Home သတင်း ပြည်တွင်း စာ‌ရေးဆရာများနှင့် ‌ရွှေ့‌ပြောင်း‌ကျောင်းသားများပူး‌ပေါင်း၍ ပထမဦးဆုံးအကြိမ် စာ‌ပေစကားဝိုင်းပြု လုပ်

ပြည်တွင်း စာ‌ရေးဆရာများနှင့် ‌ရွှေ့‌ပြောင်း‌ကျောင်းသားများပူး‌ပေါင်း၍ ပထမဦးဆုံးအကြိမ် စာ‌ပေစကားဝိုင်းပြု လုပ်

2288

ဇွန်လ ၂၁ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး

ပဲန်မြန်မာ(PEN Myanmar)က ဦး‌ဆောင်ပြီး က‌လေးများဖွံ့ဖြိုးတိုးတက်‌ရေးစင်တာ(CDC) မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းတို့ပူး‌ပေါင်း၍ ပထမဦးဆုံးအကြိမ်“ရသအစုန်အဆန် ‌ရေးသူဖတ်သူ စုန်ဆန်ပွဲ” စာ‌ပေစကားဝိုင်း တစ်ခုကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ CDC အထက်တန်း‌ကျောင်း၌ ယ‌နေ့(ဇွန်လ ၂၁ရက်)တွင် ပြုလုပ်ခဲ့သည်။

အပြန်အလှန် နား‌ထောင်သည့် ယဉ်‌ကျေးမှုတစ်ရပ်‌ပေါ်ထွန်း‌စေရန် ရည်ရွယ်ပြီး ပြုလုပ်သည့် အဆိုပါ စာ‌ပေ စကားဝိုင်းသည် ပြည်တွင်းနှင့်နယ်စပ်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ဒေသနှစ်ခုအကြား တိုက်ရိုက်ရင်ဖွင့်‌ပြောဆိုနိုင် သည့် အ‌ခြေအ‌နေတစ်ခုကို ဖန်တီးနိုင်ရန် ယခုလိုလာ‌ရောက်ပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲကိုဦး‌ဆောင်ပါဝင်သူ ပဲန်မြန်မာ၏ အမာခံအဖွဲ့ဝင် စာ‌ရေးဆရာမ မသီတာ(စမ်း‌ချောင်း)က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “Migrant ‌ဒေသနဲ့ ပြည်တွင်းနဲ့ ‌ဝေးကွာ‌နေတဲ့အခါကျ‌တော့ ဒီမှာရှိတဲ့ စိန်‌ခေါ်မှု‌တွေ ဒီမှာရှိတဲ့ လူ‌နေမှု ဘ ဝ‌တွေကို တစ်ဆင့်စကား တစ်ဆင့်ကြားရတာဖြစ်တယ်။ သူတို့ရင်ထဲကစကားကို ဒဲ့ မကြားရဘူး။ ဒီမှာ လာ လုပ် ခြင်းဖြင့် ဒီကလူ‌တွေဆီက‌နေ ရင်ထဲက စကား‌တွေကို ကျမတို့ ဒဲ့ကြားရမယ်။ အဲ့ဒီလိုပဲ ဒီကလူ‌တွေက လည်း ပြည်တွင်းက ဟာ‌တွေကို မီဒီယာကတစ်ဆင့်ပဲ ဖတ်‌နေရတာ။ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်း‌တွေက ဘယ်လို ရုန်းကန်ဖြတ်သန်း‌နေရလဲ၊ သူတို့ ဘယ်လို‌တွေးသလဲ၊ သူတို့ ဘာ‌ကြောင့် ဒီအလုပ်‌တွေ လုပ်‌နေ တာလဲဆိုတာကို ဒီကလူ‌တွေကလည်း ဒဲ့ပြန်ကြားရမယ်။ ကျမတို့နိုင်ငံမှာလည်း အ‌ရေးကြီးဆုံးကအပြန် အလှန် နား‌ထောင်တဲ့ ယဉ်‌ကျေးမှုဖြစ်လာဖို့ပါပဲ” ဟု ‌ပြောသည်။

ထို့အပြင် ယခုကဲ့သို့ မြန်မာ‌ရွှေ့‌ပြောင်း‌ဒေသသို့ စာ‌ပေစကားဝိုင်းကို လာ‌ရောက်ပြုလုပ်ရာ၌ ပထမဦးဆုံးအကြိမ် ပြုလုပ်ရခြင်းဖြစ်သည့်အတွက် အချိန်လုံ‌လောက်မှု အားနည်းခြင်း‌ကြောင့် ‌ပေးလိုသည့်သတင်းစကားများ အ ပြည့်အဝမ‌ပေးနိုင်သည့် အခက်အခဲများရှိ‌သော်လည်း ‌ရွှေ့‌ပြောင်း‌ဒေသမှ ‌ကျောင်းသူ၊ ‌ကျောင်းသား ဆရာ၊ ဆရာမများနှင့် အလုပ်သမားများ၏ စကားဝိုင်းတွင် အပြန်အလှန် ပါဝင်‌ဆွေး‌နွေးနိုင်သည့်အ‌ပေါ် ‌ကျေနပ်အားရ မိ‌ကြောင်းလည်း မသီတာ(စမ်း‌ချောင်း)က ဆက်‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အဆိုပါ စာ‌ပေစကားဝိုင်းသို့ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းနှစ်‌ကျောင်းဖြစ်သည့် ‌နေ့သစ်(New Day)၊ CDC အထက်တန်း‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားများ၊ ဆရာ ဆရာမများအပါအဝင် မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားအချို့နှင့် အလုပ်သမားအ‌ရေး‌ဆောင်ရွက်သူအချို့စုစု‌ပေါင်း (၂၀၀)နီးပါး ပါဝင်တက်‌ရောက် ခဲ့သည်။

မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ (JACBA ) ဥက္ကဌ ဦးမိုးကြိုးက “ ကျ‌နော်တို့ အခုလို စာ‌ပေရသပါဝင်တဲ့ စကားဝိုင်းအပြင် လွတ်လပ်စွာသတင်းရယူခွင့်ဆိုတာနဲ့ ပတ်သက်ပြီး‌တော့ ‌ဆွေး‌နွေးသွားတဲ့ အားလုံးက ‌ယေဘုယျအားဖြင် ‌ကောင်းပါတယ်။ ဒါ‌ပေမဲ့ ဒီ‌နေ့လို‌နေ့မျိုးမှာ အမာခံ ‌ကျောင်းသား‌တွေ၊ ဆရာ၊ ဆရာမ‌တွေနဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမားအနည်းစုပဲ ပါဝင်ခွင့်ရတဲ့အတွက် အနှစ်သာရပိုင်းအရ သတင်းလွတ် လပ်ခွင့်၊ စာ‌ပေလွတ်လပ်ခွင့်အတွက် လူထုလူတန်းစားတစ်ရပ်လုံး ပူး‌ပေါင်းပါဝင်တဲ့ အခွင့်အ‌ရေး၊ ‌နေရာ၊ အခင်း အကျင်းမျိုးဖြစ်‌အောင်‌တော့ အများကြီးကြိုးစားရအုံးမယ်” ဟု ‌ပြောသည်။

၎င်းပြုလုပ်သည့် စာ‌ပေစကားဝိုင်း၏ ပထမပိုင်းတွင် Right to Information (လွတ်လပ်စွာသတင်းရယူခွင့်) ဥပ‌ဒေနှင့်ပတ်သက်ပြီး သတိပြုမိ‌စေရန် မိတ်ဆက်‌ပြောဆိုပြီး အစီအစဉ်၏ အဓိကဖြစ်သည့် ရသစာ‌ပေ စုန်ဆန် စီးဆင်းမှုအ‌နေဖြင့် သက်ဆိုင်ရာ စာ‌ရေးဆရာ၊ ဆရာမများဖြစ်သည့် မသီတာ(စမ်း‌ချောင်း)၊ မိချမ်း‌ဝေ၊ စုမိ‌အောင်၊ နန်းကြာဖြူ(ဖားအံ)၊ ထက်မြတ်နိုင်ဇင်၊ ဇင်‌အောင်‌ကျော်ထင်၊ မျိုးမြတ်လွင်၊ ‌စော‌ဝေစသည်တို့က ၎င်းတို့၏ ‌ရေးသားထား‌သော ကဗျာ၊ ‌ဆောင်းပါး၊ ဝတ္ထုတိုများကိုဖတ်ပြ၍ အပြန်အလှန် ခံစားချက်ရသများကို ‌ဝေမျှခြင်း အစီအစဉ်များပါဝင်ခဲ့သည်။

CDC အထက်တန်း‌ကျောင်းသူ မဖြိုးသူဇာက “ကျမတို့က စာ‌ပေနဲ့‌ဝေး‌နေတယ်။ စာ‌ရေးဆရာ‌တွေနဲ့ ‌ဝေး‌နေ တယ်။ ပြည်တွင်းထဲမှာ‌နေရင်‌တော့ သူတို့နဲ့ထိ‌တွေ့လို့ ရနိုင်‌သေးတယ်။ ဒီဘက်ကို တကူးတက လာ‌ပေးတဲ့ အတွက် ကျမတို့အတွက် အကျိုး‌ကျေးဇူးအများကြီးရတယ်။ ဒီထဲမှာဆိုရင် ကဏ္ဍစုံလင်တယ်။ ကျန်းမာ‌ရေး အ‌ကြောင်း၊ ရသ‌ပေါင်း‌တွေပါတယ်။ ဘာမှမသိတာနဲ့စာရင် အခုလို လာ‌ပြောပြ‌နေခြင်းဖြင့် ကျမတို့ နုလုံးသား ‌တွေ နူးညံ့သိမ်‌မွေ့လာမယ်။ ခံနိုင်ရည်ရှိလာမယ်။ ကျန်းမာ‌ရေးဗဟုသုတ‌တွေကို ‌ပြောသွားတဲ့အတွက် အကျိုး ‌ကျေးဇူး‌တွေ အများကြီးရခဲ့ပါတယ်” ဟု ‌ပြောသည်။

ပဲန်မြန်မာမှ ဦး‌ဆောင်၍ “ရသအစုန်အဆန် ‌ရေးသူဖတ်သူ စုန်ဆန်ပွဲ” စာ‌ပေစကားဝိုင်းပြုလုပ်ခြင်းကို မြန်မာ ပြည်၏ ‌ဒေသအသီးသီးအပြင် လက်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ဒေသအပါအဝင် (၁၁၉) ကြိမ်‌မြောက်ဖြစ်သွားပြီးဖြစ် သည်။ အလားတူ ကျန်းမာ‌ရေး၊ ပညာ‌ရေးဆိုင်ရာ စာ‌ပေ‌ဟော‌ပြောပွဲများကိုလည်း နယ်စပ်‌ဒေသအ‌ခြေစိုက် လူမှုအဖွဲ့အစည်များမှဦး‌ဆောင်၍ ပြုလုပ်ကျင်းပမှုများလည်း ရှိသည်။