Home သတင်း ‌ကော့ကရိတ်-အိန္ဒု အာရှလမ်းစီမံကိန်းတွင် ကျန်ရှိနစ်နာသူ ၅၁ဦး ‌လျော်‌ကြေးရရှိ‌ရေး ညှိနှိုင်း‌ဆွေး‌နွေး

‌ကော့ကရိတ်-အိန္ဒု အာရှလမ်းစီမံကိန်းတွင် ကျန်ရှိနစ်နာသူ ၅၁ဦး ‌လျော်‌ကြေးရရှိ‌ရေး ညှိနှိုင်း‌ဆွေး‌နွေး

2335

ဇူလိုင် ၁၆ရက်၊ ၂၀၁၉ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌ကော့ကရိတ်မှ အိန္ဒုအထိ တိုးချဲ့လုပ်‌ဆောင်သည့် အာရှလမ်းစီမံကိန်းတွင် နစ်နာသူများထဲမှ ‌လျော်‌ကြေးရရှိရန် ကျန်ရှိ‌နေ‌သေး သည့် ‌ဒေသခံ ၅၁ဦးနှင့် စီမံကိန်း‌ကြောင့် ‌လျော်‌ကြေး‌ပေးနိုင်‌ရေး ညှိနှှိုင်း‌ဆောင်ရွက်‌ပေးသည့် တာဝန်ရှိသူတို့ ဇူလိုင်လ ၁၅ရက် ‌နေ့တွင် ကရင်ပြည်နယ်၊ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနရုံးရှိ အစည်းအ‌ဝေးခန်းမ၌ ‌တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ကြသည်။

‌ဆွေး‌နွေးမှုတွင် ပါဝင်သည့် ၂၄ရွာ‌ကော်မတီဝင် ချိတ်ဆက်ညှိနှှိုှု်င်း‌ရေးမှူး မန်းသိဏ်း‌ဇော်က “အစိုးရက ဒီအာရှလမ်းမကြီး ‌ဖောက်‌တော့မယ့်အချိန်မှာ ကတ္တရာသားခင်းထားတဲ့ လမ်းကြီးပဲက ၁၈‌ပေလို့ သတ်မှတ်ထားတယ်။ ပြီးရင် လမ်းပခုံး အပါအဝင် စုစု‌ပေါင်း ၂၁‌ပေရှိတယ်လို့ အစိုးရက သတ်မှတ်ထားတယ်။ အရပ်သား သတ်မှတ်ထားတာ မဟုတ်ပါဘူး။ အခု အငြင်းပွားတာ က‌တော့ အစိုးရက ၂၁‌ပေသတ်မှတ်တာဟာ ‌ဒေသခံ‌တွေက ထိခိုက်တယ်လို့ ခံယူတဲ့အတွက် မ‌ကျေနပ်လို့ ‌ဆွေး‌နွေးကြတာ ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထိုသို့ ညှိနှိုင်း‌ဆွေး‌နွေးရာတွင် လမ်း‌ဘေးဝဲယာ ၁၅‌ပေအတွင်း ပါဝင်‌နေသည့် ‌မြေအပိုင်းများကို လမ်းနယ်‌မြေအဖြစ် သတ် မှတ်ကာ ‌ဒေသခံများဘက်က ‌လျော်‌ကြေး‌ငွေရယူသွားခြင်းမဟုတ်ဘဲ လမ်းနယ်‌မြေ(ဧရိယာ) ၁၅‌ပေထက် ‌ကျော်လွန်သည့် နစ်နာမှုများကို ‌လျော်‌ကြေးရယူသွားမည်ကို သ‌ဘောတူညီမှုရရှိခဲ့‌ကြောင်းလည်း မန်းသိဏ်း‌ဇော်က ဆက်‌ပြောသည်။

