Home သတင်း မြဝတီမြို့၏ တိုးချဲ့ရပ်ကွက် ‌ဖော်‌ဆောင်မည့်‌နေရာမှ ‌နေအိမ်များအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်း

မြဝတီမြို့၏ တိုးချဲ့ရပ်ကွက် ‌ဖော်‌ဆောင်မည့်‌နေရာမှ ‌နေအိမ်များအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်း

2973

ဇွန်လ ၂၉ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြဝတီမြို့အနီး အာရှလမ်းမကြီးနံ‌ဘေးရှိ တိုးချဲ့ရပ်ကွက်‌ဖော်‌ဆောင်မည့် ‌တောင်က‌လေး‌အေးရိပ် ရပ်ကွက် ၆ နှင့် ၇ ‌နေရာ၌ တည်ရှိ‌နေ‌သော ‌နေအိမ်များအား ယ‌နေ့ (ဇွန်လ ၂၉ ရက်) နံနက် ၈းဝဝ နာရီအချိန်ခန့်က သက်ဆိုင်ရာ တာဝန်ရှိသူများမှ အင်အားသုံး ဖယ်ရှားရှင်းလင်းမှုများ ‌ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ‌မြေ‌နေရာတွင် ရပ်ကွက်သစ်တိုးချဲ့‌ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများမှ ပြီးခဲ့ သည့် ၂၀၁၇ခုနှစ်၊ ဇွန်လမှစ၍ ယခုနှစ် ၂၀၁၉ခုနှစ်၊ ဇွန်လအထိ လူ‌နေအိမ်များတည်ရှိ‌နေမှုအ‌ပေါ် ကွင်း ဆင်းစစ်‌ဆေးမှုများ ပြုလုပ်ခဲ့ရာ လူ‌နေအိမ်‌ပေါင်း ၄၃ဝလုံး စိစစ်‌တွေ့ရှိရာမှ လူမ‌နေသည့်‌နေအိမ်များကို ဖယ်ရှားရှင်းလင်းခြင်းဖြစ်သည်ဟု ကျူး‌ကျော် အိမ်ရာဖယ်ရှားရှင်းလင်း‌ရေး‌ကော်မတီအတွင်း‌ရေးမှူး မြို့ နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက ‌ပြောသည်။

၎င်းက “ဒီ‌နေရာက ၂ဝ၁၆ ခုနှစ်မှာ ပြည်ထဲ‌ရေးဝန်ကြီးဌာနက‌နေပြီး ရပ်ကွက် ၆၊ ၇ ‌ဖော်ဖို့ စီမံချက်ချ‌ပေး ထားတဲ့ ‌မြေ‌နေရာဖြစ်ပါတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့အ‌နေနဲ့အဖွဲ့‌တွေခွဲပြီး ကွင်းဆင်းစစ်‌ဆေးတဲ့အခါ ဇွန် လ ၂၇ ရက်‌နေ့ ‌နောက်ဆုံးစစ်တမ်းအရ အိမ်‌ခြေ‌ပေါင်း ၄၃ဝ မှာ လူတကယ်‌နေထိုင်တာက အိမ် ၁၅၅လုံး သာ ရှိပြီး လူ(လုံးဝ)မ‌နေဘဲ ‌ဆောက်ထားတဲ့အိမ်က ၂၇၅ လုံးစိစစ်‌တွေ့ရှိရပါတယ်။ ဒါ‌ကြောင့် ကရင်ပြည်နယ် အစိုးရရဲ့ ညွှန်ကြားချက်အရ လူ‌နေထိုင်တဲ့အိမ်‌တွေကို မဖျက်ဘဲ လူလုံးဝ‌နေထိုင်ခြင်းမရှိတဲ့ အိမ်‌တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ စတင်ဖျက်ဆီးတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

