Home တွေ့ဆုံမေးမြန်းခန်း ၁ဝဝ မဂ္ဂဝပ်ဆိုလာစီမံကိန်း ‌ဆောင်ရွက်မည့်အစီအစဉ်အ‌ပေါ် ကရင်ဝန်ကြီး‌နော်ပန်းသဉ်ဇာမျိုးနှင့် ‌တွေ့ ဆုံခြင်း

၁ဝဝ မဂ္ဂဝပ်ဆိုလာစီမံကိန်း ‌ဆောင်ရွက်မည့်အစီအစဉ်အ‌ပေါ် ကရင်ဝန်ကြီး‌နော်ပန်းသဉ်ဇာမျိုးနှင့် ‌တွေ့ ဆုံခြင်း

3114

ရန်ကုန် တိုင်း‌ဒေသကြီး တိုက်ကြီးမြို့နယ်၊ ‌ဂွေးကုန်း‌ကျေးရွာတွင် နိုင်ငံခြားကုမ္ပဏီမှ ‌ဒေါ်လာသန်း ၁၀ဝ ဖိုးခန့်ရှိ 100 MW Solar Power Project Plant ‌ဆောင်ရွက်မည့် အစီအစဉ်အတွက် ပြီးခဲ့သည့် ဇွန်လ ၁ဝရက်တွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးနှင့် တာဝန်ရှိသူများက ကနဦး‌နေရာကြည့်ရှုပြီး ‌ဒေသခံပြည်သူများနှင့်‌တွေ့ဆုံခဲ့သည်။

အဆိုပါ ‌တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဝန်ကြီး‌နော်ပန်းသဉ်ဇာမျိုးအား ‌ကေအိုင်စီမှ သီးသန့်‌တွေ့ဆုံ‌မေးမြန်းထားသည်။

‌ကေအိုင်စီ ။ ။ ဒီကိုလာဖြစ်ရတဲ့ ရည်ရွယ်ချက်က‌လေး သိပါရ‌စေ။

ကျမတို့ ‌မှော်ဘီ‌ပေါ့၊ ‌မှော်ဘီနဲ့ ထန်းတစ်ပင်စပ်ကြားမှာရှိတဲ့ ‌ရေတံခါး ‌ကျေးရွာနားမှာ ဧက တစ်‌ထောင်(၁,၀၀၀) ပတ်ဝန်းကျင်ရှိတဲ့ လယ်‌မြေ‌ပေါ်မှာ Solar Power Plant Project ရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုပြီး‌တော့ ကုမ္ပဏီတစ်ခု က အဆိုတင်သွင်းလာတယ်။ တင်သွင်းလာတဲ့ ဒီ‌မြေ‌ပေါ်မှာ ကျမတို့ဘက်က အစိုးရက‌နေပြီး‌တော့ ဒီ‌မြေ‌တွေ ကို ပြည်သူလူထုက‌နေပြီး‌တော့ ရှုလိုက်ပြီး‌တော့ အသိမ်းခံရတဲ့ ဒီ‌မြေ‌တွေကို အသိမ်းခံရတဲ့ ပြည်သူ‌တွေကို ၂ဝ ရာခိုင်နှုန်း အခြား‌မြေသုံးချခွင့်ပြန်‌ပေးမယ်။ အခြား‌မြေသုံးချခွင့်ရမယ်ဖြစ်တဲ့အတွက်‌ကြောင့် ‌ဒေသခံလူထု (၅၂) ဦးရှိတယ် ‌တောင်သူ။ အားလုံးသ‌ဘောတူကြတယ်။ သ‌ဘောတူကြပြီး‌တော့ သူတို့ပြန်ရမဲ့ (၂၀) ရာခိုင်နှုန်းက အခြား‌မြေအသုံးချခွင့်ရတဲ့ ‌မြေဖြစ်သွားမယ်။ ‌မြေ‌ဈေးလည်းတက်သွားမှာဖြစ်တဲ့အတွက်‌ကြောင့် ဖြစ်ပါတယ်။ ကျန်တဲ့ (၈၀)ရာခိုင်နှုန်းကို ကုမ္ပဏီကို Solar power Plant Project လုပ်ဖို့အတွက် အစိုးရ ပြန်‌နေရာ ချမယ်။ အဲ့‌တော့ ပြန်‌နေရာချပြီး‌တော့ ဒီ‌မြေကို အသုံးချခွင့်ရသွားတဲ့ကုမ္ပဏီက‌နေပြီး‌တော့ နိုင်ငံ ‌တော်ကို ‌ပေးအပ်ရမယ့် တန်ဖိုး‌တွေကို အကုန်လုံး‌ပေးသွင်းရမှာဖြစ်ပါတယ်။ ဒါ‌တွေကို ကျမတို့ ဆက်လက်ညှိ နှိုင်းသွားမယ်။

