Home သတင်း အသွင်‌ပြောင်း ပိုလီယို‌ရောဂါ စတင်တိုက်ဖျက်ရန် နယ်စပ်ကျန်းမာ‌ရေး အဖွဲ့အစည်းများပြင်ဆင်

အသွင်‌ပြောင်း ပိုလီယို‌ရောဂါ စတင်တိုက်ဖျက်ရန် နယ်စပ်ကျန်းမာ‌ရေး အဖွဲ့အစည်းများပြင်ဆင်

2688

ဇူလိုင်လ ၁၆ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်(မူတ‌ရော်ခရိုင်)အတွင်း ဖြစ်ပွားလျက်ရှိ‌သော အသွင်‌ပြောင်းပိုလီယို‌ရောဂါကို ကာကွယ်၊တိုက်ဖျက်သွား ရန် နယ်စပ်ကျန်းမာ‌ရေး အဖွဲ့အစည်းများနှင့် အစိုးရ ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူး‌ပေါင်းကာ လိုအပ်သည့် ပြင်ဆင်မှုများ စတင် ‌ဆောင်ရွက်‌နေပြီးဖြစ်‌ကြောင်း တာဝန်ရှိသူများက ယ‌နေ့ ‌ပြောသည်။

ပိုလီယိုကာကွယ်‌ဆေးတိုက်‌ကျွေးရန် ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW)၊ မြန်မာနိုင်ငံ ကျန်းမာ‌ရေးနှင့် အားက စားဝန်ကြီးဌာနနှင့် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ (BPHWT) တို့ပူး‌ပေါင်း၍ ယမန်‌နေ့ ဇူလိုင်လ ၁၅ရက် -၁၆ရက်‌နေ့များတွင် ပိုလီယို အ‌ကြော‌သေကာကွယ်‌ဆေး တိုက်‌ကျွေးခြင်း အသိ‌ပေး‌ဆွေး‌နွေးပွဲနှင့် ဆရာဖြစ်သင်တန်း ပြုလုပ်ခဲ့ ‌ကြောင်း BPHWT တာဝန်ခံ ‌စောဝင်း‌ကျော်က ယခုလို ‌ပြောသည်။

၎င်းက “အခု ပိုလီယိုနဲ့ပတ်သက်လို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့‌တော့ သူတို့ ဖြစ်တဲ့‌နေရာက‌နေ ပတ်ပတ်လည် မိုင်တစ်ရာကို ‌ဆေးမဖြစ်မ‌နေ တိုက်ရမယ်‌ပေါ့။ မဖြစ်မ‌နေ တိုက်ရမယ်ဆို‌တော့ အစိုးရ ကျန်းမာ‌ရေးဌာနအ‌နေနဲ့က သူတို့ ဝင်လို့ရတဲ့‌နေရာ ‌တွေ သူတို့ လုပ်လို့ရတဲ့ ‌နေရာ‌တွေမှာ‌တော့ သူတို့တိုက်‌ပေမဲ့လည်း အခု ဖာပွန်‌ဒေသလို‌နေရာက‌တော့ သူတို့ ဝင်ဖို့ အခက်အခဲ ဖြစ်တဲ့အတွက် ဒီဘက် ကရင်ကျန်းမာ‌ရေးဌာန(KDHW)နဲ့‌ကော၊ နယ်လှည့်‌ကျောပိုးအိတ်လုပ်သားအဖွဲ့‌တွေနဲ့‌ကော ‌ဒေသထဲမှာ အလုပ်လုပ်‌နေတဲ့ အခြားအဖွဲ့‌တွေနဲ့ အတူတူ ပူး‌ပေါင်းလုပ်နိုင်ဖို့ မဖြစ်မ‌နေ ‌ရောဂါကို နှိမ်နင်းနိုင်ဖို့ ကြိုးစားတဲ့အပိုင်း ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပြုလုပ်ခဲ့သည့် ဆရာဖြစ်သင်တန်းပြီးဆုံးသွားပြီး‌နောက်ပိုင်း ပိုလီယို‌ရောဂါ ကာကွယ်‌ဆေးတိုက်‌ကျွေးမှုကို ဇူလိုင်လ ၁၈ရက် ‌နေ့မှ စက်တင်ဘာလကုန်အထိ ဖာပွန်(မူ‌တြော်) နှစ်‌နေရာနှင့် ဘီးလင်းဟူ၍ ‌နေရာ (၃)ခုခွဲကာ ‌ဒေသအတွင်းရှိ အသက် ၁၅နှစ် ‌အောက် အရွယ်များအား သင်တန်းဆင်းထားသည့် ‌ဒေသခံကျန်းမာ‌ရေးလုပ်သားများက ဦး‌ဆောင်ကာ တိုက်‌ကျွေးသွားမည်ဟု လည်း ‌စောဝင်း‌ကျော်က ဆက်‌ပြောသည်။

ထိုသို့ ‌ရောဂါတိုက်ဖျက်မှုကို နယ်စပ်ကျန်းမာ‌ရေး အဖွဲ့အစည်းများအ‌နေဖြင့် သက်ဆိုင်ရာ အစိုးရ ကျန်းမာ‌ရေး ဦးစီးဌာနနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရန် ဇူလိုင်လ ၇ရက်‌နေ့က သ‌ဘောထားထုတ်ပြန်ထားသလို အစိုးရ ကျန်းမာ‌ရေး ဦးစီးဌာနအ‌နေဖြင့်လည်း လိုအပ်သည့် အကူအညီများကို ‌ပေးအပ်သွားရန် အဆင်သင့်ဖြစ်‌နေ‌ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ‌ပြောဆိုသည်။

ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာန ဗဟိုတိုးချဲ့ ကာကွယ်‌ဆေးထိုးလုပ်ငန်း လက်‌ထောက်ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာ‌အောင်နိုင်ဦးက “ကျ‌နော်တို့က‌တော့ လိုအပ်တဲ့ နည်းပညာပိုင်း‌ရော၊ ပစ္စည်းပိုင်း‌ရော ‌ဆေး‌ရော၊ ဘတ်ဂျက်‌ရော အားလုံး အဖက်ဖက်က‌နေ အား လုံး‌ထောက်ပံ့ဖို့ အဆင်သင့်ပါပဲ။ ဒီဘက်က မိတ်ဖက် ပူး‌ပေါင်းအဖွဲ့‌တွေနဲ့ ‌ဒေသဆိုင်ရာ အဖွဲ့အစည်း‌တွေရဲ့လက်ခံမှု ဘယ် ‌လောက်အတိုင်းအတာထိ ကျ‌နော်တို့ဘက်က ကူညီ‌ဆောင်ရွက်‌ပေးရမလဲ အဲ့အ‌ပေါ်မှာ မူတည်ပြီး‌တော့ ကျ‌နော်တို့ဘက်က ‌တော့ အားလုံးအဆင်သင့်ပါပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျန်းမာ‌ရေးဦးစီးဌာနအ‌နေနဲ့လည်း ၎င်းအသွင်‌ပြောင်းပိုလီယို‌ရောဂါပိုး တိုက်ဖျက်‌ရေးလုပ်ငန်းများကို ကရင်ပြည်နယ်မှ (၇)မြို့ နယ် အပါအဝင် ‌ရောဂါကူးစက်ပျံ့နှံ့နိုင်‌ခြေများ‌သော ‌နေရာ‌ဒေသ၊ လူအုပ်စုများရှိသည့် မွန်ပြည်နယ်မှ (၃)မြို့နယ်၊ ပဲခူးတိုင်းမှ (၂)မြို့နယ်၊ စုစု‌ပေါင်း (၁၂) မြို့နယ်တို့တွင် အသွင်‌ပြောင်းပိုလီယိုပိုးကူးစက်မှုကို ဖြတ်‌တောက်ရန် ရည်ရွယ်၍ ပိုလီယိုကာ ကွယ်‌ဆေး အပို‌ဆောင်း တိုက်‌ကျွေးခြင်းလုပ်ငန်းကို ပြုလုပ်သွားမည်ဟုလည်း ‌ဒေါက်တာ‌အောင်နိုင်ဦးက ဆက်‌ပြောသည်။

အသွင်‌ပြောင်း ပိုလီယိုကာကွယ်‌ဆေးတိုက်‌ကျွေးခြင်းလုပ်ငန်းများကို ယခု ဇူလိုင်လ (၇)ရက်‌နေ့မှ လာမည့် ဩဂုတ်လ ၆ရက်‌နေ့ အထိ (၃)ကြိမ် တိုက်‌ကျွေးမှု ပြုလုပ်သွားမည်ဖြစ်ပြီး ‌ဝေးလံ‌ခေါင်ဖျား‌ဒေသများရှိ က‌လေးသူငယ်များအတွက် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

BPHWT ရုံးတွင် နှစ်ရက်တာ ပြုလုပ်သည့် ပိုလီယို အ‌ကြော‌သေကာကွယ်‌ဆေး တိုက်‌ကျွေးခြင်း အသိ‌ပေး‌ဆွေး‌နွေးပွဲနှင့် ဆရာ ဖြစ်သင်တန်းကို ဖာပွန်‌ဒေသရှိ နယ်စပ်ကျန်းမာ‌ရေး အဖွဲ့အစည်းများမှ ကျန်းမာ‌ရေးလုပ်သားများ၊ KNLA မှ ‌ဆေးမှူးများ အပါအ ဝင် ကျန်းမာ‌ရေးလုပ်သားများ စုစု‌ပေါင်း (၂၈)ဦး ပါဝင်တက်‌ရောက်ခဲ့ကြပြီး အသွင်‌ပြောင်းပိုလီယို‌ရောဂါ ကာကွယ်‌ဆေး တိုက် ‌ကျွေးခြင်း လုပ်ငန်းစဉ်များအတွက် အစိုးရကျန်းမာ‌ရေးဌာန တာဝန်ရှိသူများနှင့် အပြန်အလှန် ‌ဆွေး‌နွေးဖလှယ်ရင်း သင်ကြားပို့ ချမှုများ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပိုလီယိုကင်းစင်‌ကြောင်း ‌ကြေညာပြီးသည့်‌နောက်ပိုင်း ယခုတဖန် ဖာပွန်မြို့နယ်တွင် ‌ဒေသခံ က‌လေးငယ် ၃ဦး၌ အသွင်‌ပြောင်းပိုလီယိုပိုးကူးစက်မှု ‌တွေ့ရှိခဲ့ရ‌ကြောင်း ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဌာနထံမှ သိရသည်။