Home သတင်း ယခုနှစ်‌လောင်းကိုင်ဒူးရင်းသီးပွဲ‌တော် အကျဉ်းချုံးသာ ကျင်းပလိုက်ရ

ယခုနှစ်‌လောင်းကိုင်ဒူးရင်းသီးပွဲ‌တော် အကျဉ်းချုံးသာ ကျင်းပလိုက်ရ

1803

ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌လောင်းကိုင်ရွာတွင် နှစ်စဉ်ကျင်းပ‌နေကျဖြစ်သည့် နာမည်ကြီး ‌လောင်း ကိုင် ဒူးရင်းသီးပွဲ‌တော်ကို ယခုနှစ် ဒူးရင်းသီးထွက်နှုန်းနည်းပါးသည့် အ‌ခြေအ‌နေ‌ကြောင့် အစဉ်အလာထိန်း သိမ်းသည့်အ‌နေဖြင့် အကျဉ်းချုပ်သာ ကျင်းပလိုက်ရသည်ဟု သိရသည်။

ဇူလိုင်လ ၂၄ ရက်(ယမန်‌နေ့)တွင် ကျင်းပပြုလုပ်သည့် ဒူးရင်းသီးပွဲ‌တော် ကျင်းပမှုအ‌ခြေအ‌နေများ နှင့် ပတ်သက်ပြီး ‌လောင်းကိုင်တိုက်‌ကျောင်း ဆရာ‌တေ်ာအရှင်အာ‌လောက ယခုလိုမိန့်ကြားသည်။

အရှင်အာ‌လောက က “ရွာသား‌တွေက လှူဖို့စိတ်အားထက်သန်တယ်။ ဒါ‌ပေမယ့် ဒီနှစ်က ဒူးရင်းသီးမ‌ကောင်း ဘူး၊ အများကြီးလည်း မလှူနိုင်ဘူးဆို‌တော့ ပြီးခဲ့တဲ့နှစ်လို အပြင်လူအများကြီး မဖိတ်ရဲဘူး။ ရွာကဒကာ‌တွေနဲ့ ဒီ‌နေ့ လှူဒါန်းပွဲ အကျဉ်း‌လောက်ပဲ ကျင်းပလိုက်တယ်။ ‌နောက်နှစ်ကျရင်‌တော့ စဉ်းစားထားတယ်၊ ဒါ‌ပေမယ့် ဒူးရင်းသီးက ဘယ်လိုလာမလဲမသိဘူး။ လှူချင်တိုင်းလည်း ဒူးရင်းသီးမများရင် အများကြီးလှူလို့လည်း မရဘူး” ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

ယခင်နှစ်များနှင့်မတူသည့် ဒူးရင်းသီးထွက်နှုန်း‌ကြောင့် ယမန်‌နေ့ ကျင်းပသည့် ပွဲ‌တော်တွင် ဒူးရင်းသီး အလုံး ‌ပေါင်း ၁,ဝဝဝ ‌ကျော်သာ လှူဒါန်းနိုင်ပြီး ‌လောင်းကိုင်‌ကျေးရွာအပြင် ‌ဒေသတွင်းရှိ အချို့‌သောဘုန်း‌တော် ကြီး ‌ကျောင်းသို့ ဒူးရင်းသီးပို့‌ဆောင်လှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်ဒူးရင်းသီးပွဲ‌တော်သည် ဒူးရင်းသီးအလုံး‌ပေါင်း ၈,ဝဝဝ(ရှစ်‌ထောင်)‌ကျော် လှူဒါန်းနိုင်ခဲ့ပြီး ကရင် ပြည်နယ်အပြင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဒူးရင်းသီးမြတ်နိုးသူများ လာ‌ရောက်ဆင်နွှဲကြသလို ပြည်ပ ခရီးသွားဧည့်သည်တချို့လည်း လာ‌ရောက်ဆင်နွှဲမှုများရှိခဲ့သည်။

အဆိုပါ ဒူးရင်းသီးပွဲ‌တော် ကျင်းပသည့် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌လောင်းကိုင်‌ကျေးရွာမှာ ပြည်နယ် တွင် ဒူးရင်းသီးထွက်နှုန်းအများဆုံးရှိသည့်‌ဒေသဖြစ်သလို ‌မော‌ဒေး‌တောင်‌ခြေတစ်‌လျှောက်တွင်ရှိသည့် ‌ဒေသ ခံအများစုမှာလည်း ဒူးရင်းသီး ခြံအမှီပြုပြီး အသက်‌မွေးဝမ်း‌ကျောင်းအဖြစ် လုပ်ကိုင်ကြသည်ဟုလည်း သိရသည်။