ဒီ စီမံကိန်းကို လုပ်မဲ့ကိစ္စကိုလည်း ကျမတို့က ရန်ကုန်တိုင်း‌ဒေသကြီးရဲ့ လွှတ်‌တော်ကို တင်ပြရ အုံးမှာဖြစ်ပါ တယ်။ အခုလက်ရှိကနဦးက ပြည်သူလူထုရဲ့ သ‌ဘောထားကို ‌တောင်းခံတယ်။ ပြည်သူလူထုက ဒီလို Basic Model မျိုးနဲ့ (၈၀) (၂၀) သွားမယ်ဆိုတဲ့ဟာကို သ‌ဘောတူပြီးသွားပြီးဆိုတဲ့ လယ်သမား‌တွေကို စု‌ပေါင်းပြီး ‌တော့ ကျမတို့ ဘက်က‌နေပြီး‌တော့ လွှတ်‌တော်မှ ဒီကုမ္ပဏီက ဒီ‌နေရာ ဒီလိုရင်းနှီးမြှုပ်နှံမယ်။ ဒါကို လွှတ် ‌တော်က သ‌ဘောတူ၊ မတူ ကျမတို့က လွှတ်‌တော်မှာ ပြန်တင်ပြမယ်။ လွှတ်‌တော်သ‌ဘောတူပြီးဆိုရင် ကျမတို့ က ဒီ‌မြေစာရင်း‌တွေကို‌ကော လွှတ်‌တော်ရဲ့ သ‌ဘောတူညီချက်ကို‌ကော စု‌ပေါင်းပြီး‌တော့ ပြည်‌ထောင်စု လွှတ် ‌တော်ကို တင်ပြမှာဖြစ်ပါတယ်။ ပြည်‌ထောင်စု အစိုးရက‌နေပြီး‌တော့ ဒီ အခြား‌မြေအသုံးချခွင့်ကို ပြန်ချ‌ပေး လိုက်ပြီးဆို‌တော့မှ ကျမတို့က ဥပ‌ဒေ လုပ်ထုံး၊ လုပ်နည်းအတိုင်း ပြည်‌ထောင်စု ဥပ‌ဒေချုပ်ရုံးကို တင်ပြပြီး‌တော့ ဆက်လက်ပြီး‌တော့ အ‌ကောင်အထည်‌ဖော်ရမှာဖြစ်ပါတယ်။ Project က ဧက တစ်‌ထောင်မှာ ၁၀ဝမဂ္ဂဝပ် Solar Power Plant Project ဖြစ်ပါတယ်။ ဒီ‌ဒေသတွင်းမှာလိုအပ်တဲ့ လျှပ်စစ်လိုအပ်ချက် ‌ကျေးရွာအ တွင်းမှာ လိုအပ်တဲ့ လျှပ်စစ်လိုအပ်ချက်ကို အများကြီးဖြည့်ဆည်း‌ပေးနိုင်မဲ့ Project တစ်ခုဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ ဒီရင်းနှီးမြှုပ်နှံမှုကို ဘယ်နိုင်ငံက‌နေ လာ‌ရောက်ရင်းနှီးမြှုပ်နှံမှာလဲ။

