Home သတင်း အပျက်သ‌ဘော ‌ဝေဖန်တိုက်ခိုက်မှုများကို မပြုလုပ်ကြရန် UHM မန်‌နေဂျင်းဒါရိုက်တာ ဦးထွန်း‌အောင်‌ရွှေ‌ပြော

အပျက်သ‌ဘော ‌ဝေဖန်တိုက်ခိုက်မှုများကို မပြုလုပ်ကြရန် UHM မန်‌နေဂျင်းဒါရိုက်တာ ဦးထွန်း‌အောင်‌ရွှေ‌ပြော

3470

ဇွန်လ ၇ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖားအံမြို့ ကမ်းနားလမ်း သာယာလှပ‌ရေး စီမံကိန်းနှင့်ပတ်သက်ပြီး အပြုသ‌ဘော‌ဝေဖန် အ ကြံပြုမှုများကို ကြိုဆို‌သော်လည်း စီမံကိန်းပျက်စီးရာပျက်စီး‌ကြောင်း ‌ဝေဖန်တိုက်ခိုက်မှုများကို မလိုလား ‌ကြောင်း စီမံကိန်းကို ‌ဆောင်ရွက်‌နေသည့် UHM ကုမ္ပဏီမှ မန်‌နေဂျင်းဒါရိုက်တာ ဦးထွန်း‌အောင်‌ရွှေက‌ပြော ဆို လိုက်သည်။

ကမ်းနားလမ်းကိစ္စနှင့် ပတ်သက်၍ အချို့မှ ‌ဝေဖန်‌ပြောဆိုမှုများ ရှိ‌နေသည့်အ‌ပေါ် ဦးထွန်း‌အောင်‌ရွှေက ယ‌နေ့ (ဇွန် ၇ ရက်) ‌တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုလို ‌ပြောဆိုလိုက်ခြင်း လည်း ဖြစ်သည်။

ဦးထွန်း‌အောင်‌ရွှေက “စီမံကိန်းအတွက် ‌ဝေဖန်ပါ။ အပြုသ‌ဘော‌ဆောင် ‌ဝေဖန်မှုကို ကြိုဆိုပါတယ်။ တိုက်ခိုက် မှုကို မလိုလားပါဘူး။ မလုပ်‌စေချင်ဘူး၊ မရှိ‌စေချင်ဘူးဆိုတဲ့ တားမြစ်တာမျိုး‌တော့ ကျ‌နော်တို့ကို မလုပ်ကြပါနဲ့။ အမိန့်၊ ဖိအား‌တွေမ‌ပေးကြပါနဲ့။ မလုပ်‌စေချင်ဘူးဆိုရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း‌တွေကို သွား‌ပေး ပါ”ဟု သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုသည်။

မြန်မာကျပ်သိန်း‌ပေါင်း ၉၈,ဝဝဝ(ကိုး‌သောင်းရှစ်‌ထောင်)‌ကျော် အကုန်ကျခံတည်‌ဆောက်မည့် ဖားအံကမ်း နား လမ်းစီမံကိန်းသည် အရှည် ‌ပေ ၆,၀၀ဝ ‌ကျော်ရှိကာ ၄ နှစ် စီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းတွင် အပန်း‌ဖြေ‌နေ ရာ များ၊ အမှတ်တရပစ္စည်းဆိုင်၊ ည‌ဈေးနှင့် ကစားကွင်းစသည့်အ‌ဆောက်အဦးများပါရှိ‌ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ ယ‌နေ့အချိန်အထိ ဆက်လက် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေသည့် ကမ်းနားလမ်းသာယာလှပ‌ရေး စီမံကိန်းအတွက် ပြည်နယ်စည်ပင်သာယာ‌ရေး ‌ကော်မတီ မှ ၂၀၁၇ ခုနှစ်၊ ဧပြီတွင် နှစ် ၃ဝ BOT စနစ်ဖြင့် အကျိုးတူပူး‌ပေါင်းလုပ်ကိုင်ရန် တင်ဒါ‌ခေါ်ယူခဲ့ရာ UHM ကုမ္ပ္ပဏီ မှ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

