ၇ စာအုပ် ထုတ်ယူသွားခဲ့သည့်အ‌ပေါ် မြို့နယ်လယ်ယာ‌မြေ စာရင်းအင်းဦးစီးဌာန နှင့် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနသို့ ဇွန်လ ၂၅ ရက်‌နေ့က ‌ဒေသခံ ၃ဝဝ ‌ကျော်မှ လက်မှတ်ထိုးပြီး ကန့်ကွက်စာတင်လိုက်‌ကြောင်း သိရသည်။

‌ကျေးရွာ‌ပေါင်း ၃ဝ ‌ကျော်မှ ‌နေအိမ်အမိုးအတွက် အင်‌တောမှအင်ဖက်များကို လာ‌ရောက်‌ကောက်ယူအသုံးပြု‌နေရသည့်အပြင် အင်ဖက်များပြန်လည်‌ရောင်းချပြီး စားဝတ်‌နေ‌ရေးအတွက် မှီခိုအားထား‌နေရလျက်ရှိပြီး ကျွဲ၊ နွားများ၏စာကျက်‌မြေ ‌နေရာ လည်း ဖြစ်သည့် ၎င်းအင်‌တောကို ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၁) ရပ်ကွက်‌နေ ဦးခင်‌ဇော်ဆိုသူမှ ၂ဝ၁၃ ခုနှစ်တွင် လယ်ယာ‌မြေ လုပ် ပိုင်ခွင့် ပုံစံ ၇ စာအုပ် ထုတ်ယူထားမှုမှာ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအပါအဝင် ရွာသားများ သိရှိခြင်းမရှိဟု ကန့်ကွက်တိုင်ကြား စာတွင် ‌ဖော်ပြထားသည်။

ဘုရားငုတ်တိုရွာ ‌ဒေသခံ ဦးသန်းထွန်းက“ဦးစိုးသန်းအိမ်မှာ စကား‌ပြောကြတဲ့အခါ ဦးခင်‌ဇော်က ပုံစံ ၇ ထုတ်ထားတဲ့ စာအုပ်ကို ထုတ်ပြတယ်။ အင်‌တောကို ပုံစံ ၇ ထုတ်‌ပေးလိုက်တာ ကျ‌နော်တို့ မသိရဘူး။ အင်‌တောကို ရွာ ၃ ရွာက ထိန်းသိမ်းထားတာ ‌ပေါ့‌နော်။ သူပိုင်ဆိုင်သွားရင် ကျ‌နော်တို့ရွာသား‌တွေ စားဝတ်‌နေ‌ရေးအတွက်‌ရော အိမ်အမိုးအတွက်လည်း အများကြီး အခက်အ ခဲရှိတယ်။ ကျွဲ၊ နွားကအစ အိမ်သုံးထင်း ဝါး‌တွေလည်း အခက်ခဲရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အင်‌တောထဲတွင် အင်ပင်၊ ပျဉ်းကတိုး၊ အင်ကြင်း၊ ပိ‌တောက်၊ သစ်ယာပင်နှင့် အခြားသစ်မျိုးစိတ်များရှိပြီး မိုးတွင်း‌ရေကြီးချိန်နှင့် ‌နွေရာသီအခါတွင် ကျွဲ၊ နွားများ၏ ခိုလှုံရာနှင့် စားကျက်‌မြေ‌နေရာတစ်ခုလည်းဖြစ်သည်။ ‌ကျေးရွာရှိ စာသင်‌ကျောင်း၊ ဘာသာ‌ရေးအ‌ဆောက်အဦးနှင့် ‌ကျေးရွာဖွံ့ဖြိုး‌ရေး လိုအပ်ချက်များကို ထုတ်ပြန်ထားသည့် ‌ဒေသန္တရစည်းကမ်းအ‌ပေါ် သက်ဆိုင်ရာကို ခွင့်ပြုချက်ယူပြီးမှ အပင်များ ခုတ်ယူသုံးစွဲကြရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယခုကိစ္စအ‌ပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် လယ်ယာ‌မြေစာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းစိုးက “ဘယ်‌နေရာလဲ မသိဘူး။ လမ်းမ‌ဘေးမှာ အင်‌တော‌တွေက အများကြီး‌လေ။ ဘယ်ရွာလဲ ဘယ်နားမှာလဲ။ ကျ‌နော် အဲဒီအချိန်တုန်းက လှိုင်းဘွဲမှာ၊ ၂ဝ၁၅ မှာမှ ဒီကို‌ပြောင်းလာတာ။ ကျ‌နော့်မှာ စာလည်းတင်ထားတာမ‌တွေ့ဘူး‌လေ။ ကျ‌နော်မသိဘူး‌ပေါ့‌နော်” ဟု ဇွန်လ ၂၇ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ဖြေကြားသည်။

