Home သတင်း နှစ် ၃ဝ ပြည့် KYO ‌နေ့ကို ဝင်း‌ရေးမြို့နယ်တွင် စု‌ပေါင်းကျင်းပမည်

နှစ် ၃ဝ ပြည့် KYO ‌နေ့ကို ဝင်း‌ရေးမြို့နယ်တွင် စု‌ပေါင်းကျင်းပမည်

2645

‌မေလ ၁၆ ရက်၊ ၂ဝ၁၉ ခုနှစ်၊ ‌စောမြတ်ဦးသာ

လာမည့် ‌မေလ ၂၃ ရက်‌နေ့တွင် ကျ‌ရောက်မည့် နှစ် ၃ဝ ပြည့် ကရင်လူငယ်အစည်းအရုံး(KYO)‌နေ့ကို ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)ရုံးခန်းမတွင် ‌ဒေသအသီးသီးရှိ ကရင်လူငယ်များမှ စု‌ပေါင်းကျင်းပသွား မည်ဟု KYO ဗဟို ဥက္ကဌ ‌စောလယ်နယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ကရင့်သမိုင်းတစ်‌လျှောက်ပြန်ကြည့်ရင် စည်းလုံးညီညွတ်မှု အားနည်းခဲ့လို့ အဖွဲ့‌တွေကွဲသွားကြတယ်။ အမျိုးသား‌ရေး ပန်းတိုင်လည်း ထင်သ ‌လောက် မရရှိခဲ့ဘူး။ ‌နောင်တစ်ချိန် ပခုံး‌ပြောင်းတာဝန်ယူမဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်‌တွေ ဒီပွဲက‌နေ စုစည်းညီညွတ်မှု၊ ယုံကြည်မှု‌တွေ တည်‌ဆောက်ပြီး သမိုင်း‌ပေးတာဝန်‌တွေကို အတူပူး‌ပေါင်းထမ်း‌ဆောင်တဲ့ အ‌လေ့အထဖြစ်လာဖို့ ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်” ဟု
‌စောလယ်နယ်က ‌ပြောသည်။

ကရင်လူငယ် အစည်းအရုံး‌နေ့ကို ‌မေလ ၂၁ ရက်မှ ၂၃ ရက်‌နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ရိုးရာယဉ်‌ကျေးမှုပြခန်း၊ KYO သမိုင်းဆိုင် ရာပြခန်း၊ KNU၏ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု ဖြစ်စဉ်ပြခန်းများအပြင် ကရင်ရိုးရာဒုံးအက၊ လူငယ်စတိတ်ရှိုး‌ဖျော်‌ဖြေမှုများနှင့် ‌ဘောလုံး၊
ပိုက်‌ကျော်ခြင်း၊ အမျိုးသမီး‌ဘော်လီ‌ဘောပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဟု ကျင်းပ‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ နှစ် ၃ဝပြည့် KYO ‌နေ့တွင် ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီ၊ သံ‌တောင်၊ ကရင်ဖြူများ‌နေထိုင်သည့် ‌နေပြည်‌တော်၊ ကရင်နီ(ကယားပြည်နယ်)၊ မွန်ပြည်နယ်များရှိ ကရင်လူငယ်များအပြင် အခြားတိုင်းရင်းသားတို့၏ လူငယ်အဖွဲ့များပါ အခမ်းအနား သို့ တက်‌ရောက်ရန် ဖိတ်ကြားသွားမည်ဟု ကျင်းပ‌ရေးတာဝန်ခံများထံမှ သိရသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့နယ်မှ နန်းဇူလိုင်မိုးက “နယ်စပ်မှာ‌ရော၊ ပြည်တွင်းမှာ‌ရော ကရင်လူငယ်‌တွေစု‌ပေါင်း လာဆုံကြမှာဆို‌တော့‌လေ ညီမအ‌နေနဲ့ ကိုယ့်ကရင်မျိုးနွယ်စု‌တွေ သိခွင့်ရမယ်။ အချင်းချင်း ဗဟုသုတ‌တွေ ဖလှယ်ကြ မယ်ဆို‌တော့ သူတို့‌တွေနဲ့ ရင်းနှီးချစ်ခင်မှု ယုံကြည်မှု‌တွေ ရရှိမယ်‌ပေါ့။ ကိုယ့်ရဲ့ရိုးရာယဉ်‌ကျေးမှု ဘာသာစကား သမိုင်း‌ပေး တာဝန်‌တွေပါ ထိန်းသိမ်းနိုင်ဖို့ ဒီပွဲကိုတက်‌ရောက်သွားမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KYO သည် ၁၉၄၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး အချင်းချင်းအကြား သ‌ဘောထားကွဲသဖြင့် နှစ်အနည်းငယ် လှုပ်ရှားမှုများ ရပ်တန့်ကာ ၁၉၈၉ ခုနှစ်၊ ‌မေလ ၂၃ရက်‌နေ့၌ ‌ကေအဲန်ယူ ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။