Home သတင်း ‌သောက်‌ရေခပ်(၁) ‌ရေအားလျှပ်စစ်စီမံကိန်း လုပ်‌ဆောင်မည်ကို ‌ဒေသခံများ မလိုလား

‌သောက်‌ရေခပ်(၁) ‌ရေအားလျှပ်စစ်စီမံကိန်း လုပ်‌ဆောင်မည်ကို ‌ဒေသခံများ မလိုလား

2835

‌မေလ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်ရှိ ‌သောက်‌ရေခပ်‌ချောင်း‌ပေါ်တွင် အ‌ကောင်အထည်‌ဖော်ရန် အလားအ လာရှိ‌နေသည့် ‌သောက်‌ရေခပ်(၁) ‌ရေအားလျှပ်စစ်စီမံကိန်း လုပ်‌ဆောင်မည်ဆိုပါက ဖြစ်‌ပေါ်လာနိုင်သည့် ‌နောက်ဆက်တွဲပြဿနာများနှင့် ပတ်သက်ပြီး စိုးရိမ်ရသည့်အတွက် ယင်းစီမံကိန်းကို အလိုမရှိ‌ကြောင်း ‌ဒေသခံများက ဆိုသည်။

လာမည့် ‌မေလ ၅ ရက်‌နေ့တွင် ‌ရေအားလျှပ်စစ် အ‌ကောင်အထည်‌ဖော်‌ရေးဦးစီးဌာန ဦး‌ဆောင်မှုဖြင့် ‌သောက် ‌ရေခပ်(၁) ‌ရေအရင်းအမြစ် ပဏာမ စူးစမ်းတိုင်းတာ‌ရေးလုပ်ငန်း‌ဆောင်ရွက်မည်ဖြစ်‌ကြောင်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန၊ ‌ရေအားလျှပ်စစ် အ‌ကောင်အထည်‌ဖော်‌ရေးဦးစီးဌာနမှ ဧပြီလ ၁၈ ရက်‌နေ့ရက်စွဲဖြင့် စာ ထုတ်ပြန်မှုများရှိသည့်အ‌ပေါ် ‌ဒေသခံများက ယခုလို တုန့်ပြန်မှုများဖြစ်‌ပေါ်လာခြင်းလည်းဖြစ်သည်။

“သူတို့က လာပြီးတိုင်းတာ‌လေ့လာမယ်ဆို‌တော့ စီမံကိန်းပြန်လည်စတင်မှာကို ကျ‌နော်တို့ အရမ်းစိုးရိမ်တယ်။ စီမံကိန်းလာလုပ်ရင် တပ်‌တွေလည်း ဝင်လာမှာကို ကျ‌နော်တို့ မလိုလားဘူး။ ပြီး‌တော့ ကျ‌နော်တို့ မှီခို လုပ်ကိုင် စား‌သောက်ရတဲ့‌နေရာ‌တွေ ‌ပျောက်မှာ‌ကြောက်တယ်။ ကျ‌နော်တို့ စပါးကျီရွာအနီးမှာ လာ‌လေ့လာမယ်လို့ ကြား တယ်။ ကျ‌နော်တို့ ရွာသား‌တွေကို တစ်ချက်မှအ‌ကြောင်းကြားတာ မရှိဘူး” ဟု စပါးကျီရွာ သား‌စော လယ်‌တောက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ စီမံကိန်း ပြန်လည်လုပ်‌ဆောင်မည်ကို စိုးရိမ်‌နေကြသည့် စပါးကျီ‌ကျေးရွာ‌ဒေသခံရွာသားများ ကလည်း ‌ရေကာတာအလိုမရှိ‌ကြောင်း ပြီးခဲ့သည့် ဧပြီလကုန်ပိုင်း ၂၉ ရက်‌နေ့က ကန့်ကွက်ဆန္ဒထုတ် ‌ဖော်မှု များလည်းရှိခဲ့သည်။

စက်တပ်ဆင်အင်အား ၁၅ဝ မဂ္ဂါဝပ် ရှိ‌သော ‌သောက်‌ရေခပ်(၁)စီမံကိန်း လုပ်‌ဆောင်မည့် အ‌ခြေအ‌နေများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် အမျိုသားလွှတ်‌တော် မဲဆန္ဒနယ် အမှတ် ၇ မှ ယခင်လွှတ်‌တော်ကိုယ်စားလှယ် ‌စော‌တော်ပလဲက ၂၀၁၃ ခုနှစ် ပထမအကြိမ်အမျိုးသားလွှတ်‌တော်၊ ဆဌမအကြိမ်အစည်းအ‌ဝေးတွင် ကြယ် ပွင့်ပြ‌မေးခွန်းအ‌နေဖြင့် ‌မေးမြန်းခဲ့ရာ လတ်တ‌လောတွင် စီမံကိန်းလုပ်‌ဆောင်ရန် အစီအစဉ်မရှိ‌ကြောင်း လျှပ်စစ် စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်‌ဇော်က ပြန်လည်‌ဖြေကြားထားမှုများရှိခဲ့သည်။