၎င်း‌နေအိမ်ဖယ်ရှားရှင်းလင်းမှုကို ကျူး‌ကျော်အိမ်ရာများ ဖယ်ရှားရှင်းလင်း‌ရေး‌ကော်မတီဥက္ကဌ အဖြစ် ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်၊ အတွင်း‌ရေးမှူးအဖြစ် မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုတို့မှ တာဝန်ယူ၍ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ၅ ခုမှ အုပ်ချုပ်‌ရေးမှူးများ၊ စည်ပင်‌ကော်မတီဝင်များ၊ အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ တာဝန်ရှိသူများ စုစု‌ပေါင်းအင်အား ၂၅ဝ ခန့်က ‌မြေတူးစက်၊ ‌မြေထိုးစက်ယန္တရားများ၊ လူအင်အားများဖြင့် ဖယ်ရှားရှင်းလင်း ‌ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

‌နေအိမ်အဖယ်ခံရသူတစ်ဦးဖြစ်သူ မမီးမီးက “ကျမတို့ဒီ‌နေရာမှာ ‌နေထိုင်‌နေတာ ၂၀၁၂ခုနှစ် ကတည်းက ပါ။ ကျမတို့ စတင်အိမ်‌ဆောက်ပြီး ‌နေတဲ့အချိန်မှာ အခုလို တစ်စုံတရာ တားမြစ်မှုများမပြုလုပ်ဘဲ အခုလို ‌နေအိမ်‌တွေကို ဖျက်တာက လက်ခံလို့ မရပါဘူး။ ဒီ‌နေ့မှာ‌တော့ လူအင်အားသုံးပြီး စက်‌တွေနဲ့ လာထိုးကြ တာပါ။ နိုင်ငံသားတစ်ဦးအ‌နေနဲ့ မြန်မာနိုင်ငံရဲ့‌မြေ‌ပေါ်မှာ‌နေထိုင်ခွင့် မရှိဘူးလားလို့ ‌မေးခွန်း ထုတ်ချင်ပါ တယ်”ဟု ‌ပြောသည်။

မြဝတီမြို့၌ ရပ်ကွက် ၅ ခုရှိရာ ၎င်းရပ်ကွက် ၆၊ ၇ ‌ဖော်‌ဆောင်မည့် ‌မြေ‌နေရာသည် တပ်စွန့်လွှတ်‌မြေဖြစ်ပြီး ‌မြေဧရိယာ ၅၄ဝ ဒသမ ၇၁ ဧကရှိကာ လူ‌နေထိုင်ခြင်းမရှိဘဲ ‌ဆောက်လုပ်ထားသည့်‌နေအိမ် ၂၇၅ လုံးကို ဖယ်ရှားရှင်းလင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ ‌နေအိမ်ဖယ်ရှားခံရသူများအ‌နေဖြင့် အစားထိုး‌နေရာများ ပြန်လည်ရရှိရန်သက်ဆိုင်ရာသို့ ‌နေထိုင်ခွင့်‌လျှောက်ထားပါက ‌ပေ(၂ဝ x ၆ဝ) ‌မြေ‌နေရာများအား မဲကနယ် မြို့ သစ် အိမ်ရာစီမံကိန်းတွင် အစားထိုး ပြန်လည်‌ပေးအပ်သွားမည်ဖြစ်‌ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလတွင်လည်း မြဝတီမြို့ နယ် မဲကနယ်‌ကျေးရွာ ကုန်သွယ်‌ရေးဇုန် အ‌နောက် ဘက်ရှိ အငြင်း ပွားဖွယ် ‌ရွှေမြစန္ဒီအိမ်ရာစီမံကိန်းအတွင်းရှိ ‌နေအိမ်များကို အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများပါဝင် ‌သော အဖွဲ့စုံတာဝန်ရှိသူများမှ အလားတူ စက်ယန္တရားများသုံး၍ လူ‌နေအိမ်များကို ဖယ်ရှားရှင်းလင်းမှု များပြုလုပ်ခဲ့‌သေးသည်။