Home သတင်း ဧရာဝတီတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဦးစီး‌ကော်မတီ ဖွဲ့စည်း

ဧရာဝတီတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဦးစီး‌ကော်မတီ ဖွဲ့စည်း

3261
ဦးစီး‌ကော်မတီ ဥက္ကဌ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ

‌မေလ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အဖွဲ့များနှင့် ကရင်တိုင်းရင်းသားအ‌ရေးနှင့် သက် ဆိုင်‌သော အစိုးရဌာနဆိုင်ရာအဖွဲ့များ ချိတ်ဆက်ပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုမိုအား‌ကောင်းလာ‌စေရန် ကရင်တိုင်းရင်း သား ‌ရေးရာ ဦးစီး‌ကော်မတီတစ်ရပ်ကို ယမန်‌နေ့ (‌မေလ ၁၇ရက်)‌နေ့တွင် ပုသိမ်မြို့ ဂရုဏာစင်တာ၌ ဖွဲ့စည်းလိုက်သည်။

အဆိုပါ ကရင်တိုင်းရင်းသား‌ရေးရာ ဦးစီး‌ကော်မတီကို ယမန်‌နေ့က ပြုလုပ်‌သော ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ‌တွေ့ဆုံပွဲတွင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူမှ ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့ပြီး အစည်းအ‌ဝေးအပြီး အများသ‌ဘောတူညီချက်အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်းအိုင်ခလိန်က “အရင်တုန်းက တိုင်းစာယဉ် လုပ်တာက‌တော့ စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ရော၊ အခွင့်အ‌ရေးနဲ့ ကာကွယ်‌စောင့်‌ရှောက်‌ရေး‌ရော အားလုံးကို လုံးပန်းပြီးလုပ်‌နေ ရတယ်။ အခုလို ‌ကော်မတီဖွဲ့မှလည်း အစိုးရအဖွဲ့နဲ့ ဒီက အရပ်ဖက်အဖွဲ့နဲ့ ချိတ်ဆက်ပြီးတဲ့‌နောက် ပူး‌ပေါင်းပြီး လုပ်‌ဆောင်ရ တာ ပိုပြီး‌တော့ အား‌ကောင်းလာမယ်။ အဲ့ဒါ‌ကြောင့် ဖွဲ့စည်းလိုက်တာ ဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်တိုင်းရင်းသား‌ရေးရာ ဦးစီး‌ကော်မတီကို နာယကအဖြစ် ဆရာကြီး‌စောဖရန်စစ်၊ ဆရာကြီးမန်း‌ဒေးဗစ်နှင့် တိုင်းဝန်ကြီး ချုပ်‌ဟောင်း မန်း‌ဂျော်နီ၊ ဥက္ကဌအဖြစ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ဒုဥက္ကဌအဖြစ် ဆရာကြီး‌စော လင်းခယ်နှင့် မန်းသိန်း‌ကျော်၊ အတွင်း‌ရေးမှူးအဖြစ် မန်းအိုင်ခလိန် အပါအဝင် တွဲဖက်အတွင်း‌ရေးမှူး (၂)ဦး၊ ဘဏ္ဍာ‌ရေးမှူး (၂)ဦး၊ သတင်းနှင့်ပြန်ကြား‌ရေး (၂)ဦး၊ ခရိုင်ကိုယ်စားလှယ် (၆)ဦးနှင့် အဖွဲ့ဝင် (၂)ဦး စုစု‌ပေါင်း ‌ကော်မတီဝင် (၂၁)ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ကရင်တိုင်းရင်းသား‌ရေးရာ ဦးစီး‌ကော်မတီအဖွဲ့‌အောက်တွင် အရပ်ဖက်အဖွဲ့အစည်းအဖြစ် စာ‌ပေနှင့်ယဉ်‌ကျေးမှုအ‌ရေးကို လုပ်‌ဆောင်နိုင်ရန် တိုင်းစာ‌ပေ၊ ယဉ်‌ကျေးမှု‌ကော်မတီနှင့် ကရင်တိုင်းရင်းသားများ၏ အခွင့်အ‌ရေးများကို ကာကွယ် ‌စောင့်‌ရှောက်ရန် တိုင်းရင်းသားအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်‌ရေး‌ကော်မတီကို ထားရှိမည် ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်‌ရေး‌ကော်မတီကို စုစု‌ပေါင်း‌ကော်မတီဝင် (၁၁)ဦးဖြင့် ဖွဲ့စည်းခဲ့ ကာ ဥက္ကဌအဖြစ် မန်းဝင်း‌မောင်၊ ဒုဥက္ကဌအဖြစ် မန်း‌ကျော်ဆန်း၊ အတွင်း‌ရေးမှူး (၂)ဦး၊ ခရိုင်ကိုယ်စားလှယ် (၆)ဦးနှင့် အဖွဲ့ ဝင် ၃ ဦးတို့အား ‌ရွေးချယ်၍ ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ကရင်တိုင်းရင်းသား‌ရေးရာ ဦးစီး‌ကော်မတီ အ‌နေဖြင့် သင်ရိုးညွှန်းတမ်းစာအုပ်များကို ပုံနှိပ်ထုတ်‌ဝေနိုင်ရန်၊ တိုင်း‌ဒေ သကြီးအတွင်း ပညာ‌ရေး‌ကောလိပ်ရှိ ကရင်ဆရာ/ဆရာမများ၊ တက္ကသိုလ်များရှိ ကရင်ဆရာ /ဆရာမများနှင့် ‌ကျောင်း သူ/သားများအား ကရင်စာ‌ပေများသင်ကြား‌ပေးခြင်းများကို လုပ်‌ဆောင်မည်ဖြစ်သည်။

ထို့အပြင် ကရင်စာ‌ပေ သင်ကြား‌နေ‌သော ဆရာ/မများ၏ လိုအပ်ချက်များကို အစိုးရဌာနများသို့ တင်ပြ‌ဆွေး‌နွေးခြင်းများနှင့် တိုင်းရင်းသားစာ‌ပေသင်ကြား‌ပေး‌နေသည့် ဆရာ၊ ဆရာမများ၏ လစာနှုန်းထားများအား ယခင်ကတိုးမြှင့်ရရှိ‌စေရန် ဆက် လက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။