ဒီရင်းနှီးမြှုပ်နှံမှုက တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား နှစ်‌ယောက်‌ပေါင်းပြီး‌တော့လုပ်မဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါ တယ်။ ဒီ Power Plant နဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုတိုင်းကို ကျမတို့ အ‌နေနဲ့ နိုင်ငံအားလုံးကို ဖိတ်‌ခေါ်ထားပါ တယ်။ စွမ်းအင်နဲ့ပတ်သက်လို့ ကျမတို့က တစ်နိုင်ငံထဲကိုပဲ မမှီခိုပါဘူး။ ဂျပန်ပဲလာလာ၊ ကိုရီးယားပဲလာလာ၊ တရုတ်ပဲလာလာ၊ အ‌နောက်ဥ‌ရောပပဲလာလာ၊ ဘယ်နိုင်ငံပဲလာလာ ဘယ်နိုင်ငံမဆို ကျမတို့ နိုင်ငံမှာ လွတ်လပ်စွာလာ‌ရောက် ရင်းနှီးမြှုပ်နှံလို့ရတယ်။ ရင်းနှီးမြှုပ်နှံခွင့်ကို တန်းတူအခွင့်အ‌ရေး‌တွေ‌ပေးထားတယ် ။ ဥပ‌ဒေအတိုင်းပဲ။ တစ်နိုင်ငံထဲကိုပဲ ပိုပြီး‌တော့ ဖွင့်‌ပေးပြီး‌တော့ တစ်နိုင်ငံထဲကိုပဲ အားကိုးမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဒီစွမ်းအင်ကဏ္ဍက‌နေပြီး‌တော့ ထိပါးနိုင်တဲ့အတွက်‌ကြောင့်မို့လို့ နိုင်ငံ‌ပေါင်းစုံ လာ‌ရောက်ရင်းနှီးမြှုပ်နှံမှုကို ကျမတို့ အစိုးရအ‌နေနဲ့ Welcome (ကြိုဆို) ဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ ဒီ Project ကို ဘယ်နှစ်မှာ စနိုင်မယ်လို့ ခန့်မှန်းနိုင်သလဲ။

ကျမတို့အခု ပြည်သူက ၅၂ ဦးရှိတယ်။ မူရင်း ပိုင်ရှင်က အကုန်သ‌ဘောတူသွားပြီး။ တူသွားပြီးဆို‌တော့ ဒီ ၁၇ ရက်‌နေ့ ရန်ကုန်တိုင်း လွှတ်‌တော်‌ခေါ်မယ်။ ဒီလွှတ်‌တော်အကြိမ်အ‌ရေအတွက်မှာ ဒီ Project နဲ့ပတ်သက်လို့ တင်သွင်းနိုင်‌အောင် ကျမကြိုးစားမယ်။ လွှတ်‌တော်ကို ဒီ ဇွန်၊ ဇူလိုင်အတွင်းမှာ အတည်ပြုလိုက်နိုင်ပြီးဆိုရင် ပြည်‌ထောင်စု အစိုးရကို ဆက်တင်မှာဖြစ်ပါတယ်။ လာမဲ့ ၁ဝ လပိုင်း ၁၁ လပိုင်း‌လောက်မှာ စာရွက်စာတမ်း‌တွေ အကုန်လုံးသ‌ဘောတူညီမှု‌တွေရရှိမယ်လို့ ‌မျှော်လင့်ပါတယ်။ အားလုံးအဆင့်တိုင်း၊ အဆင့်တိုင်း သ‌ဘောတူ ညီပြီး အဆင်‌ပြေ‌ချော‌မွေ့ခဲ့ရင်‌တော့ လာမဲ့ ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာ‌လောက်မှာ လုပ်ငန်းကို အ‌ကောင် အထည်‌ဖော်နိုင်ဖို့ရာ စတင်‌ဆောင်ရွက်မှာဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ ဒီ Project နဲ့ပတ်သက်လို့ ‌ဒေသခံပြည်သူ‌တွေ အကျိုးအမြတ် ဘယ်‌လောက်ခံစားရမှာလဲ။

နံပါတ် (၁)က အဲ့ဒီ Project ရှိတဲ့လမ်းကို ကုမ္ပဏီက ‌သေ‌သေချာချာ ကျကျနနဖြစ်‌အောင် ‌ဖောက်‌ပေးရမှာဖြစ် ပါတယ်။ လမ်းပန်းဆက်သွယ်‌ရေး လမ်းရသွားမယ်။ မြစ်ရဲ့ ကမ်းနဖူးဖြစ်တဲ့ အတွင်းပိုင်းကျတဲ့အတွက် အခု ‌လော‌လောဆယ် လမ်းပန်းဆက်သွယ်‌ရေး မ‌ကောင်းဘူး။ ဒီကုမ္ပဏီ ဝင်လာပြီးတဲ့ အခါကျရင် လမ်းပန်း ဆက် သွယ်‌ရေး‌ကောင်းသွားမယ်။ ဒီမြို့နယ် နှစ်မြို့နယ်မှာရှိတဲ့ ‌ကျေးရွာ‌တော်‌တော်များများ မီးမရ‌သေးဘူး။ ဒီ‌ကျေးရွာ‌တွေအကုန်လုံး လျှပ်စစ်မီးရရှိဖို့အတွက် ဖြစ်သွားမယ်။

