Home သတင်း ကာကွယ်ထိန်းသိမ်း‌ရေး‌တောစီမံကိန်းကို ဌာ‌နေ တိုင်းရင်းသားများ၏ အခွင့်အ‌ရေးအတိုင်း လုပ်‌ဆောင် ‌စေချင် ဟု CATအဖွဲ့‌ပြော

ကာကွယ်ထိန်းသိမ်း‌ရေး‌တောစီမံကိန်းကို ဌာ‌နေ တိုင်းရင်းသားများ၏ အခွင့်အ‌ရေးအတိုင်း လုပ်‌ဆောင် ‌စေချင် ဟု CATအဖွဲ့‌ပြော

2340

ဇူလိုင် ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ဌာ‌နေတိုင်းရင်းသားများ၏ အခွင့်အ‌ရေးများကို ‌လေးစားလိုက်နာပြီး ၎င်းတို့၏လူ‌နေမှုဘဝများကို မထိခိုက်‌စေ သည့် နည်းလမ်းများဖြင့် ကာကွယ်ထိန်းသိမ်း‌ရေး‌တော စီမံကိန်းကို အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်‌စေချင် ‌ကြောင်း သဘာဝပတ်ဝန်းကျင်အ‌ရေးလှုပ်ရှား‌နေသည့် တ‌နောသရီ ထိန်းသိမ်း‌ရေး မိတ်ဖက်များ(CAT) အဖွဲ့က ‌ပြောဆိုလိုက်သည်။

အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့များ ပူး‌ပေါင်းပြီး အ‌ကောင်အထည်‌ဖော် လုပ် ‌ဆောင်‌နေသည့် တနသင်္ာရီတိုင်း‌ဒေသကြီး၊ ‌တောင်ဖက်ဖျားပိုင်း‌ဒေသရှိ ကြီးမားကျယ်ပြန့်‌သော ကာကွယ် ထိန်းသိမ်း‌ရေး‌တော စီမံကိန်းအား ရည်ညွှန်း၍ (CAT) အဖွဲ့မှ ဇူလိုင် ၂၅ ရက်တွင် ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

(CAT) အဖွဲ့ ‌ဆော်ဩ‌ရေးမှူး (Convener) ‌နော်အယ်ထီးဝါးက “ဘာ‌တွေပဲလုပ်လုပ် ဌာ‌နေတိုင်းရင်းသား‌တွေရဲ့ ‌မြေယာ၊ သစ်‌တော‌တွေကို ဓ‌လေ့ထုံးတမ်းနဲ့ အညီ ထိန်းသိမ်းပုံကို အသိအမှတ်ပြု ‌လေးစားဖို့ အစိုးရနဲ့ စီမံကိန်း အ‌ကောင်အထည်‌ဖော်‌နေတဲ့ တာဝန်ရှိသူ‌တွေကို ‌တောင်းဆိုပါတယ်။ ဒါမှ ဌာ‌နေအခွင့်အ‌ရေးကို ကာကွယ်ရာ ‌ရောက်ပါမယ်။ အဲလို အလုံးစုံ အသိအမှတ်မပြုမချင်း စီမံကိန်းကို မစသင့်ပါဘူး”ဟု ‌ပြောသည်။

၂၀၁၆ ခုနှစ်မှ စတင်အ‌ကောင်အထည်‌ဖော်‌နေသည့် ယခုစီမံကိန်းကို အစိုးရ ကာကွယ်ထိန်းသိမ်း‌ရေး ဧရိ ယာအဖြစ် ‌မြေဧက ၃.၅ သန်း ‌ပေါ်တွင် ထူ‌ထောင်မည်ဖြစ်ပြီး ကုလသမဂ္ဂဖွံ့ဖြိုး‌ရေး အစီအစဉ်၏ အ‌ကောင်အ ထည်‌ဖော်မှုဖြင့် အ‌မေရိကန်‌ဒေါ်လာ ၂၁ သန်းအသုံးပြု လုပ်‌ဆောင်မည်ဖြစ်သည်။

ထိုသို့ စီမံကိန်း အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်ရာတွင် Global Environment Facility (GEF) ၏ ရံပုံ ‌ငွေဖြင့် မြန်မာအစိုးရ အပါအဝင် အပြည်ပြည်ဆိုင်ရာ ‌တောရိုင်းတိရိစာ္ဆန်နှင့် သဘာဝအပင်အဖွဲ့(FFI)နှင့် Smithsonian Institute တို့၏ ‌ထောက်ပံ့ကူညီမှုဖြင့် ‌ဆောင်ရွက်လျက်ရှိသည်ဟုလည်း CAT အဖွဲ့၏ ဇူလိုင်လ ၂၄ ရက်‌နေ့က ထုတ်ပြန်မှုများအရ သိရသည်။

