Home သတင်း မြဝတီ-ဖားအံ နယ်စပ်ကုန်သွယ်‌ရေး လမ်း‌ကြောင်း တစ်‌လျှောက် လုံစစ်‌ဆေးရှာ‌ဖွေမှုများပြုလုပ်

မြဝတီ-ဖားအံ နယ်စပ်ကုန်သွယ်‌ရေး လမ်း‌ကြောင်း တစ်‌လျှောက် လုံစစ်‌ဆေးရှာ‌ဖွေမှုများပြုလုပ်

2899

‌မေလ ၃၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြဝတီ-ဖားအံ နယ်စပ်ကုန်သွယ်‌ရေးလမ်း‌ကြောင်းရှိ ‌နေရာ (၄) ခုတွင် ယမန်‌နေ့ (‌မေလ ၃ဝရက်) မွန်းလွဲ(၁)နာရီခန့်မှစ၍ ‌မော်‌တော်ယာဉ်များကို ရပ်တန့်‌စေပြီး ရှာ‌ဖွေစစ်‌ဆေးမှုများ တပြိုင်နက်တည်း ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။

မြဝတီ-ဖားအံ နယ်စပ်ကုန်သွယ်‌ရေးလမ်း‌ကြောင်းရှိ မြဝတီမြို့ ကုန်သွယ်‌ရေးဇုန်‌နေရာ၊ မြဝတီမြို့ သကင်္န်းညီ‌နောင်အဝင်‌နေရာ၊ ‌ကော့ကရိတ်မြို့ လှိုင်ဝဂိတ်‌နေရာနှင့် ‌ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့ ဂျိုင်းတံတား‌နေရာ၊ အစရှိသည့် ‌နေရာ(၄)ခုတို့တွင် တစ်ပြိုင်တည်း လုံခြုံ‌ရေးတင်းကြပ်စွာဖြင့် ဖားအံ-မြဝတီဘက်သို့ ‌မောင်းနှင်လာ‌သော ‌မော်‌တော်ယာဉ်များကို စစ်‌ဆေးရှာ‌ဖွေမှုများ ‌ဆောင်ရွက်ခြင်း ဖြစ်သည်။

ထိုသို့ စစ်‌ဆေးရှာ‌ဖွေ‌နေမှုနှင့်ပတ်သက်၍ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ‌ကျော်သူရည်က“ ပြည်နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးကြီး‌အောင်မြတ်မိုးရဲ့
လမ်းညွှန်မှုဖြင့် စစ်‌ဆေးရှာ‌ဖွေမှုများကို ရဲတပ်ဖွဲ့ဝင်အင်အား (၃၀)ခန့်ဖြင့် ‌ဆောင်ရွက်‌နေခြင်းဖြစ်ပါတယ်။ ‌မော်‌တော်ယာဉ်များ‌ပေါ် တွင် မူးယစ်‌ဆေးဝါး၊ ခိုးဝင်ဘဂင်္လီနဲ့ လက်နက်ခဲယမ်းများ သယ်‌ဆောင်လာခြင်း ရှိမရှိ ရှာ‌ဖွေတာပါ။ ယခုလို လုံခြုံ‌ရေးတင်းကြပ်ပြီး ‌မော်‌တော်ယာဉ်များအား စစ်‌ဆေးရှာ‌ဖွေခြင်းကို ရက်အကန့်အသတ်မရှိ ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု မီဒီယာများသို့ ‌ပြော သည်။

“မြဝတီ-ဖားအံ နယ်စပ်ကုန်သွယ်‌ရေးလမ်းတစ်‌လျှောက် လုံခြုံ‌ရေး တင်းကြပ်ပြီး ‌နေရာ(၄)ခုမှာ တစ်ပြိုင်တည်း လုံခြုံ‌ရေးတင်းကြပ်ပြီး
‌မော်‌တော်ယာဉ်များကို စစ်‌ဆေးရှာ‌ဖွေမှုများ ပြုလုပ်‌နေခြင်းဟာ ထူးခြားမှုတစ်ခု ရှိလိမ့်မယ်။”ဟုု မြဝတီ-ဖားအံ ကုန်သွယ်‌ရေး လမ်း‌ကြောင်းတွင် ယာဉ်‌မောင်း‌နေသူ ဦးသိန်း‌ရွှေက ‌ပြောသည်။

ယခုလို စစ်‌ဆေးရှာ‌ဖွေမှုမှာ လွန်ခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ သဃင်္န်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတစ်ခုအတွင်း ရဲတပ်ဖွဲ့များ အလိုရှိ‌နေသူ မိုက်ကယ်‌ကျော်မြင့်ဆိုသူသည် ကရင့်နက်ကိုင်အဖွဲ့အစည်းထံ ခိုလှုံ‌နေမှုနှင့် အမျိုးသား‌ရေး ဆရာ ဦးဝီရသူအား ဖမ်းဝရမ်းထုတ်ပြီး ရှာ‌ဖွေ‌နေမှုများဖြင့် ဆက်စပ်မှုရှိ‌နေသည်ဟုလည်း သုံးသပ်‌ပြောဆိုမှုများရှိသည်။