Home သတင်း အစိုးရဌာနတာဝန်ရှိသူများနှင့် ‌ဒေသခံပြည်သူတို့ တိုက်ရိုက်‌မေးမြန်းနိုင်သည့် လူထုုကြားနာပွဲ ဖားအံတွင်ပြုလုပ်

အစိုးရဌာနတာဝန်ရှိသူများနှင့် ‌ဒေသခံပြည်သူတို့ တိုက်ရိုက်‌မေးမြန်းနိုင်သည့် လူထုုကြားနာပွဲ ဖားအံတွင်ပြုလုပ်

1769

ဇူလိုင် ၁၇ ရက်။ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်ရှိ အစိုးရဌာနဆိုင်ရာ လုပ်‌ဆောင်ချက်များနှင့်ပတ်သက်ပြီး လူထုများမှ တိုက်ရိုက်‌မေးမြန်း သိရှိ နိုင်ရန်အတွက် ရည်ရွယ်သည့် လူထုကြားနာပွဲတစ်ရပ်ကို ယ‌နေ့ (ဇူလိုင်လ ၁၇ ရက်)တွင် ဖားအံမြို့ ၊ ‌တော် ဝင်ရတနာဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့သည်။

ထိုလူထုကြားနာပွဲကို Spectrum-Sustainable Development Knowledge Network အဖွဲ့မှ ဦး‌ဆောင်ပြု လုပ်‌ပေးခြင်းဖြစ်ပြီး တက်‌ရောက်သည့် ‌ဒေသခံလူထုကိုယ်စားလှယ်များနှင့် အစိုးရဌာန ဆိုင်ရာတာဝန်ရှိသူတို့ ‌တွေ့ဆုံကာ ရင်းနှီးပွင့်လင်းစွာ ‌မေးမြန်း၊ ‌ဖြေကြားနိုင်သည့် အစီအစဉ်တစ်ခုလည်း ဖြစ်သည်။

ကရင်ပြည်နယ် စီမံ၊ ဘဏ္ဍာနှင့် စည်ပင်သာယာ‌ရေးဝန်ကြီး ဦးသန်းနိုင်က“တိုင်းပြည်အ‌ရွေ့တစ်ခုမှာ အတူတူ လုပ်‌ဆောင်မှရမှာဖြစ်တယ်။ ကျ‌နော်တို့လည်း ပါတီထဲကပြီးမှ အစိုးရအဖွဲ့ပြန်ဖြစ်တယ်။ အရင်က အစိုးရ လုပ် ‌ဆောင်ချက်‌တွေကိုလည်း သိပ်မသိဘူး။ ဒီ ၃ နှစ်အတွင်းမှာ အများကြီးသိသွားတယ်။ အဲဒီအတွက် ဌာနဆိုင်ရာ လုပ်‌ဆောင်ချက်‌တွေကို ပြည်သူ‌တွေနားလည်ဖို့လိုတယ်”ဟု ဝန်ကြီးက အဆိုပါ ကြားနာပွဲတွင် ‌ပြောသည်။

ယခုပြုလုပ်သည့်အစီအစဉ်သည် အစိုးရနှင့်ပြည်သူအကြား ရင်းနှီးမှုဖြစ်‌ပေါ်‌စေသည့်အပြင် ပွင့်လင်းမြင်သာ မှုရှိပြီး ‌ကောင်းမွန်သည့် ယဉ်‌ကျေးမှုဓ‌လေ့တစ်ခု ‌ပေါ်ထွန်း‌စေ‌ကြောင်းလည်း ဝန်ကြီး ဦးသန်းနိုင်က ဖြည့်စွက် ‌ပြောဆိုသည်။

ပြည်သူ့အသံကြားနာပွဲတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လွှတ်‌တော်ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ ‌လောင်းကစား၊ မူးယစ်‌ဆေးဝါး၊ ပြည်နယ်အစိုးရဘတ်ဂျက်ဆိုင်ရာ စီမံခန့်ခွဲမှု၊ အခွန်ဆိုင်ရာ၊ စားသုံးသူ အခွင့်အ‌ရေးဆိုင်ရာနှင့် လယ်ယာ‌မြေစသည့် အစိုးရစီမံလုပ်‌ဆောင်ချက် များနှင့်ပတ်သက်၍ တက်‌ရောက်သူများမှ သိရှိလိုသည်များကို ပြန်လည်‌ဖြေကြားမှုများပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ ‌ကော့ကရိတ်မြို့မှ ဦးကိုမာက“ကျ‌နော်တို့ သိချင်တာ‌တွေကို ပွင့်ပွင့်လင်း လင်း‌မေးတယ်။ တာဝန်ရှိသူ‌တွေက သူတို့အကုန်မ‌ဖြေသွားဘူး၊ အ‌ပေါ်ယံ‌လောက်ပဲ ‌ဖြေသွားတာ‌တွေရှိတယ်။ ဒါပွင့်လင်းမှုရှိတယ်လို့ ကျ‌နော်တို့ ဆိုလိုလို့ မရ‌သေးပါဘူး။ သူတို့‌ဖြေကြားတာ သိပ်အားမရ‌သေးဘူး” ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့တွင် တစ်ရက်တာ ကျင်းပပြုလုပ်သည့် ၎င်းပြည်နယ်အဆင့် ပြည်သူ့အသံကြားနာပွဲကို စီစဉ်‌ပေးသည့် Spectrum- Sustainable Development Knowledge Network အဖွဲ့သည် အစိုးရဘဏ္ဍာ‌ရေးပွင့်လင်းမြင် သာရှိမှုအပိုင်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်‌သော လုပ်ငန်းစဉ်အပိုင်းများနှင့် သု‌တေ သန လုပ်ငန်းများစသည်တို့ကို လုပ်‌ဆောင်‌ပေးသည့် NGO အဖွဲ့တစ်ဖွဲ့ဖြစ်သည်။