ယမန်‌နေ့ကပြုလုပ်ခဲ့သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးညှိနှိုင်းမှုတွင် ဖားအံမြို့နယ်အ‌ထွေအ‌ထွေအုပ်ချုပ်‌ရေးဌာနမှ မြို့နယ်မှူး၊ ‌မြေစာ‌ရေး၊ လယ်ယာ‌မြေ‌လျော်‌ကြေးရရှိ‌ရေးကွင်းဆင်းညှိနှှိုင်း‌ဆောင်ရွက်‌ပေးသည့် Contract Supervision Consultants (CSC) အဖွဲ့မှ တာဝန်ရှိသူ နှင့် LARC (Land Acquisition and Resettlement Committee)‌ကော်မတီဝင်များနှင့်အတူနစ်နာသည့် ‌ဒေသခံများမှတက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ ရရှိထားသည့် ‌ဆွေး‌နွေးချက်ရလဒ်များမှာ ‌တွေ့ဆုံညှိနှှိုင်းပွဲမှ တက်‌ရောက်သည့် သာယာကုန်း၊ ဝဲကရင်၊ ကျားက‌လေး၊ စသည့် ‌ကျေးရွာများမှ ‌ဒေသခံများ၏ လိုလားသ‌ဘောတူညီချက်ဖြစ်ပြီး အဆိုပါအချက်များကို ‌လျော်‌ကြေး‌ပေးအပ်‌ရေး တာဝန်ရှိ သူများမှ အဆင့်ဆင့် တင်ပြ‌ဆွေး‌နွေးအတည်ပြုပြီးပါက ‌လျော်‌ကြေး‌ငွေများကို ထပ်မံ‌ပေးအပ်သွားမည်ဖြစ်သည်။

‌ကော့ကရိတ်မှ အိန္ဒုအထိ တိုးချဲ့လုပ်‌ဆောင်သည့် အာရှလမ်းစီမံကိန်းနှင့်ပတ်သက်ပြီး နစ်နာသူများကို နစ်နာသည့်ဧရိယာအကျယ်အဝန်း၊ ပိုင်ဆိုင်မှုအ‌ထောက်အထား၊ နစ်နာဆုံးရှုံးမှုတန်ဖိုးများအလိုက် စံနှုန်းများသတ်မှတ်ကာ ‌လျော်‌ကြေး‌ငွေ‌ပေးအပ်ခဲ့မှုများရှိသလို ‌လျော်‌ကြေးအ‌ပေါ်မ‌ကျေနပ်သည့် နစ်နာသူများလည်းရှိ‌နေဆဲဖြစ်သည်။

‌တွေ့ဆုံညှိနှှိုင်းပွဲသို့ တက်‌ရောက်သည့် ဝဲကရင်‌ကျေးရွာရှိ နန်းသီတာခိုင်မှ ‌လျော်‌ကြေးသတ်မှတ်မှု‌ကြောင့် နစ်နာမှု များရှိသည့်အ‌ပေါ် ယခုလို‌ပြောသည်။

“အရင်‌လျော်‌ကြေး‌ပေးတဲ့အသုတ်‌တွေက ‌မြေ၊ အ‌ဆောက်အဦးထိရင်‌လျော်‌ကြေးအကုန်‌ပေးတယ် ။အခုက သူတို့‌မြေပြန်လာထပ်တိုင်းတယ် ။အ‌ဆောက်အဦးဖိုးဘဲ‌ပေးမယ် ။‌မြေဖိုးက ‌ပေးမ‌ပေး အ‌ပေါ်ပြန်ထပ်တင်မယ်။ ကျမတို့ကနစ်နာတာ‌ပေါ့ အခု တက်‌ရောက်တဲ့လူ‌တွေအားလုံးက ၁၅‌ပေအတွင်းမှာဆိုရင် ‌လျော်‌ကြေးမယူဘူး အများဆို‌တော့ ကျမတို့လည်း အဲလိုသ‌ဘောတူလိုက်တယ် ။ကျမဆိုင်တစ်ဝက်ထိ‌တော့ ဆိုင်မ‌ရောင်းရ‌တော့ဘူး ။နစ်နာ‌ကြေး ၆လစာ‌တော့‌ပေးမယ်လို့‌ပြောတယ်။ သူတို့‌လျော်‌ကြေး‌ပေးလည်း ကျမတို့က အရမ်းနစ်နာတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ‌လျော်‌ကြေး‌ပေးခြင်းနှင့်ပတ်သက်၍ စုစု‌ပေါင်း ၂ကြိမ်ရှိ‌နေပြီးဖြစ်သလို အာရှဖွံ့ဖြိုး‌ရေးဘဏ် -ADB ထုတ်‌ချေး‌ငွေဖြင့် ၂ဝ၁၇ ခုနှစ် ‌အောက်တိုဘာ လတွင် တစ်ကြိမ်၊ ၂၀၁၈ခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် ၁ကြိမ်‌ပေးခဲ့ပြီး အစိုးရဘတ်ဂျက်ဖြင့် တတိယအကြိမ် ထပ်မံ‌ပေးရန် ရှိသည်ဟုသိရသည်။