Home သတင်း ‌ဒေသအသီးသီးရှိ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံပွဲပြုလုပ်

‌ဒေသအသီးသီးရှိ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံပွဲပြုလုပ်

2654

‌မေလ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး- ‌ကေအဲန်ယူ ခရိုင်အသီးသီးတွင် လက်ရှိ ကျရာတာဝန်များကို ထမ်း‌ဆောင်‌နေ သည့် ကရင်အမျိုးသမီးများ‌တွေ့ဆုံပြီး ၎င်းတို့အ‌တွေ့အကြုံများအား အပြန်အလှန်မျှ‌ဝေဖလှယ်‌ပေးရန် ရည်ရွယ် သည့် ‌တွေ့ဆုံပွဲတစ်ခုကို ‌မေလ ၆ ရက်(ယ‌နေ့) ‌ကော့ကရိတ်မြို့နယ် တရိတ‌ခေါင်း‌ကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ဒုတိယအကြိမ် ပြုလုပ်သည့် အဆိုပါ ‌တွေ့ဆုံပွဲမှာ KWO မှ ဖွင့်လှစ်ထား‌ပေးသည့် Karen Youth Women’s Leadership School –KYWLS (ကရင်အမျိုးသမီး လူငယ်‌ခေါင်း‌ဆောင်မှု သင်တန်း‌ကျောင်း)တွင် ‌ကျောင်းပြီး ခဲ့ပြီး လူထုအကျိုးပြုရန်အတွက် KNU ဌာနအသီးသီးနှင့် ကရင်အဖွဲ့အစည်းအသီးသီးတွင် ပြန်လည် တာဝန် ထမ်း‌ဆောင်‌နေကြသည့် အမျိုးသမီးလူငယ် ‌ခေါင်း‌ဆောင်များ‌တွေ့ဆုံခြင်းလည်း ဖြစ်သည်။

KWO ဗဟို အတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက “‌ကျောင်းပြီးတဲ့အမျိုးသမီး‌ခေါင်း‌ဆောင်‌တွေ ဒီလို‌တွေ့ခြင်း အား ဖြင့် အခက်အခဲရှိရင် ဝိုင်းဝန်းအကြံ‌ပေးလို့ရတယ်။ တချို့က ၁ဝနှစ်‌ကျော်သွားပြီး ‌ခေါင်း‌ဆောင်ဖြစ်တဲ့ လူက လည်းဖြစ်ပြီး ‌နောက်မှ‌ကျောင်းပြီးတဲ့လူ‌တွေကလည်း အကြီး‌တွေထံမှာ အ‌တွေ့အကြုံ ယူလို့ရ‌အောင် အကြီး‌တွေ ကလည်း အငယ်‌တွေကိုဘာ‌တွေ ‌ဖေးမကူညီရမလဲ၊ အမျိုးသမီး ‌ခေါင်း‌ဆောင်‌တွေ ဘယ်လို‌မွေးထုတ်ရမလဲ ဖ လှယ်ကြတယ်။ ရင်းနှီးမှု‌တွေ အချိတ်အဆက်‌တွေယူကြဖို့ အဲဒီရည်ရွယ်ချက်‌တွေနဲ့ ‌တွေ့ဆုံပွဲ လုပ်‌ပေးတာဖြစ် တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တွေ့ဆုံပွဲကို တက်‌ရောက်လာကြသည့် KYWLS ‌ကျောင်းသူ‌ဟောင်းများမှာ ‌ကျောင်းပြီးသည့်‌နောက် လက်ရှိ KNU ခရိုင်နှင့် မြို့နယ်အသီးသီးရှိ KWO အဖွဲ့ ၊ KNU လက်‌အောက်ရှိ တရား‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး စသည့်ဌာနများသာမက အခြား‌သော ကရင်အဖွဲ့အစည်းအသီးသီးတွင် ဝင်‌ရောက်ကာ လူထုအတွက် တာဝန်ထမ်း‌ဆောင်‌နေသည့် အမျိုးသမီးငယ်များပါဝင်‌ကြောင်းလည်း သိရသည်။

