Home သတင်း အ‌ခြေခံမဲစာရင်းတွင် တိုင်းရင်းသားကိုယ်စားပြုအမည် မသုံးခြင်းအ‌ပေါ် မဖြစ်သင့်ဟု KPP ‌ပြော

အ‌ခြေခံမဲစာရင်းတွင် တိုင်းရင်းသားကိုယ်စားပြုအမည် မသုံးခြင်းအ‌ပေါ် မဖြစ်သင့်ဟု KPP ‌ပြော

2491

ဇူလိုင် ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက လူဦး‌ရေစာရင်းနှင့် အ‌ခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရာ တွင် တိုင်းရင်းသားများ ကိုယ်စားပြု အမည်များ ထည့်သွင်းပြုစုခြင်းမရှိသည့်အ‌ပေါ် မဖြစ်သင့်ဟု ကရင်ပြည်သူ ့ပါတီ (KPP)က ဇူလိုင် ၂၆ ရက်တွင် သ‌ဘောထားထုတ်ပြန်ကာ ‌ပြောဆိုလိုက်သည်။

အဆိုပါ ‌ကော်မရှင်အဖွဲ့ခွဲအ‌နေဖြင့် လူဦး‌ရေအချက်အလက်များ ‌ကောက်ယူပြုစုခြင်း၊ အ‌ခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ နည်းပြသင်တန်းတွင် အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသားဖြစ်ပါက “ ဦး” တပ်၍လည်း‌ကောင်း၊ အမျိုးသမီးဖြစ်ပါက “‌ဒေါ်” တပ်၍ လည်း‌ကောင်း၊ အသက် ၁၈ နှစ်မပြည့်‌သေးသူ အမျိုးသားများကို “ ‌မောင်” တပ်၍ လည်း‌ကောင်း၊ အမျိုးသမီးများကို “ မ” တပ်၍ လည်း‌ကောင်း‌ရေးသား‌ဖော်ပြထားသည့်အ‌ပေါ် KPP က ယခုလို ‌ပြောဆိုခြင်းဖြစ်သည်။

ထိုသို့ ‌ကောက်ယူခြင်းသည် တိုင်းရင်းသားများ သုံးနှုန်းသည့်၊ ဥပမာ ကရင်တိုင်းရင်းသားလူမျိုးများအ‌နေဖြင့် အမည်‌ရှေ့တွင် “ ‌စော”၊ “ ‌နော်”၊ “ မန်း” ၊“စ”၊ “နန့်”၊ “ ဂါ့” စသည်ဖြင့် ‌ခေါ်ဆိုသည့် ထူးခြားသည့် ဝိ‌သေသ လက္ခဏာများကို ထိခိုက်နိုင်ပြီး၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးအတွက် ယုံကြည်မှုတည်‌ဆောက်‌နေသည့် ကာလတွင် တိုင်ရင်းသားများ သံသယဝင်နိုင်သည့် အသုံးနှုန်းများကို မပြုလုပ်ရန် တိုက်တွန်းလိုသည်ဟု သ‌ဘောထား ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

“ အခုက အများပြည်သူသိ‌အောင် ထုတ်ပြန်လိုက်တာပါ။ လိုအပ်လာရင်‌တော့ အာဏာပိုင်အဖွဲ့အစည်း‌တွေကို ပို့ရမယ်။ ‌နောက်တစ်ဆင့်က‌တော့ ဧရာဝတီတိုင်း‌ဒေသကြီး ‌ကော်မရှင်အဖွဲ့ခွဲကိုလည်း ပို့ရမယ်။ ‌နောက် တိုင်း ရင်းသား‌ရေးရာဝန်ကြီးကိုလည်း ပို့ရမယ်၊ သူလုပ်ရမဲ့ အလုပ်ဖြစ်လို့ပါ။” ဟု သ‌ဘောထား ထုတ်ပြန်မှုအ‌ပေါ် ကရင်ပြည်သူ့ပါတီ ဒုဥက္ကဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ‌ကောက်ယူခြင်းသည် မိမိတို့ ကရင်တိုင်းရင်းသားများ၏ အမျိုးသား‌ရေး လက္ခဏာကို ‌ဖျောက်ဖျက်ချင် သည့် သ‌ဘောလားဟု ထင်မြင်မိ‌ကြောင်း ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ၊ ဒုဥက္ကဌ မန်းဝင်း‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ စာရင်း လာ‌ကောက်တဲ့ သူ‌တွေကို ‌မေးကြည့်‌တော့ အထက်လူကြီး‌တွေက ဒီအတိုင်းပဲ ညွှန်ကြား တယ် လို့ ‌ပြောတယ်။ ကျ‌နော်တို့က‌တော့ တိုင်းရင်းသား‌တွေ ရှိပြီးသားနာမည်ကို ဒီလိုလုပ်တာ မကြိုက်‌ပေမဲ့ မတတ် နိုင်ဘူး။ အမျိုးသားလွှတ်‌တော် ဥက္ကဌ မန်းဝင်းခိုင်သန်းကိုလည်း ဒီလို တပ်ရဲလား မတပ်ရဲလား‌တော့ မသိဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးတွင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်တိုင်းရင်းသားလူမျိုး လွှတ်‌တော်ကိုယ်စားလှယ် မဲစာရင်းအရ မဲ‌ပေးခွင့်ရှိသူ ၉၅၀,၀၆၈ ဦးရှိ‌ကြောင်း ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ထုတ်ပြန်ချက်များအရ သိရ သည်။