အဆိုပါ ‌သောက်‌ရေခပ်(၁)‌နေရာသည် ‌တောင်ငူမြို့ အ‌ရှေ့ဘက် ၂၆ မိုင်အကွာ ‌သောက်‌ရေခပ်‌ချောင်း‌ပေါ်တွင် တည်ရှိပြီး ယင်း‌နေရာများမှာ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌တောင်ငူခရိုင်(တပ်မဟာ ၂) ၊ သံ ‌တောင်မြို့နယ်တွင် တည်ရှိသည်ဟု သိရ‌သော်လည်း မကြာမီပြုလုပ်မည့် ပဏာမ ‌ရေအရင်းအမြစ်စူးစမ်းတိုင်း တာ‌ရေး အစီအစဉ် နှင့်ပတ်သက်၍ KNU ‌တောင်ငူခရိုင်ထံ ကြိုတင်အ‌ကြောင်းကြားစာ တစုံတရာမရှိ‌သေး ‌ကြောင်းလည်း ခရိုင် ဥက္ကဌဖြစ်သူ ပဒို‌စောအယ်ဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့လာစမ်းသပ်မယ့်စာကို လူမှုကွန်ယက်‌ပေါ်မှာပဲ ‌တွေ့တယ်။ ကျ‌နော်တို့ထံစာ ‌တွေ ဘာ‌တွေ ပို့တာမရှိဘူး။ ဘာမှလာမ‌ပြောပြထားဘူး ။ အရင်တုန်းက အဲဒီ‌နေရာမှာ‌ရေကာတာလုပ်ဖို့ သူတို့ လျာထားတာရှိလည်း တိုက်ပွဲဖြစ်တဲ့‌နေရာဆို‌တော့ သူတို့မလုပ်ဖြစ်ဘူး၊ အခုက အခွင့်‌ကောင်းယူပြီး သူတို့ပြန် လုပ်မယ့်သ‌ဘောရှိရင်ရှိမယ်။ ရှိ‌ပေမယ့်လည်း ဒီကိစ္စကို လုပ်ချင်တိုင်းလုပ်လို့ရတဲ့အရာမဟုတ်ဘူး” ဟု ပဒို‌စောအယ်ဝါးက ‌ပြောသည်။

လက်ရှိတွင် ‌သောက်‌ရေခပ် (၁) အနီးတဝိုက်ရှိ ကျီ‌ချောင်းဝနှင့် ‌သောက်‌ရေခပ်‌ချောင်းဆုံ အနီးနား ဧရိယာ ၃မိုင် အကွာ ပတ်ပတ်လည်တွင် ဧပြီလ ၂၉ရက်‌နေ့မှစတင်ပြီး ထုတ်ပြန်ချက်ပြန်မရုပ်သိမ်းခင်အထိ မည်သူမျှ ဖြတ် သန်းသွားလာခွင့်မပြု‌ကြောင်း KNU တပ်မဟာ ၂ တပ်ရင်း (၅)က ဧပြီလ ၂၆ရက်‌နေ့တွင် ထုတ်ပြန်ချက် တစ် ‌စောင်ကို ထုတ်ပြန်ထားသည်။

ထို့အပြင် ‌သောက်‌ရေခပ် (၁)‌ရေကာတာစီမံကိန်းနှင့် ပတ်သက်၍ ‌ဒေသခံရွာသားများ၏ လုပ်ကိုင်စား‌သောက်ရန် ‌နေရာများ ပျက်စီး ဆုံးရှုံးမည်ကို စိုးရိမ်ရသည့်အတွက် ပူး‌ပေါင်းကန့်ကွက်ကြရန် ‌တောင်ငူ-သံ‌တောင် ဘွဲမိုဘွာ သာသ နာနယ်အသင်း‌တော်များအဖွဲ့ကလည်း ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်‌နေ့တွင် နယ်အသင်း‌တော်အသီးသီးထံသို့ သတိ‌ပေးအ‌ကြောင်းကြားစာတစ်‌စောင် ‌ပေးပို့ခဲ့သည်။

နိုင်ငံ‌တော်မှ လျှပ်စစ်စွမ်းအားရရှိ‌ရေးအတွက် စစ်‌တောင်းမြစ်ဝှမ်း‌ဒေသတွင် ‌ရေအားလျှပ်စစ်‌ရေအရင်းအမြစ် ၁၃ ခု လျာထားချက်ရှိရာ ‌သောက်‌ရေခပ်‌ချောင်း‌ပေါ်တွင် ‌သောက်‌ရေခပ်(၁) နှင့် ‌သောက်‌ရေခပ်(၂) ‌ရေအား လျှပ်စစ်စီ မံကိန်းနှစ်ခုမှာလည်း အပါအဝင်ဖြစ်သည်။

‌သောက်‌ရေခပ်(၂)စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီးဖြစ်ကာ အဆိုပါ စီမံကိန်း‌ကြောင့် အနီးနားရှိ ‌ဒေသခံလူထု ဥယျာဉ်ခြံများပျက်စီး၍ ရွာများ‌ပြောင်း‌ရွှေ့ရကာ ထိခိုက်နစ်နာမှုလည်း များစွာဖြစ်‌ပေါ်ခဲ့ သည်ဟု သိရသည်။