Home သတင်း မိကရင်‌တောင် ‌ကျောက်ထုတ်ရန် ‌မြေယာလုပ်ပိုင်ခွင့်‌လျှောက်ထားမှု ‌ဒေသခံများ လက်မှတ်‌ရေးထိုးကန့်ကွက် သွားမည်

မိကရင်‌တောင် ‌ကျောက်ထုတ်ရန် ‌မြေယာလုပ်ပိုင်ခွင့်‌လျှောက်ထားမှု ‌ဒေသခံများ လက်မှတ်‌ရေးထိုးကန့်ကွက် သွားမည်

3002

ဇူလိုင် ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မိကရင်‌ကျေးရွာအုပ်စုအတွင်းရှိ မိကရင်‌တောင်အား လုပ်ငန်းရှင်တစ်ဦးမှ ထုံး ‌ကျောက် အကြီးစားထုတ်လုပ်ခွင့်အတွက် ‌မြေလွတ်၊ ‌မြေရိုင်းလုပ်ပိုင်ခွင့် ဧရိယာ ၁၈၉ ဒသမ ဝဝ (၁၈၉.ဝဝ) ဧက ‌လျှောက်ထားမှုအ‌ပေါ် ‌ဒေသခံများက ကန့်ကွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မိကရင်‌တောင်ထိန်းသိမ်းကာကွယ်‌ရေးအတွက် ‌မြေလွတ်၊ ‌မြေရိုင်း‌လျှောက်ထားဧရိယာ အနီးတဝိုက်‌ကျေးရွာ ၆ ရွာရှိ ‌ဒေသခံများမှ လက်မှတ်‌ရေးထိုးကန့်ကွက်မှုများပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့ကန့်ကွက်ရခြင်းနှင့်ပတ် သက် ၍ ဦး‌ဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ‌စော‌ကျော်လှက ယခုလို ‌ပြောသည်။

၎င်းက “ဒီ‌တောင်က ‌ဒေသခံ‌တွေ အထွဋ်အမြတ်ထားတဲ့‌တောင်ဖြစ်တယ်။ ဘာသာ‌ရေးအ‌ဆောက်အအုံ‌တွေ လည်းရှိတယ်။ ဒီ‌တောင်ရှိခြင်းအားဖြင့် ကျ‌နော်တို့ရွာ‌တွေက ကမ်းပြိုတာတို့ ‌လေပြင်မုန်တိုင်း စတဲ့သဘာဝ ‌ဘေးအန္တရာယ်‌တွေလည်း အကာကွယ်ရတယ်။ ပြီး‌တော့ အခုဧရိယာကလည်း ‌ဒေါ်လာအင်း(‌တော်လှ)အင်း နဲ့ ဆက်စပ်‌နေတဲ့အတွက် ‌ကျောက်ထုတ်မယ်ဆိုရင် အင်းလည်းပျက်စီးနိုင်တယ်။ အဲဒါ‌ကြောင့် ကျ‌နော်တို့ကန့် ကွက်တာ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ကန့်ကွက်မှုများပြုလုပ်ရာတွင် မိကရင်‌တောင် အနီးတဝိုက် ဖားအံမြို့နယ်အတွင်းရှိ မိကရင်၊ မုက္ကဒိ၊ ကျုံ ပိုက်၊ ခဲ‌တောက်၊ ကိုင်းကြီး၊ ကိုင်းက‌လေး စသည့်‌ကျေးရွာများမှ ‌ဒေသခံများပါဝင်မည်ဖြစ်ပြီး အဆိုပါ လက်မှတ် ‌ရေးထိုးကန့်ကွက်လွှာများကို ဇူလိုင်လ ၁၈ ရက်‌နေ့တွင် အပြီးသတ်‌ကောက်ယူကာ ဩဂုတ်လ ၄ ရက်မတိုင် မီ ပြည်နယ်ရှိ သက်ဆိုင်ရာ ‌မြေစာရင်းဌာနများထံ ‌ပေးပို့ကန့်ကွက်သွားမည်ဖြစ်သည်ဟု သိရသည်။

“တကယ်‌တော့ ကျ‌နော်တို့ ကရင်‌ဒေသ‌တွေမှာ ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်းဆိုတာမရှိဘူး။ ဘာဖြစ်လို့လဲဆို ‌တော့ အဲဒီ‌မြေ‌တွေကို အများစုပိုင်အ‌နေနဲ့ တနည်းတဖုံသုံးစွဲ‌နေကြတယ်။ အဓိက က‌တော့ ‌မြေလွတ်၊ ‌မြေရိုင်း ဥပ‌ဒေရဲ့ ‌နောက်ဆက်တွဲဆိုးကျိုး စလာတယ်လို့ ‌ပြောရမယ်။ ‌မြေပြင်မှာ ရွာ‌တွေ၊ အိမ်‌တွေ၊ စိုက်ပျိုး‌မြေ‌တွေ၊ အ များဘုံအ‌နေနဲ့ သတ်မှတ်ထားတဲ့‌မြေ‌တွေရှိတယ်။ ‌လျှောက်ထားသူက ဥပ‌ဒေအတိုင်း လုပ်တယ်ဆို‌ပေမယ့် ဒီ ဥပ‌ဒေ‌ကြောင့် တကယ့်လက်‌တွေ့‌မြေပြင်ကလူ‌တွေ ဒုက္ခ‌ရောက်သွားနိုင်တယ်”ဟု ကရင်မြစ်‌ချောင်းများ ‌စောင့် ကြည့်‌ရေးအဖွဲ့ -KRWမှ တာဝန်ခံ‌စောသာဘိုးက ထိုသို့ ‌ထောက်ပြ‌ပြောဆိုသည်။

မိကရင်‌ကျေးရွာအုပ်စု၊ ကွင်းအမှတ် (OSS)‌ကြေးတိုင်ပြင်ကွင်းရှိ ‌မြေလွတ်၊ ‌မြေရိုင်း ဧရိယာ ၁၈၉ ဒသမ ဝဝ ဧ ကရှိ ‌မြေ‌ပေါ်တွင် လုပ်ငန်းရှင်တစ်ဦးမှ ထုံး‌ကျောက် (စက်မှုတွင်းထွက်ကုန်ကြမ်း) အကြီးစား ထုတ်လုပ် ခွင့်အတွက် ‌လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ‌လျှောက်ထားလာမှုအ‌ပေါ် ဖားအံမြို့နယ် လယ်ယာ‌မြေစီမံခန့်ခွဲ‌ရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဩဂုတ်လ ၄ ရက်‌နေ့မတိုင်မီ မည်သူမဆိုကန့်ကွက်နိုင်‌ကြောင်း ဇူလိုင်လ ၅ ရက်‌နေ့ရက်စွဲဖြင့် ထုတ်ဆင့် ‌ကြေညာစာ ထွက်‌ပေါ်လာပြီး‌နောက် ‌ဒေသခံများဘက်မှ ကန့်ကွက်မှုပြုလုပ်ရန် လုပ်‌ဆောင်လာခြင်းလည်း ဖြစ်သည်။