Home သတင်း အလုပ်သမား‌ရေးဆိုင်ရာ ‌တောင်းဆိုချက်ပါ အဆိုတင်သွင်းစာကို နှစ်ဖက်အစိုးရထံ‌ပေးပို့‌တောင်းဆို

အလုပ်သမား‌ရေးဆိုင်ရာ ‌တောင်းဆိုချက်ပါ အဆိုတင်သွင်းစာကို နှစ်ဖက်အစိုးရထံ‌ပေးပို့‌တောင်းဆို

2355

‌မေလ ၁ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

‌ရွှေ့‌ပြောင်းအလုပ်သမားအခွင့်အ‌ရေး မြှင့်တင်‌ရေးအဖွဲ့(MRPWG )မှ ဦး‌ဆောင်၍ ‌ရွှေ့‌ပြောင်းအလုပ်သမား‌ရေး ဆိုင်ရာ ‌တောင်းဆိုချက်ပါ
အဆိုတင်သွင်းစာတစ်‌စောင်ကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် ယ‌နေ့ (‌မေလ ၁ရက်) ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား‌နေ့
‌မေ‌ဒေး (May Day) အခမ်းအနားအပြီး ထိုင်း-မြန်မာ နှစ်ဖက်အစိုးရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများထံသို့ ‌ပေးပို့ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် အလုပ်သမားဆိုင်ရာ ပြဿနာများအ‌ပေါ်အ‌ခြေခံပြီး နှစ်ဖက်အစိုးရမှ
အလုပ်သမာအ‌ရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရန်နှင့် အလုပ်သမားတိုင်း အလုပ်သမား ဆိုင်ရာအခွင့်အ‌ရေးများ အပြည့်အဝရရှိရန် ရည်ရွယ်ချက်ဖြင့် ‌ပေးပို့ခြင်းဖြစ်သည်ဟု MRPWG မှ တာဝန်ရှိသူ ကိုပိုး‌လေးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ရည်ရွယ်တာက ယခုလက်ရှိ ဒီနယ်‌မြေအတွင်းမှာ အခွင့်အ‌ရေးက ထိုင်းဥပ‌ဒေအရ သတ်မှတ်‌ပေးထား‌ပေမဲ့ တကယ့် လက်‌တွေ့မှာ အမှန်တကယ် ရရှိခြင်းမရှိ‌သေးကြလို့ ဖြစ်တယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

အဆိုပါ အဆိုတင်သွင်းစာတွင် ‌ရွှေ့‌ပြောင်းအလုပ်သမားအခွင့်‌ရေးကို ကာကွယ်‌ပေးရန် အကာအကွယ်‌ပေးရာ တွင် သတ်မှတ်ထားချက်များ၊ ကန့်သတ်ချက်များအတွင်း လက်လှမ်းမီ‌စေရန် ‌ရှေးရှုပြီး မူဝါဒများချမှတ်‌ဖြေရှင်း နိုင်‌ရေးအတွက် ‌ရွှေ့‌ပြောင်းအလုပ်သမား‌ရေး ပြဿနာဆိုင်ရာ အချက်(၉)ချက်ကို ကနဦး မီး‌မောင်းထိုးပြ၍ ‌တောင်းဆိုချက်များကို ဆက်လက်ထည့်သွင်း‌တောင်းဆိုထားသည်။

ထိုသို့‌တောင်းဆိုချက်များ ထည့်သွင်း‌တောင်းဆိုရာတွင် ထိုင်းအလုပ်သမားဝန်ကြီး ဌာနထံသို့ ‌တောင်း ဆို ချက်(၈)ချက်၊ ထိုင်းအစိုးရထံသို့ ‌တောင်းဆိုချက်(၂)ချက်၊ တာ့ခ်ခရိုင်လုပ်ငန်းရှင်များ သမဂ္ဂသို့ ‌တောင်း ဆိုချက် (၄)ချက်အပြင် မြန်မာနိုင်ငံ အစိုးရသို့ ‌တောင်းဆိုချက်(၃)ချက်တို့ကို နှစ်ဖက်အစုိုးရ တာဝန်ရှိသူများ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်နိုင်ရန် အ‌သေးစိတ်ထည့်သွင်း‌တောင်းဆိုခဲ့သည်။

