Home သတင်း မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားလူငယ်များအတွက် လူငယ်နှင့်ကျန်းမာ‌ရေး အသိပညာ‌ပေး ပြုလုပ်

မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားလူငယ်များအတွက် လူငယ်နှင့်ကျန်းမာ‌ရေး အသိပညာ‌ပေး ပြုလုပ်

3597

‌မေလ ၃၁ ရက်။ ၂၀၁၉ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားလူငယ်များအတွက် ကျန်းမာ‌ရေးဆိုင်ရာအသိပညာနှင့် အ‌ထွေ‌ထွေဗဟုသုတများတိုးပွား‌စေရန် လူငယ်နှင့်ကျန်းမာ‌ရေးအသိပညာ‌ပေးသည့် စာ‌ပေ‌ဟော‌ပြောပွဲ တစ်ခု ကို က‌လေးများဖွံ့ဖြိုးတိုးတက်‌ရေးစင်တာ(CDC) အထက်တန်း‌ကျောင်း၌ ယ‌နေ့ ကျန်းမာ‌ရေးပညာ‌ပေးအဖွဲ့ အစည်းများက ဦး‌ဆောင်ပြုလုပ်ခဲ့သည်။

နယ်စပ်‌ဒေသရှိ ‌ကျောင်းသားလူငယ်များအ‌နေဖြင့် အသိပညာဗဟုသုတ တိုးပွားလာ‌စေရန်နှင့် မျိုးဆက်ပွား ကျန်းမာ‌ရေးအ‌ပေါ် ပိုမိုသိရှိနားလည်ပြီး အယူအဆလွဲမှားမှုများ မဖြစ်‌ပေါ်‌စေ‌ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်ဟု ပွဲကို ဦး‌ဆောင်စီစဉ်သူများထဲမှ မယ်‌တော်‌ဆေးခန်း၏ ‌ကျောင်းကျန်းမာ‌ရေး တာဝန်ခံ ‌စောကလဲမု က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ မြင်‌တွေ့ရတဲ့ ဒီက‌နေ့ ဆယ်‌ကျော်သက် လူငယ်‌တွေအကြားမှာ သူတို့ စိတ်‌တွေက အ ‌ပြောင်း အလဲအရမ်းများတယ်။ အဲ့အချိန်မှာ သူတို့က ထိလွယ်ရှလွယ်တဲ့ အရွယ်ဖြစ်တာ‌ကြောင့် ကိုယ့်ကိုယ် ကို ဘယ်လို ထိန်းချုပ် ရမလဲဆိုတာနဲ့ သူတို့ အနာဂတ်ဘဝကို ‌ကောင်း‌ကောင်းမွန်‌ရှေ့ဆက်နိုင်ဖို့က ဒီလို အစီအစဉ်မျိုးက အများကြီး အ‌ရေးကြီးပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

“လူငယ်နှင့် ကျန်းမာ‌ရေး” ‌ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါ အသိပညာ‌ပေး စာ‌ပေ‌ဟော‌ပြောပွဲကို စာ‌ပေ ပညာရှင်များဖြစ်သည့် ဆရာ‌နေမျိုး‌အေး၊ မှိုင်း‌ဆေး(၂)၊ တူးတူးသာ၊ ‌မောင်‌မောင်‌ဖောင်တိန် အစရှိသည်တို့မှ စာဖတ်ခြင်းတန်ဖိုး၊ မျိုးဆက်ပွားကျန်းမာ‌ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး အစရှိသည့် အသိပညာများကို စာ‌ပေ‌ဟော‌ပြောမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် နယ်စပ် ကျန်းမာ‌ရေး၊ ပညာ‌ရေး အသိပညာ‌ပေး အဖွဲ့အစည်များမှ လူငယ်နှင့်သက်ဆိုင်သည့် ကျန်းမာ ‌ရေး၊ ပညာ‌ရေး အသိပညာ‌ပေး စာအုပ်များ၊ လက်ကမ်းစာ‌စောင်များ၊ ‌ရောင်းချကမ်း‌ဝေမှုများ ပြုလုပ်ခဲ့ပြီး အဆို ပါ စာ‌ပေ‌ဟော‌ပြောပွဲသို့ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း‌ပေါင်း ၂၀‌ကျော်မှ ‌ကျောင်းသူ၊ ‌ကျောင်းသား ‌ပေါင်း(၇၀၀) ‌ကျော် ပါဝင်တက်‌ရောက်ခဲ့သည်။

အဆိုပါ ပွဲ၏ လူငယ်‌ခေါင်း‌ဆောင် ‌စော‌ကျော်မင်း‌အောင်က “လူငယ်‌တွေအ‌နေနဲ့ ကျန်းမာ‌ရေးနဲ့ သက်ဆိုင်တဲ့ အသိပညာ‌တွေ၊ စာ‌ပေ‌ဟော‌ပြောပွဲမှာ လာ‌ရောက်‌ပြောဆိုတဲ့ အသိပညာဗဟုတ‌တွေကို ပိုမိုသိရှိနားလည်ဖို့ ဒီ လိုပွဲမျိုးက အ‌ရေးကြီးတယ်။ ဒီလိုပွဲမျိုး များများလုပ်‌ပေးဖို့လည်းလိုတယ်။ လူငယ်‌တွေကိုလည်း ‌ပြောချင်တာ က ဒီလိုအစီအစဉ်မျိုးမှာ ပိုမိုပါဝင်ဖို့ ‌ပြောချင်ပါတယ်”ဟု ‌ပြောသည်။

ထိုင်းနယ်စပ်မြို့များရှိ မြန်မာ‌ရွှေ့‌ပြောင်း ဆက်‌ကျော်သက်လူငယ်များနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ သည် မြန်မာနိုင်ငံနှင့်မတူညီဘဲ လွတ်လပ်မှု တစ်စုံတစ်ရာရရှိ‌နေမှုများမှ ဆန္ဒအ‌လျှောက် စူးစမ်းလုပ်‌ဆောင် သည့် လူငယ်‌ရေးရာကိစ္စများတွင် အချို့‌သော လူငယ်များအကြား အသိပညာ ဗဟုသုတနည်းပါးမှုအ‌ပေါ် အ ‌ခြေခံ၍ ဆုံးဖြတ်ချက်အမှားများ များစွာလုပ်‌ဆောင်‌နေမှုများလည်းရှိ‌နေသည်ဟု ပညာ‌ပေးအဖွဲ့အစည်း များက ဆိုသည်။

အလားတူ အသိပညာ‌ပေး စာ‌ပေ‌ဟော‌ပြောပွဲကို လာမည့် ဇွန်လ ၂ရက်‌နေ့တွင်လည်း မဲ‌ဆောက်မြို့ရှိ စက်ရုံ အလုပ်ရုံမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများပါဝင်သည့် အသိပညာ‌ပေး ‌ဟော‌ပြောမှုကို ဆက်လက် ပြုလုပ် သွားမည်ဟုလည်း တာဝန်ရှိသူများထံမှ သိရသည်။