လုပ်ကိုင်ခွင့်ရရှိခဲ့သည့် UHM ကုမ္ပ္ပဏီမှ အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး အ‌ကောင်အထည်‌ဖော်ရာတွင်လည်း ကရင်ပြည်နယ်လွှတ်‌တော်မှ အတည်ပြုထားသည့် လုပ်ငန်းအစီအစဉ်များနှင့် ‌မြေပြင်တွင် လက်‌တွေ့ ‌ဆောင် ရွက်‌နေမှုများ ကွဲလွဲမှုဖြစ်‌ပေါ်‌နေသည်ဟုဆိုကာ ‌ဝေဖန်‌ပြောဆိုမှုအချို့လည်း ထွက်‌ပေါ်ခဲ့သည်။

ထိုအထဲတွင် ကမ်းနားလမ်းစီမံကိန်း‌မြေကိစ္စ၊ အ‌ဆောက်အဦး‌ဆောက်လုပ်‌နေမှုကိစ္စများနှင့်ပတ်သက်၍ ‌ဝေဖန် မှုထွက်‌ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စရပ်များအပြင် လုပ်ငန်းအ‌ကောင်အထည်‌ဖော်မှုအ‌ခြေအ‌နေများကိုပါ UHM ကုမ္ပ္ပဏီမှ ဒါရိုက်တာက ယ‌နေ့မီဒီယာများနှင့်‌တွေ့ဆုံရှင်းလင်းခဲ့သည်။

၎င်းစီမံကိန်းနှင့်ပတ်သက်၍ ‌ထောက်ပြ‌ပြောဆိုမှုများပြုခဲ့သည့် ဖားအံ‌ဒေသခံတစ်ဦးဖြစ်သူ ကို‌ကျော်ဇင် ဝင်းက “ကျ‌နော် ကမ်းနားလမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး ‌ပြောရမယ်ဆိုရင် ဒီစီမံကိန်းကို မလုပ်‌စေချင်တာလည်း မဟုတ် ဘူး။ ‌နှောင့်ယှက်‌နေတာလည်း မဟုတ်ဘူး။ ကရင်ပြည်နယ် အစိုးရအဖွဲ့ကို ကန့်လန့် တိုက်‌နေတာလည်း မဟုတ်ဘူး။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး‌တော့ ကရင်ပြည်နယ်လွှတ်‌တော်ရဲ့ အ‌ရေး‌ပေါ်အစည်းအ‌ဝေး ၂/၂၀၁၇ အရ အတည်ပြုထား‌ပေးတဲ့ Plan အတိုင်း တိတိကျကျ လုပ်‌ပေးပါ။ ကျ‌နော် ဒါကိုပဲ ‌ပြောချင်ပါတယ်။”ဟု ဇွန်လ ၃ရက်‌နေ့က သတင်း‌ထောက်များနှင့်‌တွေ့ဆုံစဉ် ထိုသို့‌ပြောဆိုမှုများလည်းရှိခဲ့သည်။

UHM ကုမ္ပဏီသည် ဖားအံမြို့၊ ကမ်းနားလမ်းတိုးချဲ့‌ရေးလုပ်ငန်းအပြင် အခြား‌သော စီမံကိန်းလုပ်ငန်းများ ဖြစ်သည့် ယခင် အ‌ဝေး‌ပြေးကားဝင်း‌ဟောင်း‌နေရာတွင် တည်‌ဆောက်မည့် ဇွဲကပင်ပလာဇာ အဆင့်မြင့် ‌ဈေးဝယ်စင်တာနှင့် ‌ရွှေဖားစည်အိမ်ရာ စီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီလည်း ဖြစ်သည်။