Home သတင်း တပ်ဖွဲ့ဝင် ၃ဦး တပ်မ‌တော်ထံ လက်နက်ချ၊ အလင်းဝင်မှုမှာ လုပ်ကြံမှုဟု ခွဲထွက် DKBA ငြင်းချက်ထုတ်

တပ်ဖွဲ့ဝင် ၃ဦး တပ်မ‌တော်ထံ လက်နက်ချ၊ အလင်းဝင်မှုမှာ လုပ်ကြံမှုဟု ခွဲထွက် DKBA ငြင်းချက်ထုတ်

4208

ဇူလိုင် ၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ခွဲထွက် DKBA) ကလို့ထူးဝါး တပ်မဟာ စစ်‌ကြောင်း မှူး ဗိုလ်မှူးအဆင့်ရှိ မိုးကြိုး(ခ)‌စောက‌ချောသူး ဦးစီးသည့် အဖွဲ့ဝင် ၃ဦး ဇူလိုင်လ ၆ရက်‌နေ့က ‌ကော့ကရိတ်မြို့ အမှတ်(၉၇) ‌ခြေလျင်တပ်ရင်းထံသို့ လက်နက်ချအလင်းဝင်သွားမှုမှာ မဟုတ်မမှန်သည့် လုပ်ကြံမှုတစ်ခုသာဖြစ် သည်ဟု ခွဲထွက် DKBA ဘက်က ငြင်းချက်ထုတ်ကာ ပြန်လည်‌ပြောဆိုသည်။

ခွဲထွက် DKBA ‌ပြောခွင့်ရ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “ဒီလူ‌တွေနဲ့ပတ်သက်ပြီး (၉၀၇)တပ်ရင်းက ဘယ်‌နေရာမှာ အ‌ခြေချလှုပ်ရှား‌နေလဲ။ (၉၀၇)တပ်ရင်းက ၂၀၁၅ခုနှစ် အလင်းဝင်ကတည်းက အကုန်ပါသွားကုန်ပြီး။ အခုက ဗိုလ်မှူး အဆင့်တဲ့။ ဒီဗိုလ်မှူးက ကျ‌နော်တို့လည်း မသိဘူးဗျ။ သူ့တပ်သည် ဘယ်မှာရှိလဲ၊ အ‌ပေါ်က ကွပ်ကဲမှု‌ပေါ့။ ကျ‌နော်တို့ ဒီရှိ‌နေတဲ့တပ်‌တွေနဲ့ ကွပ်ကဲ ကြိုးကိုင်တာလည်း မရှိဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထို့အပြင် ယခုလို လုပ်‌ဆောင်မှုသည် လက်ရှိ တည်ရှိ‌နေသည့် DKBA ၏ ဂုဏ်သိက္ခာနှင့် ကရင်တစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်‌ကြောင်းနှင့် ၎င်းအပြုအမူမျိုးသည် ရန်သူ၏ လုပ်‌ဆောင်‌နေကျ အထက်အရာရှိများအ‌ပေါ် ဂုဏ်ရယူလိုမှုမျိုးသာဖြစ်‌ကြောင်းလည်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ဆက်‌ပြောသည်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ ‌ကောင်းမှုရွာအ‌ခြေစိုက်သည့် ကလို့ထူးဝါး တပ်မဟာ၏ စစ်‌ကြောင်းမှူး ဗိုလ်မှူးအ ဆင့်ရှိ မိုးကြိုး (ခ) ‌စောက‌ချောသူး၊ ဗိုလ်ကြီးအဆင့်ရှိ ရဲနိုင်နှင့် တပ်ကြပ်အဆင့် ‌စောက‌ချောဝါးတို့ ၃ဦးသည် ဇူလိုင်လ ၆ရက်‌နေ့က ‌ကော့ကရိတ်မြို့၊ အမှတ်(၉၇) ‌ခြေလျင် တပ်ရင်း၏ ဗန္ဓုလခန်းမ‌ဆောင်၌ တပ်မ‌တော်ထံ လက်နက်ချ ကာ ပူး‌ပေါင်းခဲ့ကြသည်။

အဆိုပါ DKBA တပ်ဖွဲ့ဝင် ၃ဦးနှင့်အတူ M-16 ‌သေနတ် (၁)လက်၊ ကျည်(၅၁)‌တောင့်၊ 9-MM ပစ္စတို (၁)လက်၊ ကျည်(၂)‌တောင့်ကို အပ်နှံခဲ့ကြပြီး ၎င်းတို့ကို မြဝတီခရိုင် သဃင်္န်းညီ‌နောင် အ‌ခြေချစစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်‌အောင်၊ ၉၇ ‌ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌အောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများက အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြသည်။

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သ‌ဘောတူစာချုပ်-NCA တွင် လက်မှတ်မထိုးထား‌သော ကရင့်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး NCA လက်မှတ်‌ရေး ထိုးထားသည့် ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော်-DKBA အဖွဲ့မှ ၂၀၁၆ခုနှစ်က ထုတ်ပယ်ခြင်းခံခဲ့‌သော တပ်မှူး များဖြင့် ဖွဲ့စည်းထားသည်။

အလားတူ ဇွန်လ ၂၃ရက်‌နေ့ကည်း မိဇိုင်း‌တောင်‌ပေါ် ဘုရားအ‌ခြေစိုက် ခွဲထွက် DKBA အဖွဲ့ဝင် ၄၅ဦးသည် မြိုင်ကြီးငူ‌ဒေသရှိ နယ်ခြား‌စောင့်တပ်(BGF)နှင့် အစိုးရစစ်တပ်ထံ လက်နက်ခဲယမ်းများနှင့်အတူ ပူး‌ပေါင်းခဲ့ကြသည်။