Home သတင်း မြန်မာ-ထိုင်းတပ်မ‌တော်နှစ်ရပ် ချစ်ကြည်‌ရေးအားကစားပွဲ ထိုင်းတပ်မ‌တော် ၄၉ ဦး ဝင်‌ရောက်ယှဉ်ပြိုင်

မြန်မာ-ထိုင်းတပ်မ‌တော်နှစ်ရပ် ချစ်ကြည်‌ရေးအားကစားပွဲ ထိုင်းတပ်မ‌တော် ၄၉ ဦး ဝင်‌ရောက်ယှဉ်ပြိုင်

2887

ဇွန်လ ၂ဝ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်၌ ကျင်းပပြုလုပ်မည့် တတိယအကြိမ် မြန်မာ-ထိုင်းတပ်မ‌တော်နှစ်ရပ်ကြား ချစ်ကြည်‌ရေးအားကစားပြိုင်ပွဲသို့ သွား‌ရောက်ယှဉ်ပြိုင်မည့် ထိုင်းနိုင်ငံ၊ ဖိစနိုလို့ခရိုင် အ‌ခြေစိုက် အမှတ် (၃) စစ်တိုင်းမှ ဒုတိုင်းမှူး ဗိုလ်ချုပ် နထဝွတ် ချနဟန်း ဦး‌ဆောင်သည့် ထိုင်းဘုရင့်တပ်မ‌တော်မှ အားကစား သမား ၄၉ ဦးသည် ယမန်‌နေ့ (ဇွန်လ ၁၉ ရက်)တွင် နှစ်နိုင်ငံ နယ်စပ်ချစ်ကြည်‌ရေးတံတားမှတဆင့် ထွက်ခွာသွားခဲ့ ပြီဖြစ်သည်။

အဆိုပါ ထိုင်းဘုရင့်တပ်မ‌တော်မှ အားကစားသမား ၄၉ ဦးတို့သည် ယမန်‌နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မြန်မာ့ တပ် မ‌တော်ယာဉ် ‌ရွှေမန်းသူ Express မှန်လုံယာဉ် (၂)စီးဖြင့် ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်ကို ဖြတ်‌ဖောက်ထား ‌သော မဲ‌ဆောက်-မြဝတီ အမှတ် (၁) ချစ်ကြည်‌ရေး တံတားမှတဆင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဗိုလ်ချုပ် နထဝွတ်ချနဟာနန်း ဦး‌ဆောင်‌သော ထိုင်းဘုရင့်တပ်မ‌တော်မှ အားကစားသမားများအား မဲ‌ဆောက်-မြ ဝတီ အမှတ်(၁) ချစ်ကြည်‌ရေးတံတားအလယ်၌ မြန်မာနိုင်ငံဘက်မှ သဃင်္န်းညီ‌နောင်အ‌ခြေချစစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်‌အောင်နှင့် ‌ရှေ့တန်းအမှတ် ‌ခြေလျင်တပ်ရင်း-ခလရ (၉၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌အောင်ဆန်း ဝင်းနှင့်အဖွဲ့တို့မှ ကြိုဆိုခဲ့ကြသည်။

၎င်းထိုင်းဘုရင့်တပ်မ‌တော် အားကစားသမားများသည် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်၌ ဇွန် ၁၉ ရက်မှ ၂၁ ရက်‌နေ့ထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် တတိယအကြိမ် မြန်မာ-ထိုင်း တပ်မ‌တော်နှစ်ရပ်အကြား ချစ်ကြည်‌ရေးအားကစားပြိုင်ပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု သိရသည်။