Home တွေ့ဆုံမေးမြန်းခန်း ပဲခူးတိုင်း ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီးနှင့် ‌တွေ့ဆုံခြင်း

ပဲခူးတိုင်း ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီးနှင့် ‌တွေ့ဆုံခြင်း

3268

“အမျိုးသမီးဆို‌ပေမယ့်လည်း လုပ်နိုင်စွမ်းရှိသ‌လောက် ကိုယ့်လမ်းကို ကိုယ်‌ဖောက်နိုင်တယ်”

ပဲခူးတိုင်း‌ဒေသကြီးထဲတွင် ကရင့်‌ရေးရာအတွက် လုပ်‌ဆောင်‌နေသည့်အ‌ခြေအ‌နေ၊ ကြုံ‌တွေ့ ‌နေရသည့်အခက်အခဲ စိန်‌ခေါ်မှု အ‌ခြေအ‌နေများနှင့် လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ် ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးကို ‌တွေ့ ဆုံ‌မေးမြန်းထားပါသည်။

‌မေး။ ။ ကရင့်‌ရေးရာဝန်ကြီးအ‌နေနဲ့ ‌ဒေသခံပြည်သူလူထုအတွက် ဘာ‌တွေလုပ်‌ဆောင်‌ပေး‌နေပါသလဲ။

ကရင်‌ရေးရာဝန်ကြီး ဖြစ်တဲ့အတွက် (ပဲခူး)ကရင်လူမျိုးအားလုံးအတွက် ကိုယ်စားပြုတယ်‌ပေါ့‌နော်။ ဒါ‌ကြောင့် ကရင့်အ‌ရေးအရာနဲ့ပတ်သက်ပြီး ကျမနဲ့ သက်ဆိုင်ပါတယ်။ ကျမမှာ တာဝန်ရှိတဲ့အတွက် အချို့ ‌သော ကိစ္စ‌တွေက ကျမအ‌နေနဲ့ တိုက်ရိုက် ကူညီ‌ပေးနိုင်‌ပေမယ့် အချို့‌သော အရာ‌တွေက လူကြီး‌တွေ ဆီမှာ အကြံအဉာဏ် ရယူရပြီး ကူညီရတယ်။

ကျမဝန်ကြီး တာဝန်ကို ယူတဲ့အချိန်ကစပြီး ပဲခူးတိုင်းမှာရှိတဲ့ ကရင်လူမျိုး‌တွေဆီမှာ ကျမကိုယ် တိုင် သွား‌ရောက် ကွင်းဆင်းခဲ့တယ်။ သူတို့ရဲ့လိုအပ်ချက်‌တွေဖြစ်တဲ့ ပညာ‌ရေးလား၊ ကျန်းမာ‌ရေးလား ၊ လမ်းပန်းဆက်သွယ်‌ရေးလား ဒါ‌တွေ အားလုံးကို ကျမ ပြန်လည်စဉ်းစားပြီး‌တော့ ကနဦး စာ‌ပေနဲ့ ယဉ်‌ကျေး မှုအဖွဲ့ကို ‌တွေ့ဆုံပြီး‌တော့ စာ‌ပေနဲ့ယဉ်‌ကျေးမှုလုပ်ငန်း‌တွေကို လုပ်တယ်။ ပြီး‌တော့ လမ်းပန်းဆက် သွယ် ‌ရေးမ‌ကောင်းတဲ့ ရွာ‌တွေမှာ ကျမသွားရင် အဲဒီမ‌ကောင်းတဲ့ လမ်းကို ပြင်ဖို့အတွက် ကျမ ဘတ်ဂျက် ဆွဲပြီး တင်‌ပေးတယ်။ ‌နောက်ပိုင်း လမ်း‌ကောင်းသွားတယ်။ တံတားဆိုလည်း အဲလိုပဲ တံတားမ‌ကောင်းရင် က‌လေး‌တွေရဲ့ပညာ‌ရေး၊ ပြည်သူထု‌တွေရဲ့သွား‌ရေးလာ‌ရေး ‌တော်‌တော်‌လေး ဒုက္ခ‌ရောက်တဲ့ ကိစ္စက ကျမမှာ တာဝန်ရှိတယ်။ အဲဒါ‌ကြောင့် ကျမ ဘတ်ဂျက်ဆွဲပြီး အစိုးရဆီတင်တယ်။ ပြီး‌တော့ တံတားပြင်‌ပေးတယ်။ စာသင်‌ကျောင်းမ‌ကောင်းတာကို ‌တွေ့ရင်လည်း အဲဒါ ကျမမှာ တာဝန်ပဲလို့ ခံယူတယ်။ က‌လေး‌တွေလည်း အဆင်‌ပြေ‌ပြေနဲ့‌ကျောင်းမတက်ရဘူး။ အဲဒါကို ကျမကူညီတယ်။

