Home သတင်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၂ ဦးမှ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြု‌နေ‌ကြောင်း ဝန်ကြီး‌ဟောင်း ဦး‌တေဇထွဋ်လှိုင်‌ထွေး‌ပြော

ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၂ ဦးမှ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြု‌နေ‌ကြောင်း ဝန်ကြီး‌ဟောင်း ဦး‌တေဇထွဋ်လှိုင်‌ထွေး‌ပြော

2229

‌မေ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် လက်ရှိတာဝန်ထမ်း‌ဆောင်‌နေသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး၂ ဦးမှ ကိုယ်ကျိုး အတွက် မ‌လျော်ဩဇာသုံးပြီး အလွဲသုံးစားမှုပြု‌နေ‌ကြောင်း ဗမာတိုင်းရင်းသား‌ရေးရာဝန်ကြီး‌ဟောင်းတစ်ဦး ဖြစ်သူ ဦး‌တေဇထွဋ်လှိုင်‌ထွေးက ထုတ်‌ဖော်‌ပြောဆိုလိုက်သည်။
‌ငွေ‌ကြေးနှင့် ‌မြေယာဆိုင်ရာကိစ္စရပ်များတွင် လက်ရှိကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာ ယာ‌ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ဝန်ကြီးတို့မှ ထိုသို့လုပ် ‌ဆောင်ခဲ့ခြင်းဖြစ်‌ကြောင်း ဝန်ကြီး‌ဟောင်းက ယ‌နေ့ (‌မေ ၃၁ ရက်)တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သတင်း‌ထောက်များအား ထိုသို့ထုတ်‌ဖော်‌ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဗမာတိုင်းရင်းသား‌ရေးရာဝန်ကြီး‌ဟောင်းတစ်ဦး ဖြစ်သူ ဦး‌တေဇထွဋ်လှိုင်‌ထွေးက “ ကျ‌နော် တာဝန်ထမ်း ‌ဆောင်‌နေစဉ်အတွင်း ပြည်သူကျ‌တော့ အခက်အခဲအများကြီးရှိပြီး လုပ်ပိုင်ခွင့်ရှိတဲ့ ဒီဝန်ကြီး ၂ ပါးကျ‌တော့ ဩဇာအာဏာကိုအသုံးချ၊ လိုတာထက်ပို အခွင့်အ‌ရေးယူပြီး ကိုယ့်ကိုယ်ကျိုးအတွက် အသုံးပြုတာမျိုး‌တွေ ရှိတယ်”ဟု‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိသားစုကိုယ်ကျိုးအတွက် လက်ရှိကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီးဌာနဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့ ဖွံ့ဖြိုး‌ရေးရန်ပုံ‌ငွေများ ထဲမှ ကျပ်သိန်းတစ်‌ထောင်နှင့် စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာနဝန်ကြီးက ကျပ်သိန်း သုံးရာ စုစု‌ပေါင်း ကျပ်သိန်း ၁,၃၀ဝ ‌ချေးယူမှုများရှိခဲ့‌ကြောင်း ရှင်းလင်း‌ပြောဆိုသည်။

အဆိုပါ ‌ချေး‌ငွေများကို တစ်ကျပ်တိုးနှူန်းထားဖြင့် ‌ချေးယူမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်‌ပေး‌ချေရမည့် ‌ချေး‌ငွေကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့အ‌နေဖြင့် ‌ပေး‌ချေမှုများ မ‌တွေ့ရှိ‌ကြောင်းလည်း ဦး‌တေဇထွဋ် လှိုင်‌ထွေးက ‌ပြောဆိုသည်။

“ ‌ချေးတာပဲ ကျ‌နော်တို့ သိတယ်။ ပြန်ဆပ်တာတို့ဘာတို့က‌တော့ ကျ‌နော်တို့ EC တို့ ကက်ဘိနက်တို့မှာ‌တော့ ‌ပြောတာ‌တော့ တစ်ခါမှ ကျ‌နော်တို့မကြားဖူးဘူး။ စီမံ၊ ဘဏ္ဍာဝန်ကြီးက‌တော့ ပိုသိမယ်လို့ ကျ‌နော်ထင် တာ ‌ပေါ့‌နော်” ဟု၎င်းက‌ပြောဆိုသည်။

ထို့အပြင် စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ဝန်ကြီးမှလည်း ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များ အတွင်း ဖားအံမြို့နယ်အတွင်းရှိ ၂ ‌နေရာနှင့် ဖာပွန်မြို့နယ်အတွင်း ၁ ‌နေရာ၊ အကျယ်အဝန်းအားဖြင့် ၁၆ ဧကခန့်ကို မိသားစုကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့‌ကြောင်းလည်း အချက်အလက်များနှင့်တကွ ရှင်းလင်း‌ပြောဆိုခဲ့သည်။

ဦး‌တေဇထွဋ်လှှိုင်‌ထွေးမှာပြီးခဲ့သည့် ‌မေလ ၂၃ ရက်‌နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား‌ရေးရာ ဝန်ကြီးရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှုတ်ထွက်ရခြင်းအ‌ပေါ် ‌မေလ ၂၅ ရက်‌နေ့က သတင်းစာရှင်းလင်းပွဲ တစ်ကြိမ်ပြုလုပ်ခဲ့သလို ယခုပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲပါ အချက်အလက်များနှင့်ပတ်သက်ပြီး အာမခံ‌ကြောင်းလည်း ၎င်းကထပ်‌လောင်း‌ပြောဆိုသည်။

ဗမာတိုင်းရင်းသား‌ရေးရာဝန်ကြီးအ‌နေဖြင့် ယခင်က လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက် ဆံ‌ရေးဦးစီးဌာန၊ အားကစားနှင့်ကာယဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူမှုဖူလုံ‌ရေးဦးစီးဌာန စသည့် ဦးစီးဌာနများ လုပ်ငန်းများကို တာဝန်ယူခဲ့ရသည်ဟု သိရသည်။