KYWLS -ကရင်အမျိုးသမီးလူငယ်‌ခေါင်း‌ဆောင်မှု သင်တန်း‌ကျောင်းကို ၂၀၀၁ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ယခုအချိန်ထိ အမျိုးသမီး ၃၇၁ဦး ‌မွေးထုတ်‌ပေးခဲ့ပြီးဖြစ်သည်။ ‌ကျောင်းစတင်ဖွင့်လှစ်သည့် ပထမအသုတ်တွင် တက်‌ရောက်ခဲ့ပြီး လက်ရှိ ‌ညောင်‌လေးပင်ခရိုင် KWO ဥက္ကဌဖြစ်သူ ‌နော်‌တော‌စေးက အမျိုးသမီး ‌ကျောင်းတက်ခြင်းအားဖြင့်ရရှိသည့် အကျိုးရလဒ်များကို ယခုလို‌ပြောသည်။

“‌ကျောင်းပြီးတဲ့လူ‌တွေက အများစုက ကိုယ့်အမျိုးသား‌ရေးအတွက် အဖွဲ့အစည်းမှာ ပြန်ပြီး ပူး‌ပေါင်း လုပ်‌ဆောင် တတ်တယ်။ ပြန်လုပ်ကြတာလည်း များတယ်။ ဒီ‌ကျောင်းကိုတက်လိုက်‌တော့ ကျမအတွက် အဖွဲ့အစည်းမှာပြန် လုပ်တဲ့အချိန်မှာ အများကြီးအ‌ထောက်အကူပြုတယ်။ ပြီး‌တော့ ‌ဒေသတစ်ခုခုနဲ့တစ်ခု ကျမတို့ အမျိုးသမီးကြုံ ‌နေရတဲ့ အ‌တွေ့အကြုံ‌တွေက တူချင်မှတူမယ်။ အဲဒီ‌တော့ ‌တွေ့ဆုံပွဲမှာ ပြန်လာဖလှယ်ခြင်း အားဖြင့် ကျမတို့ အမျိုးသမီး‌တွေလည်း ဒီထက်လုပ်‌ဆောင်နိုင်မှာပါ” ဟု ‌နော်‌တော‌စေးက ‌ပြောသည်။

အဆိုပါ KYWLS ‌ကျောင်းတက်‌ရောက်လိုသူများသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ ‌ထောက်ခံချက်ဖြင့် ၁၃ လကြာ တက်‌ရောက်ရမှာဖြစ်ပြီး ကရင်အဖွဲ့အစည်းတွင် အနည်းဆုံး ၂နှစ် ပြန်လည် လုပ်ကိုင်ရမည်ဖြစ်သည့် အပြင် လူထုအကျိုးအတွက် လုပ်ကိုင်နိုင်မည့်သူများလည်း ဖြစ်ရမည်ဟု သိရသည်။

၁၃ လကြာဖွင့်လှစ်သည့် သင်တန်း‌ကျောင်းတွင် KWO ဖွဲ့စည်းပုံ၊ ကရင့်‌တော်လှန်‌ရေး၊ လူ့အခွင့်အ‌ရေး အမျိုးသမီးအခွင့်အ‌ရေး က‌လေးသူငယ်အခွင့်အ‌ရေး စီမံခန့်ခွဲမှု၊ ကွန်ပျူတာ ဘာသာရပ်၊ လက်‌တွေ့ ကရင်ရိုးရာအထည် ယက်ကန်းယက်သည့်ပညာများ သင်ကြား‌ပေးသည့်အပြင် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေ များကို ‌လေ့လာသိရှိနိုင်မည့် နည်းလမ်းများကိုပါ ‌လေ့ကျင့်‌ပေးသွားသည်ဟု သိရသည်။