ပဲခူးတိုင်း‌ဒေသကြီးမှာ ကျမ တာဝန်ယူတာ ၃ နှစ်‌ကျော်ရှိပြီ။ လူ‌တွေအားလုံးက ကရင်ဝန်ကြီး တစ်ဦးလို့ သိထားတဲ့အတွက် လိုအပ်ချက်၊ လိုလားချက်‌တွေကို ကျမတို့‌ပြောနိုင်ပါပြီ။ အ‌ရှေ့ကို ထွက် လာလို့ရပြီဆို‌တော့ ‌မြေယာဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီး ကျမဆီကို အ‌တော်‌ရောက်လာတယ်။ ကျမ‌သေ ချာကြည့်ပြီး ကရင့်အ‌ရေးအရာဆိုရင် ကျမသွားတယ်။ ကျမသွားတယ်ဆိုရင် ကျမတို့ ကရင်လူမျိုး‌တွေက ကျမ‌နောက်မှာ ရှိရမယ်။ ကျမ‌နောက်ကို ကြည့်တယ် သူတို့‌တွေရှိရင် ကျမဆက်သွားတာပဲ။ သွားပြီး‌တော့ ကူညီတယ်။ ကျမဒီလိုသွားပြီးကူညီတာ ‌နောက်က ကျမတို့ကို တွန်းအား‌ပေးမှုရှိတဲ့အတွက် ကျမတို့ ‌ချော ‌ချော‌မွေ့‌မွေ့ သွားနိုင်တယ်။ ကျမ အဲဒီလို လုပ်‌ဆောင်လာတာ ၃ နှစ်‌ကျော်‌ရောက်လာတဲ့အထိ ဖြစ်ပါတယ်။ ပဲခူးတိုင်း‌ဒေသကြီးမှာဆိုရင် ကျမတို့ကို သိရှိသွားပါပြီ။ ထုတ်‌ဖော်‌ပြောပြဖို့အတွက်လည်း သူတို့သိလာပါပြီ။ အ‌ကြောင်းအရာတစ်ခုခုရှိလာရင် ကျမတို့ကို အားလုံး သိ‌စေချင်တယ်။ ထုတ်‌ဖော်လာတာလည်း ရဲလာပါပြီ။ အဲဒါ‌ကြောင့် ကျမ ဝမ်း‌မြောက်မိပါတယ်။

‌မေး။ ။ အခု ကရင်‌ရေးရာဝန်ကြီး တာဝန်ယူထားတဲ့ အချိန်ကာလမှာ ကြုံ‌တွေ့‌နေရတဲ့ စိန်‌ခေါ်မှု‌တွေက ဘာ‌တွေရှိလဲ။

လူတစ်‌ယောက်နဲ့တစ်‌ယောက်က အမြင်မတူတာ‌တွေ‌တော့ရှိတယ်။ ဒါ‌ပေမဲ့ အ‌ကြောင်းအရာ ဘယ်‌လောက်ပဲရှိပါ‌စေ ကျမက ပဲခူးတိုင်း‌ဒေသကြီးမှာရှိတဲ့ ကရင်လူမျိုး‌တွေအားလုံး ဝန်ကြီးဖြစ်တယ်။ အခု ကျမအသက်က ၄ဝ ‌ကျော်ဆို‌ပေမယ့်လည်း ကရင်‌ခေါင်း‌ဆောင်ဖြစ်ရတယ်။ အားလုံး‌သော သီးခံမှု‌တွေက မတူညီကြဘူး။ တစ်‌ယောက်နဲ့ တစ်‌ယောက် အမြင်‌တွေက မတူညီကြဘူး။ ကျမက တစ်မျိုးမြင်တယ်။ ဦး‌လေးက တစ်မျိုးမြင်တယ်။ ‌မောင်‌လေးက တစ်မျိုးမြင်တယ်။ ကျမတို့ ဒီလို မြင်တဲ့အတွက် ကျမအခု လုပ်‌ဆောင်တာက မှန်ကန်တယ်လို့ ကျမ မ‌ပြောဘူး။ နင်လုပ်တာ မမှန်ဘူး။ ကျမ အဲလို မ‌ပြောဘူး။

