Home သတင်း ‌မြောင်းမြမြို့နယ်ရှိ ‌ကျေးရွာတစ်ချို့တွင် ‌သောက်သုံး‌ရေများ အ‌ရေးကြီး လိုအပ်‌နေ

‌မြောင်းမြမြို့နယ်ရှိ ‌ကျေးရွာတစ်ချို့တွင် ‌သောက်သုံး‌ရေများ အ‌ရေးကြီး လိုအပ်‌နေ

3150

‌မေလ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ဧရာဝတီတိုင်း‌ဒေသကြီး ‌မြောင်းမြမြို့နယ်ရှိ ပိုး‌လောင်းဝ၊ တဲ့တဲ့ကူး နှင့် ‌ရေ‌ကျော်ဒို ‌ကျေးရွာများအပါအဝင် ‌ကျေးရွာ ၁ဝရွာခန့်တွင် ဧပြီလ ၂ဝရက်မှ စတင်ပြီး ‌သောက်သုံး‌ရေကန်များ ခန်း‌ခြောက်မှု‌ကြောင့် ‌ဒေသခံ များအတွက် ‌သောက်သုံး‌ရေများ အ‌ရေးတကြီးလိုအပ်‌နေ‌ကြောင်း တဲ့တဲ့ကူး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောဒိုထူးက ‌ပြောသည်။

‌စောဒိုထူးက “ ဒီနှစ်က ‌နေအရမ်းပူပြီး မိုးက တစ်ခါမှလည်း မရွာ‌သေး‌တော့ မိုး‌ရေ‌လှောင်ထားတဲ့ ကန်က ခန်းကုန်‌ပေါ့ ။ လူဦး‌ရေလည်း များလာ‌တော့ ပိုဆိုးတယ် ။ ‌သောက်‌ရေ‌ရော သုံး‌ရေ‌ရော လိုအပ်တယ်‌လေ။ အရင်ရက်‌တွေက လာလှူကြတာ ရှိတယ် ။ အခု လာမလှူတာ ၂ရက်ရှိပြီ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌သောက်သုံး‌ရေများ လိုအပ်‌နေ‌သော ‌ကျေးရွာများမှာ ‌မြောင်းမြမြို့နယ်အတွင်းရှိ ပင်လယ်နှင့် ကပ်လျက် မနီးမ‌ဝေးတွင် တည်ရှိသည့် ‌ကျေးရွာများဖြစ်ပြီး အဝီစိတွင်းများ တူး‌သော်လည်း ‌ရေငန်သာ ထွက်ရှိသည့်‌နေရာ များဖြစ်သည်ဟု သိရသည်။

ထို့အတွက် ‌သောက်သုံး‌ရေရရှိ‌ရေး ဘိုး‌ဘေး အဆက်ဆက်မှ တူး‌ဖော်ထားသည့် မိုး‌ရေသို‌လှောင်ကန်ကိုသာ အားထား၍ အသုံးပြု‌နေရပြီး ယခုနှစ်‌နွေရာသီပူပြင်းမှု‌ကြောင့် အဆိုပါ ‌ရေချိုသို‌လှောင်ကန်များ ခန်း‌ခြောက်ကုန်သဖြင့် ‌ဒေသခံများ ယခုကဲ့သို့ အခက်အခဲနှင့် ကြုံ‌တွေ့ရခြင်း ဖြစ်သည်။

‌သောက်သုံး‌ရေများ ဦး‌ဆောင် သွား‌ရောက်လှူဒါန်းသူ ခရစ်ယာန် လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုး‌ရေးဌာန တာဝန်ခံ ‌စော‌အောင် ထွန်းလင်းက “ ပိုး‌လောင်းဝမှာ‌တော့ ‌ရေ‌တွေ သွားပို့‌ပေးတယ်။ တဲ့တဲ့ကူးရွာက လူ‌တွေက‌တော့ ပင်လယ်အစွန်ကို ကူးလာပြီး‌တော့ ‌ရေလာခပ်ရတယ်။ ဒါ‌ပေမဲ့ တစ်ချို့လူ‌တွေက‌တော့ အကုန်မရဘူး။ လက်လုပ်လက်စား သမား‌တွေများ ‌တော့ လာယူပြီး‌တော့ ‌လှောင်ထားဖို့ တစ်ချို့ဆို ‌ရေပုံး အလုံအ‌လောက် မရှိတဲ့အတွက် ကျ‌နော်တို့ သာသနာနယ်က‌နေ ‌ရေပုံးတာ‌တွေ အလှူခံပြီး‌တော့ သွားလှူ‌ပေးရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌သောက်သုံး‌ရေများ လိုအပ်လျက်ရှိ‌သော ‌နေရာများမှာ ‌မြောင်းမြမြို့နယ်တွင်သာမက လပွတ္တာမြို့နယ်ရှိ ‌ကျေးရွာ‌ပေါင်း ၁၀ဝ ဝန်းကျင်တွင်လည်း ‌သောက်သုံး‌ရေများ အ‌ရေးကြီး လိုအပ်‌နေပြီး အချို့‌ကျေးရွာများတွင် ဆန်ရှိ‌သော်လည်း ‌ရေမရှိသည့်အတွက် ထမင်းပင် ချက်မစားနိုင်သည့်သူများလည်း ရှိ‌ကြောင်း ဦး‌ဆောင်သွား‌ရောက်လှူဒါန်းသူ ဦး‌နေလင်းထွန်းမှ ‌ပြောကြားသည်။

အဆိုပါ ‌သောက်သုံး‌ရေ လိုအပ်‌နေ‌သော ‌ကျေးရွာများအတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများမှ လာ‌ရောက်လှူဒါန်းမှုများ မရှိ‌သေးသလို ‌စေတနာရှင်ပြည်သူများမှ စု‌ပေါင်းကာ သွား‌ရောက်လှူဒါန်းမှုများသာ ရှိ‌နေသည့်အတွက် အိမ်‌ထောင်စု တစ်စုလျှင် ‌ရေ ၂ပုံးသာ‌ပေး‌ဝေနိုင်သဖြင့် လုံ‌လောက်မှုမရှိ‌သေးဘဲ အ‌ရေးတကြီး လိုအပ်‌နေခြင်း ဖြစ်သည်ဟု ‌ရေအလှူရှင်များထံမှ သိရသည်။