Home သတင်း ကားမီး‌လောင်မှုဖြစ်စဉ်တွင် ထိန်းသိမ်းခံရသည့် မြန်မာ ၆၄ ဦး ပြန်လွတ်‌မြောက်

ကားမီး‌လောင်မှုဖြစ်စဉ်တွင် ထိန်းသိမ်းခံရသည့် မြန်မာ ၆၄ ဦး ပြန်လွတ်‌မြောက်

2977

ဇူလိုင် ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့အဝင်၊ မိုဆယ်‌ဈေးအနီးတွင် ပြီးခဲ့သည့် ဇွန် ၃ဝ ရက်‌နေ့က နှစ်ထပ်ဘတ်စ် ကား အပူလွန်ကဲပြီး မီး‌လောင်မှုဖြစ်စဉ်တွင် ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား ၆၄ ဦးသည် ယ ‌နေ့(ဇူလိုင် ၁၉ ရက်) ည‌နေပိုုင်းတွင် ပြန်လည်လွတ်‌မြောက်လာခဲ့ကြသည်။

အဆိုပါ မြန်မာနိုင်ငံသား ၆၄ ဦးသည် ထိုင်းနိုင်ငံ‌တောင်ပိုင်း မ‌လေးရှားနယ်စပ်တွင် ဇွန် ၂၉ ရက် ‌နေ့တွင် ထိုင်းတာဝန်ရှိသူများက အ‌ထောက်အထားမဲ့ဖြင့် ဖမ်းဆီးလိုက်ပြီး‌နောက် ဇွန် ၃ဝ ရက် တွင် မဲ‌ဆောက်မြိုသို့ ပြန်လည်ပို့‌ဆောင်စဉ် ယခုလို ကားမီး‌လောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘတ်စ်ကား မီး‌လောင်မှု‌ကြောင့် ကား‌ပေါ်ပါ မြန်မာနိုင်ငံသား ကျား ၅၃ ဦးနှင့် မ ၁၁ ဦး စုစု‌ပေါင်း ၆၄ ‌လေးဦးကို ထိုင်းတာဝန်ရှိသူများက စစ်‌ဆေး‌မေးမြန်းရန် ရက် ၂ဝ ကြာ ထိန်းသိမ်းခဲ့သည်။ ထို့ ‌နောက် ဇူလိုင် ၁၉ ရက်‌နေ့၊ ည‌နေ ၄ နာရီတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်‌ရေးဦးစီး ဌာန၊ ဒုခရိုင်မှူးက မြန်မာ လူဝင်မှုကြီးကြပ်‌ရေး ဦးစီးအရာရှိထံ လာ‌ရောက်လွှဲ‌ပေးခဲ့ခြင်းဖြစ်သည်။

ပြန်လွတ်‌မြောက်လာသူ အသက်၂၃ နှစ်အရွယ်ကို ထက်အာကာနိုင်က“ ကျ‌နော် ရန်ကုန်က‌နေ ပတ်စပို့လုပ်ပြီး မ‌လေးရှားနိုင်ငံမှာ တရားဝင်ဗီဇာနဲ့ အလုပ်သွားလုပ်ပါတယ်။ ဗီဇာသက်တမ်းကုန် သွား‌တော့ မ‌လေးရှားနယ်စပ်က‌နေ ထိုင်းကို ဖြတ်ပြီး မြန်မာနိုင်ငံကို ပြန်လာတာ ကားမီး‌လောင် လို့ အဖမ်းခံရတယ်။ ထိခိုက်ဒဏ်ရာရတာ‌တော့ မရှိဘူး။ ရက် ၂ဝ ဖမ်းထားတာပါ” ဟု ‌ပြောသည်။

မြန်မာနိုင်ငံသား ၆၄ ဦး ပြန်လွတ်‌ပေးရန်အတွက် မြန်မာအလုပ်သမားသံအရာရှိ ဦး‌ဝေလင်း‌မောင် က ဇူလိုင် ၁၁ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနသို့ စာ‌ရေးသား‌ပေး ပို့ခဲ့သည်ဟု တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်‌ရေးဌာနမှ သိရသည်။

“ဒီ‌လောက်ရက်အကြာကြီး ထိန်းသိမ်းခံရတာက တကယ်‌တော့ ကိုယ့်နိုင်ငံက တာဝန်ရှိတဲ့သူ‌တွေ အချိန်မီ ထိထိ‌ရောက်‌ရောက် ကူညီ‌ဆောင်ရွက်မှု အားနည်းသလိုဖြစ်‌နေတယ်”ဟု မဲ‌ဆောက်အ‌ခြေ စိုက် အ‌ထွေ‌ထွေလူမှုကူညီ‌ရေးရုံး၊ မန်‌နေဂျင်းဒါရိုက်တာ ကိုသားကြီးက သုံးသပ်‌ပြောဆိုသည်။

ပြန်လွတ်လာသူ ၆၄ ဦးကို တာဝန်ရှိသူများက လက်ခံခဲ့ပြီး‌နောက် မဲ‌ဆောက်-မြဝတီ အမှတ်(၁) ချစ်ကြည်‌ရေးတံတားမှ တဆင့်မြဝတီမြို့သို့ ‌ခေါ်‌ဆောင်လာကာ ၎င်းတို့ ‌နေရပ်ပြန်နိုင်‌ရေးအတွက် သက်ဆိုင်ရာ ကားဂိတ်များသို့ ချိတ်ဆက်ပို့‌ဆောင်ခဲ့‌ကြောင်း သိရသည်။