Home သတင်း လူကုန်ကူးမှုဆိုင်ရာ တားဆီးကာကွယ်‌ရေး အခမ်းအနား မဲ‌ဆောက်ရှိ အရပ်ဘက်အဖွဲ့အစည်း ၂၆ ဖွဲ့ ပူး‌ပေါင်းကျင်းပ

လူကုန်ကူးမှုဆိုင်ရာ တားဆီးကာကွယ်‌ရေး အခမ်းအနား မဲ‌ဆောက်ရှိ အရပ်ဘက်အဖွဲ့အစည်း ၂၆ ဖွဲ့ ပူး‌ပေါင်းကျင်းပ

2795

ဇူလိုင် ၂၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်း -မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန မြို့ပိုင်ရုံးရှိခန်းမတွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်း က လူကုန်ကူးမှုဆိုင်ရာ တားဆီးကာကွယ်‌ရေး အသိပညာ‌ပေး အခမ်းအနားတစ်ရပ်ကို မဲ‌ဆောက်မြို့အ‌ခြေစိုက် ထိုင်း-မြန်မာ အရပ်ဘက်အဖွဲ့အစည်း (၂၆) ဖွဲ့က ပူး‌ပေါင်းကျင်းပခဲ့‌ကြောင်း သိရသည်။

မဲ‌ဆောက်မြို့ ‌ရောင်ခြည်ဦးအလုပ်အသမား‌ရေးအဖွဲ့ရုံးတာဝန်ခံ ဦးမိုး‌ကျော်က“ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့နဲ့ တာ့ခ်ခရိုင်အတွင်းမှာရှိတဲ့ လမ်း‌တွေဟာ လူကုန်ကူးမှုဖြစ်နိုင်တဲ့လမ်း‌ကြောင်းမှာ ရှိ‌နေပါတယ်။ ဒါ‌ကြောင့် ဒီ ‌ဒေသမှာရှိ တဲ့သူ‌တွေအ‌နေနဲ့ လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိပြီး လူကုန်ကူးမှု တားဆီးကာကွယ်‌ရေးမှာ ပူး‌ပေါင်းပါဝင်နိုင်မှာဖြစ်တဲ့အတွက် အခုလို အခမ်းအနားပွဲ‌တွေကို ကျင်းပကြခြင်း ဖြစ်ပါတယ်။”ဟု ‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် ရှာ‌ဖွေရင်း သွားလာလှုပ်ရှားရာတွင် လူ ကုန်ကူးမှုသား‌ကောင်အဖြစ် မကျ‌ရောက်ရန် လိုအပ်ပြီး လူကုန်ကူးမှုသား‌ကောင်အဖြစ် ကျ‌ရောက်ခဲ့မည်ဆိုပါက ဘဝ‌မျှော်လင့်ချက်၊ ‌မျှော်မှန်းထားသည့် အလုပ်အကိုင်အခွင့်အလမ်းများ ပျက်ပြယ်ရသည့်အပြင် ‌နောက်ချန် မိသား စုများပါ ဒုက္ခပင်လယ်‌ဝေကြသည့်အတွက် ‌ရွှေ့‌ပြောင်းလုပ်သားများ ‌ကောင်းမွန်လုံခြုံသည့် ‌ရွှေ့‌ပြောင်း သွားလာ မှုများ ဖြစ်‌ပေါ်ရန် လိုအပ်သည်ဟု ဦးမိုး‌ကျော်က ဆက်‌ပြောသည်။

Stop Human Trafficking Together ‌ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါ အခမ်းအနားကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ထိုင်းအာဏာပိုင်များ၊ ထိုင်းလဝကများ၊ ထိုင်းလူကုန်ကူးမှုတားဆီးကာကွယ်‌ရေးအဖွဲ့များ၊ မဲ‌ဆောက်မြို့အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားကူညီ‌ရေးအဖွဲ့များ၊ အစိုးရမဟုတ်‌သော အဖွဲ့အစည်း -NGOများ၊ လူမှုအဖွဲ့အစည်း -CBO အဖွဲ့များစသည့် အဖွဲ့‌ပေါင်း ၂၆ဖွဲ့ နှင့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ‌ကျောင်းသား/‌ကျောင်းသူများ တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်‌ရောက်ခဲ့‌သော မဲ‌ဆောက်မြို့ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းမှ နန်းမူးတ‌လောင်က“ထိုင်းနိုင်ငံအပါ အဝင် အခြားနိုင်ငံ‌တွေမှာလည်း လူကုန်ကူးမှုဖြစ်စဉ်‌တွေက ရှိ‌နေဆဲပါပဲ။ လူကုန်ကူးမှု‌တွေကို ပ‌ပျောက်‌အောင် မလုပ်နိုင်‌ပေမယ့်။ ဒီလိုပွဲ‌တွေ က‌နေပြီး‌တော့ရရှိလာတဲ့ အသိတရား‌တွေကို ကိုယ်ရဲ့ပတ်ဝန်းကျင်နှင့် မိသားစုဝင်များအား ပြန်လည်မျှ‌ဝေ‌ပေးခြင်းဖြင့် လူကုန်ကူးမှုအ‌ခြေ အ‌နေများနဲ့ ကာကွယ်နိုင်မည့် နည်းလမ်းများကို သိရှိကြမယ်ဆိုရင် လူကုန်ကူး မှုဖြစ်စဉ်များ ‌လျော့နည်းသွားလိမ့်မယ်”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးဆိုင်ရာ အခမ်းအနားကို နှစ်စဉ် ဇူလိုင်လတွင် ကျင်းပ ပြုလုပ်‌လေ့ရှိပြီး ယခုအခါ (၁၅)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။