Home သတင်း EU နှင့် အခြားအလှူရှင်များ မြန်မာဒုက္ခသည်များကို ပြန်လည်‌ထောက်ပံ့ရန် ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက် ‌တောင်းဆို

EU နှင့် အခြားအလှူရှင်များ မြန်မာဒုက္ခသည်များကို ပြန်လည်‌ထောက်ပံ့ရန် ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက် ‌တောင်းဆို

2124

ဇွန်လ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ဥ‌ရောပ သမဂ္ဂ(EU)အပါအဝင် ဗြိတိန်နိုင်ငံနှင့် အခြားအလှူရှင်များအ‌နေဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံအ‌ရှေ့ပိုင်းရှိ ဒုက္ခသည်များ၊ စစ်‌ဘေး‌ရှောင်များအတွက် အ‌ခြေခံအ‌ထောက်အပံ့များကို ပြန်လည်ကူညီ‌ထောက်ပံ့‌ပေးရန် က ရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက်-KPSNက ယ‌နေ့ (ဇွန်လ၂ဝရက်)တွင် ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့၌ ‌ကြေညာချက်ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ဖြစ်‌ပေါ်တိုးတက်မှုမရှိခြင်းနှင့်အတူ အာမခံချက်ရှိသည့် နိုင်ငံ‌ရေးတိုးတက် ‌ပြောင်းလဲမှုမရှိ‌သေးသည့်အ‌ပေါ် ဒုက္ခသည်များ မိမိ‌နေရပ်ပြန်ရန် မဖြစ်နိုင်‌သေး‌သော‌ကြောင့် ကူညီ‌ထောက်ပံ့ မှုများကို ပြန်လည်‌ပေးအပ်ရန် လိုအပ်ခြင်းဖြစ်သည်ဟု KPSN ၏ ‌ပြောခွင့်ရ ‌စောအဲလက်စ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “နိုင်ငံ‌ရေးအ‌ခြေအ‌နေ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုအ‌ခြေအ‌နေက ဘာတိုးတက်မှုမှမရှိတဲ့ အ‌ခြေအ‌နေအ ‌ပေါ်မှာ ဒီဒုက္ခသည်‌တွေပြန်လို့ရှိရင် ဘယ်‌လောက်ထိ ဘဝအာမခံချက်‌တွေ သူတို့ရဲ့ နိုင်ငံ‌ရေးအခွင့်အ‌ရေး‌တွေ လူမှု‌ရေးအခွင့်အ‌ရေး‌တွေ အခြားအခွင့်အ‌ရေးဆိုင်ရာ ကိစ္စရပ်‌တွေရပါ့မလား ။ အကာအကွယ် အ‌သေ အချာရပါ့ မလား။ ဒီလူ‌တွေပြန်လို့ ‌နောက်တစ်‌ခေါက် ဒုက္ခသည်ဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဒီစိုးရိမ်ချက်‌တွေ ရှိတဲ့အ ‌ပေါ်မှာ ဒီဒုက္ခသည်‌တွေကို အစာ‌ရေစာဖြတ်မှာထက် ဒီလူ‌တွေကို ဒီမှာပဲစိတ်ချလုံခြုံတဲ့ဟာမျိုးကို ဆက်‌ပေး‌စေ ချင်တယ်”ဟု ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေး၊ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ဖြစ်စဉ်များ တိုးတက်‌ပြောင်းလဲမှုမရှိသည့်အပြင် ပိုပြီး ‌တော့မှ ဆုတ်ယုတ်သွားသည့် အ‌နေအထားတွင် ဒုက္ခသည်များကို အ‌နောက်နိုင်ငံများနှင့် ထိုင်းနိုင်ငံအစိုးရမှ ပြန်ပို့ရန် ‌ဆွေး‌နွေးမှုများ၊ စတင်လုပ်‌ဆောင်မှုများရှိ‌နေသည်။

တစ်ဖက်တွင်လည်း ဒုက္ခသည်များကို သွယ်ဝိုက်‌သော နည်းဖြင့် ရိက္ခာများကို ဖြတ်‌တောက်၍ မပြန်မ‌နေရဆိုသည့် တွန်းပို့မှုများရှိ‌နေခြင်းအစား နိုင်ငံ‌ရေး အ‌ခြေအ‌နေ တိုးတက်‌ကောင်းမွန်လာ‌စေရန် နိုင်ငံတကာ အသိုင်းအဝိုင်းအ‌နေဖြင့် တွန်းတွန်း တိုက်တိုက်လုပ် ‌စေချင်‌ကြောင်းလည်း ‌စောအဲလက်စ်က ဆက်‌ပြောသည်။

၂၀၁၂ခုနှစ်မှစ၍ မြန်မာနိုင်ငံအတွင်း အစိုးရ၊ တပ်မ‌တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အ ကြား အပစ်အခတ်ရပ်စဲမှုနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုများလုပ်‌ဆောင်လာခြင်းနှင့်အတူ ထိုင်း-မြန်မာ နယ်စပ် တစ်‌လျှောက်ရှိ ကရင်၊ ကရင်နီ(ကယား)၊ သျှမ်း(ရှမ်း)၊ မွန်စသည့် ဒုက္ခသည်စခန်းများနှင့် ပြည်တွင်းစစ်‌ရှောင် ဒုက္ခသည်များ(IDPs)စခန်းများကို နိုင်ငံတကာကူညီ‌ထောက်ပံ့မှုများ‌လျှော့ချဖြတ်‌တောက်မှုများ ပြုလုပ်လာခဲ့ ‌ကြောင်း စခန်းတာဝန်ရှိသူများက ဆိုသည်။