တချို့‌သော စကား‌တွေက နည်းနည်းကျွံသွားတယ်ဆိုတာ ကျမ သိတယ်။ ဒါ‌ပေမဲ့ ကျမ သီးခံတယ်။ သူတို့‌တွေစိတ်‌အေးလာတဲ့အခါကျရင် ဦးဒီလို မဟုတ်ပါဘူး။ ဆရာ ဒီလို မဟုတ်ပါဘူး။ ‌မောင်‌လေး ဒီလို မဟုတ်ပါဘူး။ အဲလို ပြန်လုပ်တယ်။ အလုပ်တစ်ခုလုပ်ပြီးဆိုရင် လမ်း‌လျှောက်သွားတဲ့အခါ ‌ဖြောင့်ဖြူးမှာ က‌တော့ မဟုတ်ဘူး။ ဒါ‌ပေမဲ့ ကျမတို့ တဖြည်းဖြည်းချင်းသွားရပြီး ကြာလာရင် ‌ဖြောင့်ဖြူး လာတယ်။

‌မေး။ ။ အမျိုးသမီး‌ခေါင်း‌ဆောင်တစ်ဦးအ‌နေနဲ့ တာဝန်ကို ထမ်း‌ဆောင်တဲ့‌နေရာမှာ ဘာအခက်အခဲ‌တွေ ကြုံ‌နေရသလဲ။

ကျမဝန်ကြီး စဖြစ်၊ စပြီးတာဝန်ယူကတည်းကဆိုရင် ဒီအမျိုးသမီးက အသက်ငယ်တယ်။ ဘာ‌တွေ လုပ်နိုင်မလဲ ‌စောင့်ကြည့်ကြမယ်။ အဲဒါ‌တွေ‌ပြောတာကို ကျမတို့လည်း ကြားပါတယ်။ ဘာသာ‌ရေး ဘက်မှာလည်း သူများ‌ပြောတယ်။ ကျမတို့က ပြန်မ‌ပြောဘူး‌ပေါ့‌နော်။ သူတစ်ခွန်း‌ပြောတယ်။ ကိုယ်က တစ်ခွန်း‌ပြောတယ်ဆိုရင် အချင်းချင်းကြားမှာ ငြင်းခုန်ကြတာဖြစ်လိမ့်မယ်။ အစ်မ တစ်ခုမှ ပြန်မ‌ပြောဘူး။ ‌ဖေ့ဘွတ်ထဲကဆိုရင်လည်း အစ်မတစ်ကြိမ်တစ်ခါမှစာပြန်မ‌ရေးဘူး။ ကျမကို ‌ပြောရင်လည်း ဖတ်ကြည့်ရုံ သာပဲ ရှိတယ်။ ပြန်မ‌ပြောဘူး။ ကျမကိုယ်ကျမပဲ ‌နေ‌နေတယ်။

ကျမစိတ်ထဲမှာ‌တော့ ကျမက အမျိုးသမီးတစ် ‌ယောက်ဖြစ်‌ပေမဲ့ အမျိုးသမီးအားနဲ့ကျမ ကူညီ ‌ပေးနိုင်ပါတယ်။ အခု ကျမစိတ်အားထက်သန်တာက ကျမ ‌ရှေ့ကသွားရင် ကျမ‌နောက်မှာ ကျမတို့ ကရင်လူမျိုးရှိတယ်။ အဲဒါ‌ကြောင့် ကျမက အမျိုးသမီးတစ် ‌ယောက် ဆို‌ပေမယ့် အားမငယ်ဘူး။ ကျမက အမျိုးသမီးဖြစ်လို့ ဝမ်းနည်းစရာရှိနိုင်မလား‌ပေါ့။ အမျိုးသမီးဆို ‌ပေမယ့်လည်းလုပ်နိုင်စွမ်းရှိသ‌လောက် ကိုယ့်လမ်းကို ကိုယ်‌ဖောက်နိုင်တယ်ဆိုတဲ့အတွက်‌ကြောင့် ကျမလုပ်တာပဲ။

‌မေး ။ ။ ကရင်လူမျိုးအချင်းချင်းကြား စည်းလုံးညီညွတ်မှု အ‌ခြေအ‌နေအ‌ပေါ်မှာ‌ကော ဘယ်လိုမြင်လဲ။

