Home သတင်း မြဝတီ-မဲ‌ဆောက် အမှတ်(၂)တံတား အသုံးပြုနိုင်‌ရေးအတွက် နှစ်ဖက်တာဝန်ရှိသူများ ‌ဆွေး‌နွေး

မြဝတီ-မဲ‌ဆောက် အမှတ်(၂)တံတား အသုံးပြုနိုင်‌ရေးအတွက် နှစ်ဖက်တာဝန်ရှိသူများ ‌ဆွေး‌နွေး

3276

ဇွန်လ ၇ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မဟာမဲ‌ခေါင်‌ဒေသ စီးပွား‌ရေးအ‌ရှေ့အ‌နောက်စကြင်္န်လမ်း အာဆီယံစီးပွား‌ရေးအသိုက်အဝန်း၏ တံခါး‌ပေါက်မြို့‌တော်များဖြစ်‌သော မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲ‌ဆောက် အမှတ်(၂)တံတား အမြန်ဆုံးဖွင့်လှစ်နိုင်‌ရေးအတွက် နှစ်နိုင်ငံ ပြည်‌ထောင်စုအဆင့်တာဝန်ရှိသူများပါဝင်‌သော အစည်းအ‌ဝေးတစ်ရပ်ကို ယ‌နေ့ (ဇွန်လ ၇ရက်) နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ရှိ အ‌ဝေး‌ပြေးလမ်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစည်းအ‌ဝေးသို့ မြန်မာနိုင်ငံဘက်မှ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန လမ်းတံတားဦးစီးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူးချုပ် ဦး‌ကျော်‌ကောင်းချို၊ နိုင်ငံခြား‌ရေးရာဝန်ကြီးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူး ချုပ် ဦး‌အောင်မြင့်နှင့် ပြည်နယ်/ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်‌ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ အင်ဂျင်နီယာ ဦးစီးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူးချုပ် Mr. Apichart Juntarasup ဦး‌ဆောင်‌သော တာဝန်ရှိသူများ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြ သည်။

မြဝတီ-မဲ‌ဆောက် အမှတ် ၂ တံတား အမြန်ဆုံး အသုံးပြုနိုင်‌ရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ အင်ဂျင်နီယာဦးစီး ဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူးချုပ် Mr.Apichart Juntarasupက တံတားကြီးကို ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရ သက်တမ်းကာလဖြစ်သည့် ဇွန်လအတွင်း ဖွင့်လှစ်လို‌ကြောင်း ‌ပြောကြားခဲ့‌သော်လည်း မြန်မာဘက်ခြမ်းမှ ဇူလိုင်လဆန်းပိုင်းမှသာ ဖွင့်လှစ်အသုံးပြုနိုင်မည်ဟု လျာထား‌ကြောင်း ‌ပြောကြားခဲ့သည်ဟု သိရသည်။

ယ‌နေ့ ‌ဆွေး‌နွေးပွဲနှင့်ပတ်သက်၍ လမ်းတံတားဦးစီးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူးချုပ် ဦး‌ကျော်‌ကောင်းချိုက“ ဒီတံတားကို အမြန်ဆုံးဖွင့်လှစ်အသုံးပြုနိုင်ဖို့ ‌ဆောင်ရွက်‌နေပါတယ်။ နှစ်နိုင်ငံကိစ္စရပ်များဖြစ်တဲ့အတွက် ဒီတံတားကို စီမံခန့်ခွဲအုပ်ချုပ်မှု၊ နယ်နိမိတ်သတ်မှတ်မှု၊ အသုံးပြုမှု အစရှိတဲ့ အ‌ကြောင်းအရာ‌တွေအ‌ပေါ်မှာ နှစ်နိုင်ငံနားလည်မှုစာ ချွန်လွှာ -MOU ‌ရေးထိုးနိုင်‌ရေးအတွက် ‌ဆွေး‌နွေးကြခြင်းဖြစ်ပါတယ်”ဟု ‌ပြောကြားသည်။

ထို့အပြင် မြဝတီ-မဲ‌ဆောက် အမှတ် ၂ တံတားသည် အ‌ရှေ့ အ‌နောက် စီးပွား‌ရေးစကြင်္န်လမ်း ပိုမိုတိုးတက်‌ရေးအတွက် များစွာအ‌ထောက်ကူ‌ပေးသည့်အတွက် ‌နောင်တွင် မဲ‌ဆောက်-မြဝတီလမ်း‌ကြောင်းမှတဆင့် ရန်ကုန်မြို့ သီလဝါစီးပွား‌ရေးဇုန်အထိ သွင်းကုန်/ထုတ်ကုန် လျင်မြန်‌ချော‌မွေ့ပြီး ကုန်စည်စီးဆင်းမှုတိုးတက်လာမှာဖြစ်‌ကြောင်းလည်း လက် ‌ထောက်ညွှန်ကြား‌ရေးမှူးချုပ် ဦး‌ကျော်‌ကောင်းချိုက ဆက်‌ပြောသည်။

နံနက် ၉ နာရီမှ ‌နေ့လည် ၁၂နာရီအထိ ‌ဆွေး‌နွေးပွဲတွင် တံတား အမြန်ဆုံး အသုံးပြုနိုင်‌ရေးကိစ္စအပြင် တံတား အ လယ် အချက်ပြ မီးတပ်ဆင်ရန်၊ ထိုင်းနှင့် မြန်မာအ‌ကောက်ခွန်ခကို နှစ်ဖက်ထပ်တူ ‌ကောက်ခံရန်၊ တံတားလမ်းအူ‌ကြောင်း ပျက်စီးမှုကို တာဝန်ယူပြင်ဆင်ရန်၊ တံတားအနီးဝန်းကျင် မြစ်ကမ်းနံရံကိစ္စဖြစ်‌စေ၊ အခြားကိစ္စရပ်များဖြစ်‌စေ ပြဿနာတစ်စုံတစ်ရာ‌ပေါ်‌ပေါက်လာပါက နှစ်ဖက်ပူး‌ပေါင်း‌ကော်မတီဖွဲ့ပြီး ညှိနှိုင်း‌ဖြေရှင်းရန်၊ ထိုသို့ ညှိနှိုင်းမှုအဆင်မ‌ပြေပါက ထိုင်း-မြန်မာနယ်ခြား‌ကော်မတီ -TBC မြို့နယ်အဆင့်သို့ တင်ပြရန် အစရှိသည်တို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

မြဝတီ-မဲ‌ဆောက် အမှတ်(၂)တံတား ပြီးစီးမှုအထိမ်းအမှတ်အခမ်းအနားကို ယခုနှစ် မတ်လ ၁၉ ရက်‌နေ့က ကျင်းပ ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဘက်မှ ထိုင်းဝန်ကြီးချုပ် နိုင်ပရာယွတ်ချန်အိုချာတို့က တက်‌ရောက်ဖွင့်လှစ်ခဲ့ကြသည်။