ပြီး‌တော့ ဒီ Solar Power Plant က ‌ရေနက်ကွင်းမှာ လုပ်တာဖြစ်တဲ့အတွက်‌ကြောင့်မို့လို့ မိုးတွင်းမှာ ‌ရေ‌တွေ ကြီးပါတယ်။ ‌ဒေသခံ‌တွေ တစ်ရာသီပဲ မိုး‌နှောင်းကာလ‌လောက်မှာ တချို့‌နေရာ‌တွေမှာ လယ်စပါးစိုက် လို့ရပါတယ်။ တချို့‌နေရာ‌တွေမှာ စိုက်လို့မရပါဘူး။ ဆိုတဲ့အခါမှာ တမံတုတ်လိုက်ပြီး‌တော့ အင်းပုံစံ ငါးကန်‌လေး‌တွေလို အ‌သေး‌သေး‌လေး‌တွေစီပြီး လုပ်လိုက်မှာဖြစ်ပါတယ်။ တကယ်ပြန်လက်ခံရရှိမဲ့ ‌တောင်သူလယ်သမားက အခြား‌မြေအသုံးချခွင့်ဆိုရင် ဒီလိုငါးကန်လုပ်ငန်းခွင်ကို အလွယ်တကူ လုပ်လို့ ရသွားမှာဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ တစ်ရာသီပဲစိုက်လို့ရတဲ့ လယ်ယာ‌မြေကဏ္ဍကစပြီး‌တော့ တစ်နှစ်ပတ်လုံး လည်ပတ်လို့ရတဲ့ ‌မွေးမြူ‌ရေးလုပ်ငန်း အခွင့်အလမ်းကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့်မို့လို့ မူရင်းပိုင်ရှင် လယ်သမားအားလုံး( ၅၂) ‌ယောက်လုံးက ချက်ချင်း သ‌ဘောတူတာပဲ ဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ ရန်ကုန်တိုင်းအတွင်းမှာ ဒီ Project ဘယ်နှစ်ခုလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ကျမတို့ ရန်ကုန်တိုင်း‌ဒေသကြီးအပြင်မှာ စည်ပင်သာယာ ဧရိယာပြင်ပမှာ ကိုကိုးကျွန်းအပါ ၁၂ မြို့နယ် ရှိတယ်။ ကိုကိုးကျွန်းက ‌ဝေးလွန်းလို့ ဖယ်လိုက်ရင် ၁၁ မြို့နယ်ရှိတယ်။ ၁၁မြို့နယ်လုံးမှာ ဧက ၁,ဝဝဝ(တစ်‌ထောင်)၊ တစ်‌ထောင် Project ‌တွေ အ‌ကောင်အထည်‌ဖော်ဖို့ ရှိပါတယ်။ ဒါက ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုလုပ်လိုသူ ‌တွေအတွက် ဖြစ်ပါတယ်။ လုပ်ငန်း‌သေး‌သေး‌လေး‌တွေ ‌ဒေါ်လာ ငါးသန်း(၅,၀၀၀,၀၀၀)‌အောက် လုပ်လိုတဲ့ ကုမ္ပဏီ‌တွေ၊ ‌ဒေါ်လာငါးသန်း(၅,၀၀၀,၀၀၀)အထက် လုပ်လိုတဲ့ရှိပြီးသား စက်မှုဇုံ‌တွေမှာ လုပ်လိုတဲ့ကုမ္ပဏီ ‌တွေ လည်းရှိပါတယ်။ ဒီကုမ္ပဏီ‌တွေကိုလည်း (Welcome )ဖြစ်ပါတယ်။ အသစ်လုပ်လိုတဲ့ သူ‌တွေကျ‌တော့ အခု စည်ပင်သာယာဧရိယာပြင်ပ ၁၁ မြို့နယ်မှာ ဧက ၁,ဝဝဝ(တစ်‌ထောင်) Project ‌တွေမှာ လုပ်နိုင်ဖို့အတွက် အခွင့်အလမ်း‌တွေကို ဖွင့်ထား‌ပေးပါတယ်။ ‌လော‌လောဆယ်က‌တော့ လှည်ဦးစက်မှုဇုန်၊ ထန်းတစ်ပင်စက်မှုဇုန် နဲ့ ဒီ‌မှော်ဘီမှာရှိတဲ့ ဒီ Solar Power Plant နဲ့ပတ်သက်တဲ့ Project တစ်ခုဖြစ်ပါတယ်။ Project ‌လော‌လော ဆယ်‌တော့ သုံးခုရှိသွားပြီးဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ ဒီ Project ‌တွေလုပ်လာရင် ဘာအခက်အခဲ‌တွေ ‌တွေ့လာနိုင်တယ်လို့ ထင်လဲ။

