Home သတင်း မြဝတီမြို့ ‌သောင်ရင်းမြစ်ကမ်းအနီးရှိ လူ‌နေအိမ် ၂၀ဝ ခန့်အား ဖယ်ရှားခိုင်းမှုကို ‌ဖြေရှင်း‌ပေးရန် ‌တောင်းဆို

မြဝတီမြို့ ‌သောင်ရင်းမြစ်ကမ်းအနီးရှိ လူ‌နေအိမ် ၂၀ဝ ခန့်အား ဖယ်ရှားခိုင်းမှုကို ‌ဖြေရှင်း‌ပေးရန် ‌တောင်းဆို

3274

‌မေလ ၁၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ဝါး‌တောရပ်ရှိ မြန်မာ-ထိုင်း နယ်ခြား ‌သောင်ရင်းမြစ်ကမ်းအနီး အမှတ် ၁ဝ ဂိတ်ဝင်းတွင် ကာစီနို‌လောင်းကစားရုံနှင့် တိုက်ခန်းတန်းလျားများ တည်‌ဆောက်ရန်အတွက်ဟုဆိုကာ ဂိတ်ဝင်း အ တွင်းရှိ လူ‌နေအိမ် (၂၀၀)လုံးခန့်အား ဖယ်ရှားခိုင်းမှုနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများအ‌နေဖြင့် လာ‌ရောက် ‌ဖြေရှင်း‌ပေးရန် ဝင်းအတွင်း‌နေထိုင်သူများက ‌မေလ ၁ဝ ရက်(ယမန်‌နေ့)တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြု လုပ်ခဲ့ကာ ‌တောင်းဆိုလိုက်သည်။

အဆိုပါ အမှတ်(၁ဝ)ဂိတ်ဝင်းအတွင်း ဆယ်စုနှစ် သုံးခုကြာ အိမ်‌ဆောက်‌နေထိုင်လာခဲ့သူများကို ထိုင်းစီးပွား‌ရေးလုပ် ငန်းရှင် ဖိမဲ(ကိုမဲ)ဆိုသူက သက်ဆိုင်ရာ နယ်ခြား‌စောင့်တပ် (BGF) အကြီးအကဲများနှင့် ပူး‌ပေါင်းကာ ‌နေအိမ်ဖယ်ရှား ခိုင်းမှုကိစ္စကို သက်ဆိုင်ရာ အစိုးရအကြီးအကဲများက ကူညီ‌ဖြေရှင်း‌ပေးရန် ယခုလို သတင်းစာရှင်းလင်းပွဲကျင်းပရခြင်း ဖြစ်သည်ဟု ဂိတ်ဝင်းအတွင်း နှစ်‌ပေါင်း ၃ဝကြာ ‌နေထိုင်လာခဲ့သူ အသက် ၆၈နှစ်အရွယ် အမိုးကြီးက ‌ပြောကြားသည်။

၎င်းက “အခုကျမှ ထိုင်းလူမျိုး ဖိမဲပိုင်တဲ့‌နေရာဆိုပြီး ပိုင်ဆိုင်မှု အ‌ထောက်အထား စာရွက်စာတမ်းဘာတစ်ခုမှ မပြဘဲ BGF တပ်ဖွဲ့အကြီးအကဲများမှတဆင့် ကျမတို့ ‌နေအိမ်‌တွေကို ဖယ်ရှား‌ပေးဖို့ မတရားဖိအား‌ပေးမှု‌တွေ ရှိလာတဲ့အတွက် ဒီကိစ္စ ‌ဖြေရှင်း‌ပေးနိုင်မယ့် သက်ဆိုင်ရာ အစိုးရ အကြီးအကဲ‌တွေ သိရှိကူညီနိုင်‌စေဖို့ အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်တယ်။”ဟု သတင်းစာရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

ယခု ဖြစ်ပွားသည့် ‌နေအိမ်များ ဖယ်ရှားခိုင်းမှုကိစ္စကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ ဖြစ်စဉ်အား စိစစ်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုကို ခံယူလိုသဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၅ရက်‌နေ့က မြဝတီခရိုင် အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးမှူး အပါအ ဝင် သက်ဆိုင်ရာ အစိုးရဌာနအသီးသီးထံ တိုင်ကြားစာများ ‌ပေးပို့ထား‌သော်လည်း ယခုအချိန်ထိ တစ်စုံတရာ ကွင်းဆင်း စစ်‌ဆေးခြင်း မရှိ‌သေး‌ကြောင်းလည်း အမိုးကြီးက ဆက်လက် ‌ပြောကြားခဲ့သည်။

အငြင်းပွားမှုဖြစ်‌ပေါ်သည့် အဆိုပါ အမှတ် ၁ဝ ဂိတ်ဝင်းသည် ၁၉၉၇ ခုနှစ်ခန့်က ယခင် D.K.B.A (တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်) ဆက်ဆံ‌ရေးရုံးမှ ဂိတ်ဖွင့်လှစ်ထားရှိပြီး အလုပ်သမားများ‌ခေါ်ယူ၍ ကိုင်း ‌တောနှင့် သစ်ဝါးပင်များအား ခုတ်ထွင်ရှင်းလင်း‌စေကာ အလုပ်သမားများအဖြစ် ‌နေရာများ အသီးသီးချ‌ပေး ‌နေထိုင် ‌စေခဲ့ခြင်းဖြစ်သည်။ ယင်းဂိတ်ဝင်းအတွင်း ‌နေထိုင်သူများကလည်း မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဝါး‌တောတွင် ‌နေထိုင်‌ကြောင်းကိုလည်း ပုံစံ(၆၆/၆) အိမ်စုစာရင်းများအား ‌ခေတ်အဆက်ဆက် ဥက္ကဌ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များထံ အိမ်‌ထောင်စုစာရင်းများ ပြုလုပ်၍ ‌နေထိုင်လာခဲ့ရာ လက်ရှိ အိမ်‌ခြေ ၂ဝဝ ‌ကျော်အထိရှိသည်ဟု ဂိတ်ဝင်း အတွင်း‌နေထိုင်သူများ၏ ခရိုင်အုပ်ချုပ်‌ရေးမှူးနှင့် သက်ဆိုင်ရာဌာန အသီးသီးထံ ‌ပေးပို့သည့် တိုင်ကြားစာတွင် ‌ဖော်ပြ ထားသည်။