ထို့အပြင် ယခင်နှစ်များမှစ၍ သျှမ်း(ရှမ်း)၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် အစိုးရတပ်မ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား စစ်‌ရေးအရ တိုက်ခိုက်မှုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အ ကြား နယ်‌မြေပိုင်ဆိုင်ခြင်းဆိုင်ရာ စစ်‌ရေးပဋိပက္ခများ‌ကြောင့် သိန်းနှင့်ချီသည့် ပြည်တွင်း စစ်‌ရှောင်ဒုက္ခသည် များ (IDPs) ‌ပေါ်ထွက်လာခဲ့ပြီး နိုင်ငံတကာ၏ ကူညီ‌ထောက်ပံ့မှုများ အပြည့်အဝမရှိသည့်အပြင် အကူအညီ ‌ပေးပို့မှုများကိုလည်း တပ်မ‌တော်နှင့် အရပ်သားအစိုးရတို့မှ ကန့်သတ်မှုများပြုလုပ်ခဲ့‌ကြောင်း KPSNက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ‌မေလ ၂၃ ရက်‌နေ့တွင်လည်း သျှမ်းလူ့အခွင့်အ‌ရေးမဏ္ဍိုင်နှင့် သျှမ်းပြည်နယ်ဒုက္ခသည် များဆိုင်ရာ‌ကော်မတီတို့မှ သျှမ်း-ထိုင်းနယ်စပ်တစ်‌လျှောက်‌နေထိုင်သည့် ဒုက္ခသည်များအ‌နေဖြင့် စားနပ်ရိက္ခာ အ‌ရေးတကြီးလိုအပ်‌နေ‌သေးသလို လုံခြုံ‌ရေးဆိုင်ရာ ခြိမ်း‌ခြောက်ခံရမှုများရှိ‌နေ‌ကြောင်းလည်း ‌ကြေညာ ချက်တစ်‌စောင်ထုတ်ပြန်ခဲ့သည်။

မြန်မာ့တပ်မ‌တော်သည် ဒုက္ခသည်များ၊ စစ်‌ဘေး‌ရှောင်များဖြစ်‌ပေါ်လာ‌စေရန် အဓိက တရားခံဖြစ်သလို ဒုက္ခ သည်များ‌နေရပ်ပြန်ရန် ‌ဘေးကင်းလုံခြုံမှုမရှိသည့်အ‌ခြေအ‌နေဖန်တီး‌နေ‌သော တပ်မ‌တော်အား ထိ‌ရောက် သည့် အ‌ရေးယူမှုများပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ငြင်းပယ်‌နေခြင်း‌ပေါ် စိုးရိမ်မှုများရှိ‌ကြောင်းလည်း KPSN၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

၎င်းအပြင် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ‌ရေးသားရန် ဖွဲ့စည်းလိုက်သည့် ကုလသမဂ္ဂ၏ အချက်အလက်ရှာ ‌ဖွေး‌ရေးအဖွဲ့ကို ‌ထောက်ခံသည့် နိုင်ငံများအ‌နေဖြင့် တပ်မ‌တော်အား နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ရန်၊ UN လုံခြုံ‌ရေးတပ်သားများ ဝင်‌ရောက်လာ‌စေရန်၊ မြန်မာ့တပ်မ‌တော်နှင့် ၎င်းတို့၏ စီးပွား‌ရေးလုပ်ငန်းများအား ‌ငွေ ‌ကြေးဆိုင်ရာ ပိတ်ဆို့မှုများကို လုပ်‌ဆောင်ရန်တို့ပါဝင်သည့် UN၏ အကြံပြုချက်များအ‌ပေါ် ‌ထောက်ခံခြင်းနှင့် အ‌ကောင်အထည်‌ဖော်‌ဆောင်ခြင်းများပျက်ကွက်ခဲ့ခြင်း‌ကြောင့် တပ်မ‌တော်အ‌နေဖြင့် ပြစ်ဒဏ်မှ ကင်းလွှတ်ခွင့် ရ‌နေသ၍ ဒုက္ခသည်များ ‌ဘေးကင်းလုံခြုံစွာ‌နေရပ်ပြန်ခြင်းထက် ဒုက္ခသည်ဦး‌ရေပိုမိုများပြားလာမှုကိုသာ ဦးတည်‌နေ‌ကြောင်း KPSN၏ ‌ကြေညာချက် ‌ဝေဖန်‌ထောက်ပြထားသည်။

ယ‌နေ့ ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ မြန်မာဒုက္ခ သည်စခန်း များ၊ ဒုက္ခသည်အ‌ရေး ကူညီမှု‌ပေး‌နေသည့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများအပါအဝင် ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက်-KPSN စသည့် အဖွဲ့အစည်းတို့မှ ဦး‌ဆောင်၍ ကမ္ဘာ့ဒုက္ခသည်များ‌နေ့ လှုပ်ရှားမှုများကို အသီးသီးပြုလုပ်ခဲ့ကြသည်။

၁၉၅၁ ခုနှစ်တွင် ပြုလုပ်သည့် ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း၏ ၅ဝ ကြိမ်‌မြောက် နှစ်ပတ်လည်တွင် ချမှတ် ခဲ့သည့် သ‌ဘောတူညီချက် အမှတ် ၅၅/၇၆ ကို ဒီဇင်ဘာလ ၄ ရက်၂၀၀ဝ ခုနှစ်၌ နှစ်စဉ်ပြုလုပ်သည့် UN အ ‌ထွေ‌ထွေ ညီလာခံတွင် ဇွန်လ ၂ဝ ရက်‌နေ့ကို ကမ္ဘာ့ဒုက္ခသည်များ‌နေ့ (World Refugee Day) အဖြစ် သတ် မှတ်ခဲ့သည်။