ကျမတို့က ‌ဒေသခံပြည်သူလူထု‌တွေ သ‌ဘောတူညီမှုရရှိဖို့က အဓိကပါ။ အဲ့‌တော့ Project ရဲ့ ‌ကောင်းကျိုး၊ ဆိုးကျိုး ‌ကောင်းလာနိုင်တဲ့ အ‌ခြေအ‌နေ အခွင့်အလမ်း‌တွေကို ကျမတို့က ပြည်သူလူထု‌တွေ နားလည် သ‌ဘော ‌ပေါက်‌အောင် ရှင်းပြပါတယ်။ ‌မေးစရာ ‌မေးခွန်းမရှိ‌လောက်‌အောင် နားလည်သ‌ဘော‌ပေါက် ‌အောင် ရှင်းပြ ပါ တယ်။ ပွင့်လင်းမြင်သာ‌အောင် ချပြတယ်။ အဲ့ဒါကို ပြည်သူလူထုက နားလည်‌ကျေနပ်ပြီး သ‌ဘော ‌ပေါက်သွား ပြီး‌တော့မှ လက်မှတ်ထိုးတာဖြစ်ပါတယ်။ လက်မှတ်ထိုးပြီးတဲ့အခါကျ ‌တော့ ဒါကို အမြန်ဆုံးအ‌ကောင် အထည် ‌ဖော်လာဖို့အတွက် ရင်းနှီးမြှုပ်နှံမဲ့ ကုမ္ပဏီကို စာချုပ်စာတမ်းခိုင်ခိုင်မာမာ ဥပ‌ဒေ နဲ့အတူတူ ချုပ်ဆိုပြီး‌တော့မှ သူတို့ Face by Face အပိုင်းလိုက်၊ အပိုင်းလိုက် အမြန်ဆုံးအ‌ကောင်အထည်‌ဖော်နိုင်‌အောင်လည်း ကျမတို့က တွန်းအား‌ပေးသွားရမှာ ဖြစ်ပါတယ်။

သူသည် စာချုပ်ပါအတိုင်း အ‌ကောင်အထည်‌ဖော်နိုင်ခြင်း ရှိ၊ မရှိကိုလည်း ‌စောင့်ကြည့်‌လေ့လာသွားပြီး ‌တော့ တကယ်‌ဒေသခံပြည်သူလူထုက ဒီအကျိုး‌ကျေးဇူး‌တွေအားလုံးကို ရရှိသွားတဲ့အထိ ကျမတို့က အ‌ကောင် အထည်‌ဖော်‌ဆောင် ရမှာဖြစ်ပါတယ်။ အခု‌လော‌လောဆယ်က‌တော့ Initial State (ကနဦးအ‌ခြေအ‌နေ)မှာ ပဲရှိပါ‌သေးတယ်။ ပြည်သူလူထုက သ‌ဘောတူပြီး လွှတ်‌တော်ကို ဖြတ်ရအုံးမယ်။ ပြည်‌ထောင်စုအစိုးရအဖွဲ့ကို တင်ပြရအုံးမယ်။ ဒီအဆင့်ကြီး (၃)ဆင့်ကို ‌ကျော်ဖြတ်ပြီးသွားတဲ့အခါကျ‌တော့ အ‌ကောင်အထည်‌ဖော်တဲ့အပိုင်း‌တွေ လာမှာဖြစ်ပါတယ်။