ယခုဖြစ်စဉ်အ‌ပေါ် ကရင်ပြည်နယ်၊ နယ်ခြား‌စောင့် တပ်နယ် ၃ မှ ဗိုလ်မှူး နိုင်‌မောင်‌ဇော်က “ကျ‌နော်တို့က DKBA က ‌နေပြီး BGFကို အသွင်‌ပြောင်းလာခဲ့တာပါ။ အဲဒီ‌တော့ DKBA တပ်ဖွဲ့ဝင်‌တွေဘဝမှာ ဒီ‌နေရာကို အမှတ် ၁ဝ ဂိတ်ဖွင့် တယ်။ ဂိတ်ဖွင့်ပြီး တစ်ဖက်နိုင်ငံနဲ့ ကုန်ပစ္စည်း‌တွေ ကုန်သွယ်ကြတာ‌ပေါ့။ အဲဒီ‌တော့ အလုပ်သမား‌တွေ လိုအပ်တာ ‌ကြောင့် အလုပ်သမား‌တွေကို ယခု‌နေရာမှာ ‌နေအိမ်‌တွေ ယာယီ‌ဆောက်လုပ် ‌နေထိုင်ခွင့်‌ပေးခဲ့တာပါ။ အခု နှစ်ကြာ လာ‌တော့ ဒီ‌နေရာဟာလည်း ပိုင်ဆိုင်မှုအ‌ထောက်အထား‌တွေရရှိခဲ့ပြီး ‌နေအိမ်အ‌ဆောက်အဦး‌တွေ ‌ဆောက်လုပ် ‌တော့မှာဖြစ်လို့ သူတို့ကို ‌ခေါ်ယူညှိနှိုင်း‌ဆွေး‌နွေးခဲ့ပြီးပါပြီ။ ‌နေအိမ်‌တွေအတွက် ‌ပြောင်း‌ရွှေ့ စရိတ်‌တွေ‌ပေးပြီး တိုက်ခန်း ‌တွေ‌ဆောက်မှာ ဖြစ်‌ကြောင်းနဲ့ ၎င်းတိုက်ခန်း‌တွေမှာ ‌နေစရာပြန်‌ပေးသွားမှာ ဖြစ်ပြီး တိုက်ခန်းလစာအ‌နေနဲ့ တစ်လကို ဘတ် ၁,ဝဝဝ ‌ပေးဖို့ ညှိနှိုင်းတာကို သူတို့က လက်မခံဘဲဖြစ်‌နေကြတာပါ။”ဟု ‌ပြောသည်။

ထို့အပြင် ပိုင်ဆိုင်မှုအ‌ထောက်အထားခိုင်လုံစွာရှိသည့် အဆိုပါ ‌မြေ‌နေရာကို ‌နေထိုင်သူများဘက်က ‌နေရာဖယ် ‌ပေးခြင်းမရှိပါက ဥပ‌ဒေ‌ကြောင်းအရ ဆက်လက်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း ကရင်ပြည်နယ်၊ နယ်ခြား ‌စောင့်တပ်များ အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူ၏ ကိုယ်‌ရေးအရာရှိလည်းဖြစ်သူ ဗိုလ်မှူး နိုင်‌မောင်‌ဇော်က ဖြည့်စွက် ‌ပြောဆိုသည်။

နှစ်‌ပေါင်းများစွာ အခိုင်အမာ ‌ဆောက်လုပ်ထားသည့် ‌နေအိမ်များအား ဥပ‌ဒေနှင့်အညီ တရားနည်းလမ်းများအတိုင်း ‌ဆောင်ရွက်ခြင်းမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပူး‌ပေါင်း၍ အတင်းအဓမ္မဖယ်ရှားခံခဲ့ရပါလျှင် ၎င်းတို့ မိသား စုများ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လူမှု‌ရေးကိစ္စ ဒုက္ခပြဿနာများစွာကို မလွဲမ‌သွေကြုံ‌တွေ့ခံစားရနိုင်သဖြင့် စိတ်‌သောက ‌ရောက်ရှိ‌နေကြရသည်ဟု ဂိတ်ဝင်းအတွင်း ‌နေထိုင်သူများက ‌ပြောသည်။

ထို့အတူ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ဗိုလ်ကြိမ်လုံး ဦး‌ဆောင်‌သော BGF တပ်ဖွဲ့မှ ၎င်းတို့အပိုင်ဂိတ်အတွင်း လူ ‌နေအိမ် (၆၅)လုံးခန့်အား ဖယ်ရှားရှင်းလင်းခဲ့သဖြင့် အိမ်ရာမဲ့ ဖြစ်ခဲ့ရသူများအား နိုင်ငံ‌ရေးပါတီတစ်ခုမှ မြဝတီမြို့ အ မှတ် ၃ ရပ်ကွက် ‌တောင်မြဝတီ ကျွန်းစိုက်ခင်းအတွင်း ‌နေရာချ‌ပေးခဲ့ရာတွင် ဦး‌ဆောင်သူ နှစ်ဦးအား အ‌ရေးယူခံခဲ့ရ သည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။