၎င်းအင်‌တောကို ဘုရားငုတ်တို၊ တရုတ်‌မှော်၊ ခရိုင်‌တော်ရွာမှ ထိန်းသိမ်းထားပြီး လူတစ်ဦးမှ ပုံစံ ၇ စာအုပ်ထုတ်ယူခဲ့သည့်အ‌ပေါ် ဇွန်လတုန်းက ဘုရားငုတ်တို‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးအိမ်တွင် ရွာသားများအား အစည်းအ‌ဝေး‌ခေါ်ယူပြီး ပုံစံ ၇ ထုတ်‌ပေးခဲ့သည့် ကိစ္စအား အများသ‌ဘောတူ လက်မှတ်ထိုးကန့်ကွက်ခဲ့ကြသည်ဟု ရွာသားများထံမှ သိရသည်။

KNU နို့တ‌ကောမြို့နယ် သစ်‌တောမှူး ပဒို‌စောပလဲ‌ဘောက “ဒီအင်‌တောက KNU ရဲ့ သစ်‌တောစာရင်းထဲမှာပါတယ်။ အများပိုင် ဖြစ်တယ်။ ဦးခင်‌ဇော်က ထုတ်ထားတဲ့ ပုံစံ ၇ စာအုပ်က ပြန်‌တော့အပ်ထားတယ်။ ကျ‌နော်တို့ သစ်‌တောဌာနကို အပ်တာ မဟုတ်ဘူး။ ကျ‌နော်တို့အထက်က လူကြီးတစ်ဦးဦးနဲ့ အပ်ထားတယ်။ သစ်‌တောဌာနနဲ့ဆိုင်တာ‌ပေါ့။ သစ်‌တော‌မြေပါ။ ကျ‌နော် တို့ရဲ့ သစ်‌တောဥပ‌ဒေနဲ့ သွားရမှာ‌ပေါ့။” ဟု ဇွန်လ ၂၈ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအင်‌တောသည် KNU -ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် နို့တ‌ကော့မြို့နယ်တွင် တည်ရှိပြီး ကြာအင်း ဆိပ်ကြီးမြို့ ဗိုလ်ချုပ်လမ်း‌နေ ဦးခင်‌ဇော်အား အင်‌တောကို ထိန်းသိမ်း‌စောင့်‌ရှောက်ရန် စည်းမျဉ်းစည်းကမ်းနှင့်အညီ ခွင့်ပြု ‌ထောက်ခံပါသည်ဟု KNU တပ်မဟာ ၆ တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောဆာမိ‌စေးဖိုး လက်မှတ်ပါစာဖြင့် ဇွန်လ ၂၃ ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည်။
အင်‌တောအား ပုံစံ ၇ စာအုပ် ထုတ်ယူခဲ့သည်ဟု စွပ်စွဲခံရသူ ဦးခင်‌ဇော်က “ အဲတာက‌လေ ကျ‌နော်တို့ KNU တပ်မဟာကို အပ် လိုက်ပြီး။ အဲဒီ ပုံစံ ၇ က သူတို့အဆင်‌ပြေ‌အောင် ‌ဆောင်ရွက်နိုင်‌အောင်ဆိုပြီး‌တော့‌ပေါ့‌နော်။ တပ်မဟာ ၆ ကို အပ်လိုက်ပြီး။ ” ဟု ဇွန်လ ၂၇ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

လွန်ခဲ့သည့် နှစ် ၁ဝဝ ‌ကျော်ကတည်းက ဘုရားငုတ်တို‌ကျေးရွာမှ ထိန်းသိမ်းလာခဲ့သည့် ၎င်းအင်‌တောကို အစိုးရနှင့် KNU တို့ အုပ်ချုပ်မှုနှစ်ခု‌အောက်တွင် တည်ရှိသည့်အတွက် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ‌ရော‌နှောရှုပ်‌ထွေးလျက်ရှိသဖြင့် မိရိုးဖလာအရ ‌ကျေးရွာသားများ အင်‌တောအား မှီခိုအားထားပြုနိုင်ရန် ထိန်းသိမ်းထားရှိခြင်းဖြစ်ပြီး အင်‌တောအား ပုံစံ ၇ ထုတ်‌ပေးထားသည့် အ‌ပေါ် ပြန်လည်စိစစ်‌ပေးနိုင်ပါရန် ‌မေတ္တာရပ်ခံပါသည်ဟု ‌ကျေးရွာသားများ၏ ကန့်ကွက်စာတွင် ‌ဖော်ပြထားသည်။