အ‌ကောင်အထည်‌ဖော်တဲ့‌နေရာမှာ ဒီ ပိုက်ဆံ‌တွေကို ပထမနှစ်အတွင်း ‌ဒေါ်လာသန်းဘယ်‌လောက် သယ်လာ မှာလဲ။ ‌ဒေါ်လာသန်း(၅၀)သယ်လာမှာလား၊ သန်း(၁၀၀) သယ်လာမှာလား၊ ဘယ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှာ လဲ။ ဘယ်လုပ်ငန်း ရင်းနှီးမြှုပ်မှု‌တွေကို ‌ခေါ်လာမှာလဲ။ သူ့အပြင် ‌နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့် ဘယ်လိုကုမ္ပဏီ မျိုး‌တွေ ထပ်ပါလာမှာလဲ။ ‌နှောင်လာမဲ့ (၉)နှစ် အတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း‌တွေ ဘယ်‌လောက်ဖန် တီး‌ပေးနိုင်မှာလဲ။ ဒီစက်မှုဇုန်‌တွေကို နိုင်ငံရဲ့ GDP ကို ဘယ်‌လောက် Contribution (‌ထောက်ပံ့မှု) လုပ်နိုင်မှာလဲ။ ဒီစက်ရုံ၊ အလုပ်ရုံ‌တွေ တိုးပွားလာတဲ့အတွက် ‌ဒေသထွက်ကုန်‌တွေကို ဘယ် ‌လောက်ထုတ်လာနိုင်မှာလဲ။ Export (ပို့ကုန်) ဘယ်‌လောက်ထွက် နိုင်မှာလဲ။ Import(သွင်းကုန်) အ‌နေနဲ့‌ကော Substitute (အစားထိုးသည့် အရာ) ဘယ်‌လောက် ရသွားမလဲဆိုတဲ့ မူတည်ချက်‌တွေ အ‌ပေါ်မှာမူတည်ပြီး‌တော့ Social Impact (လူမှု‌ရေး အကျိုးသက်‌ရောက်မှု)ရှိမယ်။ Environment Impact (သဘာဝပတ်ဝန်းကျင်အကျိုးသက်‌ရောက်မှု)ရှိမယ်။ အဲ့ဒါ‌တွေ အကုန်လုံးကို Study (‌လေ့လာမှု)လုပ်ထားပြီး‌တော့ Report(အစီရင်ခံစာ) ‌တွေအ‌ပေါ်မှာ မူတည် ပြီး‌တော့ အဲ့ဒီထွက်လာတဲ့ အစီရင်ခံစာ‌တွေအတိုင်း ‌ဆောင်ရွက်သွားဖို့အတွက်ကို ကုမ္ပဏီနဲ့အစိုးရနဲ့ လွှတ်‌တော် နဲ့ ထပ်တူ တစ်သားတည်းသွားမယ်။ ပြည်သူနဲ့အတူ တစ်သားတည်းသွားပြီး‌တော့ အ‌ကောင်အထည်‌ဖော်မှာဖြစ် ပါတယ်။

‌ကေအိုင်စီ။ ။ ထပ်ပြီး ဘာများ ဖြည့်စွက်‌ပြောချင်‌သေးလဲ။

ဖြည့်စွက်‌ပြောချင်တာက ကျမတို့ ကရင်တိုင်းရင်းသားတစ်ချို့လည်း အဲ့မှာမူရင်းပိုင်ရှင်တစ်ချို့ရှိပါတယ်။ သူတို့ ‌တွေ အ‌နေနဲ့လည်း ဒီလို Project လာလုပ်တဲ့အတွက်‌ကြောင့် အင်မတန်မှ ဝမ်းသာကြည်နူးမိ ကြပါတယ်။ ကျမကို ‌ကျေးဇူးတင်တယ်လို့လည်း ‌ပြောပါတယ်။ ဒါ‌ပေမဲ့ ဒါကလည်း ကျမရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ကျမအ‌နေနဲ့ ကလည်း ဒီ‌ဒေသအတွင်း တိုင်းရင်းသား‌တွေအားလုံး အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့အတွက်က ကျမရဲ့ တာ ဝန်ဖြစ်တဲ့အတွက် ကျမရဲ့ တာဝန်ထမ်း‌ဆောင်‌နေခြင်းသာဖြစ်ပါတယ်လို့ ‌ပြောကြားလိုပါတယ်။ ‌ကျေးဇူး တင်ပါတယ်။