စီမံကိန်းနယ်‌မြေမှာ တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်းရှိ ကျွန်းစု၊ ဘုတ်ပြင်းစသည့် မြို့နယ်များထဲမှ ကရင်ဌာ‌နေ တိုင်း ရင်းသားများ‌နေထိုင်သည့် ‌ကျေးရွာ ၇၃ ရွာ အပါအဝင် ‌ကျေးရွာစုစု‌ပေါင်း ၂၂၄ ရွာ ပါဝင်ပြီး ယင်းစီမံကိန်းမှာ သစ် ‌တောကို မှီခိုအသက်‌မွေး‌နေ‌သော ရပ်ရွာများနှင့် ၎င်းတို့၏ ‌နေထိုင်အသက်‌မွေးမှုပုံစံနှင့် အခွင့်အ‌ရေးများတွင် ထိခိုက်နစ်နာမှုများစွာရှိ‌နေ‌ကြောင်းလည်း CATအဖွဲ့က ‌ထောက်ပြ‌ပြောဆိုသည်။

CAT၏ အဖွဲ့ဝင် အဖွဲ့တစ်ခုဖြစ်‌သော ‌တောင်ပိုင်းလူငယ်ကွန်ရက်၏ ဒါရိုက်တာ ‌စောစံ‌ငွေကလည်း “ဒီ စီမံကိန်း က သူတို့ရဲ့ ‌မြေယာနဲ့သစ်‌တော အခွင့်အ‌ရေး၊ စီမံကိန်းထဲ ‌ရောက်‌နေတဲ့ သူတို့‌မြေ‌တွေဆီ ပြန်လာကြမဲ့ ဒုက္ခ သည်နဲ့ IDP (ပြည်တွင်း ‌နေရပ်‌ရွှေ့‌ပြောင်း‌နေထိုင်သူများ) အခွင့်အ‌ရေး၊ အဲဒါ‌တွေကို ခြိမ်း‌ခြောက်‌နေပြီး‌တော့ ‌ဒေသတွင်းမှာ ငြိမ်းချမ်းတည်ငြိမ်မှုကို ပျက်ပြား‌စေနိုင်ပါတယ်”ဟု CAT၏ ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်‌နေသည့် ယခုစီမံကိန်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂဖွံ့ဖြိုး‌ရေး အစီအစဉ် (UNDP) ၏ လူမှု‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွှန်ချက်များကို ချိုး‌ဖောက်မှု ရှိ၊ မရှိ စစ်‌ဆေး‌ပေး ရန် CAT အဖွဲ့မှ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် UNDP ၏ လူမှု‌ရေးနှင့် သဘာဝပတ်ဝန်းကျင်‌ရေးရာ ဌာနခွဲ (SECU)သို့ ကန့်ကွက်လွှာတင်ခဲ့ပြီး ‌တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ထိုကန့်ကွက်လွှာ အကျုံးဝင်သွားပြီး‌နောက် SECU က နှစ်ကြိမ်‌သော စုံစမ်းစစ်‌ဆေးမှု၏ ပထမဆုံးအဖြစ် ဇူလိုင် ၁၈ ရက်‌နေ့မှ ၂ဝ ‌နေ့အထိ သက်ဆိုင်ရာ ရပ်ရွာများသို့ သွား‌ရောက်စုံစမ်းစစ်‌ဆေးခဲ့သည့်အပြင် အပြီးသတ်စုံ စမ်းစစ်‌ဆေး‌ရေး အစီရင်ခံစာကို ၂၀၂ဝ ခုနှစ် အ‌စောပိုင်းတွင် ထုတ်ပြန်နိုင်ရန် ‌မျှော်လင့်‌ကြောင်း SECU ‌ဒေသခံ များအား အသိ‌ပေးထားသည်ဟု သိရသည်။

ကာကွယ်ထိန်းသိမ်း‌ရေး‌တောစီမံကိန်းအ‌ရေး ‌ဒေသခံများဘက်မှ‌ထောက်ပြ‌ပြောဆိုမှုများပြုလုပ်‌နေသည့် Conservation Alliance of Tanawthari- CAT အဖွဲ့ကို လူထုနှင့်အတူ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်း‌ရေးနှင့် ဌာ‌နေတိုင်းရင်းသားများ၏ အခွင့်အ‌ရေးကာကွယ်ရန် ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်အရပ်ဘက် အဖွဲ့အစည်း(၆)ဖွဲ့မှ စု‌ပေါင်းထားသည့် မိတ်ဖက်အဖွဲ့တစ်ခုဖြစ်သည်ဟုလည်း သိရသည်။