Home သတင်း ‌ကော့ကရိတ်အမတ် ဦးမင်းကိုခိုင်ကို တိုးချဲ့ပြည်နယ်ဝန်ကြီးဌာနအသစ်၏ ဝန်ကြီးအဖြစ် လွှတ်‌တော်တွင် အတည်ပြု

‌ကော့ကရိတ်အမတ် ဦးမင်းကိုခိုင်ကို တိုးချဲ့ပြည်နယ်ဝန်ကြီးဌာနအသစ်၏ ဝန်ကြီးအဖြစ် လွှတ်‌တော်တွင် အတည်ပြု

2945

ဇူလိုင် ၉ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း

တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် ပြီးခဲ့သည့် ဇွန်လအတွင်းက တိုးချဲ့ဖွဲ့စည်းလိုက်သည့် လူဝင်မှုကြီးကြပ် ‌ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ကရင်ပြည်နယ်ဝန်ကြီးရာထူးတာဝန်ကို ‌ကော့ကရိတ် မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဦးမင်းကိုခိုင်အား ယ‌နေ့(ဇူလိုင် ၉ ရက်) ပြည်နယ်လွှတ်‌တော်က အတည်ပြုလိုက် သည်။

အဆိုပါ ရာထူးတာဝန်အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ်က ယ‌နေ့ ကျင်းပသည့် ဒုတိယအကြိမ် ကရင် ပြည် နယ်လွှတ်‌တော်အ‌ရေး‌ပေါ်အစည်းအ‌ဝေး (၁/၂၀၁၉)တွင် အဆိုပြုတင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က “ အန်တီတို့ပါတီထဲမှာဆိုရင်‌တော့ သူကအရွယ်အားဖြင့် ရင့်ကျက်ပြီး သားလည်းဖြစ်တယ်။ အသိပညာဗဟုသုတလည်း ရှိတယ်။ အဲဒါ‌ကြောင့်အန်တီကသူ့ကို ပါတီကသင့်‌တော် တယ်ထင်လို့ ‌ရွေးလိုက်တာပါ။ သူက လွှတ်‌တော်‌ရေးရာ‌ကော်မတီ ‌လေးငါးခုမှာ လုပ်‌နေတယ်‌လေ” ဟု သတင်း ‌ထောက်များကို ‌ပြောကြားသည်။

လူဝင်မှုကြီးကြပ်‌ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကို ပြီးခဲ့သည့် ဇွန်လ ၂၇ရက်‌နေ့က တိုင်း‌ဒေသ ကြီး နှင့်ပြည်နယ်အချို့ဖြစ်သည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ တနသင်္ာရီတိုင်း ‌ဒေသကြီး၊ မန္တ‌လေးနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့တွင် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ကရင်ပြည်နယ်တွင် အဆိုပါ ဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်းခြင်းကို ဇွန်လ ၂၄ ရက်‌နေ့ ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်‌တော် (၁၁) ကြိမ်‌မြောက် ပုံမှန်အစည်းအ‌ဝေး ပထမ‌နေ့တွင် ပြည်နယ်လွှတ်‌တော်မှ အဆုံးအဖြတ်ရယူခဲ့ပြီး အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

ယ‌နေ့ အတည်ပြုလိုက်သည့် ပြည်နယ်လူဝင်မှုကြီး ကြပ်‌ရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းကိုခိုင်က “ကျ‌နော့်အ‌နေနဲ့က‌တော့ တာဝန်စတင်ထမ်း‌ဆောင်တဲ့‌နေ့က‌နေစပြီး‌တော့ အ‌ကောင်း ဆုံးဖြစ် ‌အောင်‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိတာဝန်ယူလုပ်‌ဆောင်ခဲ့တဲ့ လုပ်ငန်းတာဝန်‌တွေနဲ့ ပတ်သက် လို့‌တော့ ဝန်ကြီးချုပ်ကြီးရဲ့ တာဝန်‌ပေးမှုအ‌ပေါ်မှာ မူတည်ပါတယ်”ဟု ‌ပြောကြားသည်။

ဦးမင်းကိုခိုင်ကို နိုင်ငံ‌တော်သမ္မတက ကရင်ပြည်နယ်၏ လူဝင်မှုကြီး ကြပ်‌ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ်အတည်ပြုခန့်အပ်ရန် ကျန်ရှိ‌နေ‌သေးပြီး အတည်ပြုခန့်အပ်ပြီးပါက လာမည့်ဇူလိုင်လ ၁၁ ရက်‌နေ့ ပြည်နယ်လွှတ်‌တော်တွင် ကတိသစ္စာပြု လက်မှတ်‌ရေးထိုးမည်ဖြစ်သည်ဟုလည်း သိရသည်။

ကရင်ပြည်နယ်၏ ‌နောက်ထပ်ဝန်ကြီးတစ်ဦးဖြစ်လာမည့် ဦးမင်းကိုခိုင်မှာ ယခင်က ‌ကော့ကရိတ်၊ မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြည်နယ်၏ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာ စိစစ်အကြံ ‌ပေး‌ရေး‌ကော်မတီ၊ စည်ပင်သာယာ‌ရေး၊ ‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စီးပွား‌ရေး‌ကော်မတီ တို့တွင် ဥက္ကဌတာဝန်များကို ထမ်း‌ဆောင်ခဲ့ရသူလည်း ဖြစ်သည်။

ကရင်ပြည်နယ်တွင် လက်ရှိအ‌နေဖြင့် လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုး‌ရေး‌မွေးမြူ‌ရေးနှင့် ဆည် ‌မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာန၊ လူမှု‌ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာ ယာ‌ရေးဝန်ကြီး ဌာန၊ သဘာဝပတ်ဝန်းကျင်၊ သစ်‌တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဌာန အပြင် ယခုတိုးချဲ့လိုက်သည့် လူဝင်မှုကြီးကြပ်‌ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၇ ခုရှိသည်။