အခု ကျမတို့ ကရင်လူမျိုး‌တွေက ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့နဲ့ကွဲပြီး ‌နေ‌နေကြတယ်။ အဲဒါက ကျမတို့‌တော် ‌တော်စိတ်ထိခိုက်တယ်။ ကျမတို့ ကရင်လူမျိုးဟာ စည်းလုံးညီညွတ်စွာနဲ့ရှိ‌စေချင်တယ်။ ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့ မြင်ရလို့ရှိရင် ကရင်လူမျိုးအချင်းချင်းပဲ‌လေ။ တချို့က ကရင်လူမျိုးအချင်းချင်း ပစ်ကြခတ်ကြတာကို မြင်‌တွေ့ရရင် ကျမတို့ စိတ်နှလုံး ထိခိုက်ရပါတယ်။ ကျမဖြစ်ချင်တာက‌တော့ ကျမတို့ ကရင်လူမျိုး‌တွေ အားလုံး စည်းလုံးညီညွတ်မှုရှိရမယ်။ အတူလက်တွဲရမယ်။ တစ်စုံတခု ဖြစ်လာတယ်ဆိုရင် ‌သေ‌သေချာချာ စဉ်းစားရမယ်။ ကျမတို့က ကရင်လူမျိုးဖြစ်တယ်။ ကရင်လူမျိုးရဲ့စိတ်ဓာတ်ရှိရမယ်။ ကျမတို့က တစ်ခုထဲ‌သော အလံ‌တော်‌အောက်မှာ ‌နေကြတယ်။

ကျမအ‌နေနဲ့ ‌မျှော်လင့်တာက‌တော့ ကရင်လူမျိုး တစ်‌ယောက်ဖြစ်တဲ့အတွက် ‌ရေပူလို့ရှိရင် ငါး‌တွေပြန့်ကျဲမယ်။ အဲဒါ‌ကြောင့် ‌ရေက ‌အေး‌အေး‌လေးပဲ ရှိရမယ်။ ‌တော‌တောင်‌တွေမှာ ကျမတို့ ‌နေမယ်ဆိုရင်‌ရေက ‌အေးမယ်။ အဲဒီ‌ရေ‌တွေက မပူလာဖို့က ကျမတို့ ကရင်လူမျိုး‌တွေက နိုးထဖို့ လိုတယ်။ အဲဒီ‌ရေက မပူလာဖို့အတွက် ကျမတို့ ကရင်လူမျိုး‌တွေ အားလုံးနိုးထလာမယ်ဆိုရင် ကျမတို့ ကရင်လူမျိုး‌တွေဟာ ‌ရှေ့ကိုလှမ်းနိုင်မှာဖြစ်ပါတယ်။

‌မေး ။ ။ လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် ဘယ်လိုသုံးသပ်မိသလဲ။

ငြိမ်းချမ်း‌ရေးဆိုတာက ကျမတို့ တစ်ဦးတစ်‌ယောက်ထဲ လိုလားလို့ မရဘူး။ အခုကျမတို့ သုံး‌လေး‌ယောက်ထိုင်‌နေတာ နင်လည်း လိုလားရမယ်။ ကျမလည်း လိုလားရမယ်။ ဦးလည်း လိုလားရမယ်။ အစ်ကိုလည်း လိုလားမယ်။ အတူတကွ ထိုင်‌နေကြတဲ့သူ‌တွေအားလုံး လိုလားမှသာလျှင်၊ လိုလားတယ်ဆိုတာ‌တောင်မှ နှုတ်ဖျားထိပ်မှာပဲ လိုလားတာမဟုတ်ပဲနဲ့ စိတ်ရင်းအမှန်နဲ့ လိုလားမှသာ ငြိမ်းချမ်း‌ရေးက ရရှိမယ်။ အခု ငြိမ်းချမ်း‌ရေး လုပ်‌ဆောင်‌နေတာ၊ ကျမတို့ ကရင်လူမျိုး‌တွေဘက်က တကယ်ပဲကြိုးပမ်းလုပ်‌ဆောင်‌နေ‌ပေမယ့်လည်း အားလုံးက ကရင်လူမျိုးလို မဟုတ်တဲ့အတွက် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်က ဒီလိုပဲ ရှိ‌သေးတယ်လို့ပဲ မြင်ပါတယ်။