Home သတင်း ကရင်ပြည်နယ်တွင် ယခုနှစ် ဒူးရင်းသီး ထွက်နှုန်းနည်းသဖြင့် ‌ဒေသခံဒူးရင်းခြံသမားများ အခက်ကြုံ

ကရင်ပြည်နယ်တွင် ယခုနှစ် ဒူးရင်းသီး ထွက်နှုန်းနည်းသဖြင့် ‌ဒေသခံဒူးရင်းခြံသမားများ အခက်ကြုံ

4228

ဇွန်လ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဒူးရင်းသီးအထွက်များသည့် ‌ဒေသတစ်ခုဖြစ်‌သော ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် ယခုနှစ် အသီးထွက်နှုန်း လွန်စွာ‌လျော့နည်း‌နေသဖြင့် အခက်ကြုံ‌နေရ‌ကြောင်း ‌ဒေသခံဒူးရင်းခြံသမားများထံမှ သိရသည်။

‌ဒေသထွက် ဒူးရင်းသီး‌ဈေးမှာ ယခင်နှစ်ထက် ‌ကောင်းမွန်‌သော်လည်း အထွက်နှုန်း‌လျော့နည်းလာခြင်း၊ အပင် ‌သေဆုံးမှုနှုန်းများလာခြင်းအပြင် သီးချိန်မညီသည့်အ‌ခြေအ‌နေများ‌ကြောင့် အရှုံးနှင့်ပါ ‌ဒေသခံဒူးရင်းခြံပိုင် ရှင် များ ရင်ဆိုင်‌နေရခြင်းဖြစ်သည်။

ခြံပိုင်ရှင် တစ်ဦးဖြစ်သည့် နန်းမြနွယ်သန်းက “ဒူးရင်းသီး‌ဈေး‌ကောင်းတဲ့အချိန်မှာ ဒူးရင်းသီးမရှိ‌တော့ ‌တော် ‌တော်ရှှုံးတယ်။ တစ်ချို့က အသီးပွင့်တုန်းပဲရှိတယ်။ တချို့အလုံး‌တွေက မှည့်ပြီးအသီးမညီ‌တော့ ခြံ‌စောင့်ရတာ လည်း ခက်တယ်။ ပြီး‌တော့ အခုနှစ်ရှည် အပင်ရင့်‌တွေ‌ကော၊ နှစ်တိုအပင်‌တွေ‌ကော တစ်ဝက်‌ကျော် အပင်‌သေ ကုန်‌တော့ ဘယ်လိုမှ လုပ်လို့မရဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ အဆိုပါ‌ဒေသထွက် ဒူးရင်းသီး‌ဈေးကွက်တွင် အပင်‌ကြွေသီးနှင့် အုပ်မှည့်အသီးဟူ၍ ၂ မျိုးခွဲခြားထားပြီး အုပ်မှည့်အသီးထက် အပင်‌ကြွေအသီးမှာ အရသာပိုရှိကာ ‌ဈေးနှုန်းပိုရသည့်အတွက် ‌ဒေသခံ ခြံသမားများ အ ‌နေဖြင့် ယခင်နှစ်များက အပင်‌ကြွေသည့်အသီးကိုသာ ဦးစား‌ပေး‌ရောင်းချမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုနှစ် အသီးမညီသည့်အ‌ခြေအ‌နေအပြင် အပင်‌သေနှုန်းနှင့်ထွက်နှုန်းကျဆင်း‌နေမှုများပါ ဖြစ်‌ပေါ်‌နေသည့် အတွက် အပင်‌ကြွေသီးထက် အုပ်မှည့်အသီးကိုသာ ဦးစား‌ပေး‌ရောင်းချ‌နေရ‌ကြောင်းလည်း ခြံသမား များက ‌ပြောဆိုသည်။

ထို့အပြင် ယခုနှစ်ဒူးရင်းသီးအထွက်နှုန်း‌ကြောင့် အစဉ်အလာတစ်ခုအဖြစ် ‌ဒေသခံများနှစ်စဉ်ကျင်းပ‌နေကျ ‌လောင်းကိုင်ဒူးရင်းသီးအလှူပွဲ‌တော်မှာ ယခုနှစ်ကျင်းပနိုင်ရန်ပင် မ‌သေချာမ‌ရေရာသည့် အ‌ခြေအ‌နေရှိ‌နေ ‌ကြောင်းလည်း ဒူးရင်းသီးပွဲ‌တော်ဖြစ်‌မြောက်‌ရေး‌ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

“ဒီနှစ် ဒူးရင်းသီးထွက်တဲ့အ‌ခြေအ‌နေနဲ့ဆိုရင် မနှစ်ကလို ပွဲ‌တော်ကြီးကြီးလုပ်နိုင်၊ မနိုင်မ‌သေချာ‌တော့ဘူး။ အစဉ်အလာအရ မ‌ပျောက်သွား‌အောင်ရှိရင်လည်း ကျ‌နော့်အထင်ပွဲ‌သေး‌လောက်ပဲလုပ်မယ်။ ဒါ‌ပေမယ့် အခု‌တော့ တိကျ‌ပြောလို့မရ‌သေးဘူး။ ‌ဒေသခံ‌တွေနဲ့ညှိနှှိုင်းပြီး အစည်း‌ဝေးထိုင်ပြီးမှ ကျင်းပနိုင်မယ့် အ‌ခြေအ‌နေသိမယ်”ဟု ပွဲ‌တော် ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်တစ်ဦးဖြစ်သူ မန်းထွန်းလင်းက ‌ပြောသည်။

ကရင်ပြည်နယ်တွင် ဒူးရင်းသီးအများဆုံးထွက်ရှိသည့် ‌ကော့ကရိတ်မြို့နယ် ‌ဒေသထွက် ဒူးရင်းသီးများမှာ ယခင်ပင်ရင်း‌ရောင်း‌ဈေး ၃,ဝဝဝ ကျပ် မှ ၅,ဝဝဝကျပ်အထိ ‌ဈေးနှုန်းမြှင့်တက်လာပြီး အရွယ်အစား‌ပေါ်မူ တည်ကာ ‌ဈေးကွက်အတွင်း ၁ဝ,ဝဝဝ ကျပ် အထိ ‌ဈေးနှုန်းရှိ‌နေ‌ကြောင်း ဒူးရင်းသီး‌ရောင်းဝယ်သူများထံမှ သိရသည်။