(MRPWG )မှဦး‌ဆောင်၍ ယ‌နေ့ပြုလုပ်သည့် အပြည်အပြည်ဆိုင်ရာ အလုပ်သမား‌နေ့တွင် နံနက် (၈)နာရီ အချိန်တွင် အလုပ်သမား (၃၀၀)ခန့်နှင့် ဦး‌ဆောင်သူများပါဝင်၍ ချီတက်လမ်း‌လျှောက်ခဲ့ကြပြီး မဲ‌ဆောက်မြို့ ရှိ ဝက်မနီး (Watmanee) စာသင်‌ကျောင်း၌ ‌ဟော‌ပြောပွဲအခမ်းအနားအစီအစဉ်များကို ဆက်လက် လုပ်‌ဆောင် ခဲ့ရာ အလုပ်သမားနှင့် အလုပ်သမားအ‌ရေး‌ဆောင်ရွက်သူများ၊ NGO၊ INGO စသည့်အဖွဲ့အစည်း မှ ကိုယ်စား လှယ်များ ပါဝင်တက်‌ရောက်ခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်‌နေကြသည့် နိုင်ငံခြားအလုပ်သမားများအတွက် ထိုင်းနိုင်ငံ လုပ်အားခတိုးမြှင့်‌ပေး‌ရေး ‌ကော်မတီမှ ယခုနှစ် ဧပြီလ ၁ရက်‌နေ့မှစ၍ နိုင်ငံအတွင်း ခရိုင်(၂၈)ခရိုင်ကို တစ်‌နေ့ လုပ်အားခ ဘတ် ၃၆ဝအထိတိုးမြှင့်‌ပေးသွားရန် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၁၉ရက်‌နေ့က တရားဝင် ထုတ်ပြန် ‌ကြေညာထား‌သော်လည်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ‌လေးသိန်း‌ကျော်ရှိသည့် တာ့ခ်ခရိုင်မှာ ချန်လှပ်ခြင်းခံခဲ့ ရသည်ဟု အလုပ်သမား‌ရေး‌ဆောင်ရွက်သူများက ဆိုသည်။

အလားတူ ကမ္ဘာတစ်ဝှမ်းတွင်လည်း ယ‌နေ့ ကျ‌ရောက်သည့် (၁၂၉)ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာအလုပ် သမား‌နေ့(May Day)အတွက် အလုပ်သမားနှင့် အလုပ်သမား‌ခေါင်း‌ဆောင်များ၊ အလုပ်သမား အ‌ရေး ‌ဆောင်ရွက်သည့် အဖွဲ့အစည်းများ စု‌ပေါင်း၍ ‌မေ‌ဒေး‌နေ့ အခမ်းအနားများ၊ ချီတက်လမ်း‌လျှောက်‌ကြွေး ‌ကြော်ခြင်းများ၊ အလုပ်သမားဆိုင်ရာအခွင့်အ‌ရေး အပြည့်အဝရရှိရန် ‌တောင်းဆိုမှုများ အသီးသီး ပြုလုပ် ခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်‌ပေါင်းတစ်ရာ‌ကျော်တွင် အလုပ်သမားများ တစ်‌နေ့အလုပ်လုပ်ချိန် ၈နာရီသတ်မှတ်‌ပေး‌ရေး အတွက် အလုပ်သမားများ ‌သွေး‌မြေကျခံ‌တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ‌မေလ ၁ရက်‌နေ့ကို အလုပ်သမား‌နေ့ အဖြစ်သတ်မှတ်ခဲ့ပြီး အလုပ်သမားများ ၎င်းတို့၏ အခွင့်အ‌ရေးအတွက် ယ‌နေ့အချိန်အထိဆန္ဒပြ‌တောင်းဆို လျက်ရှိသည်။

‌ရွှေ့‌ပြောင်းအလုပ်သမားအခွင့်အ‌ရေး မြှင့်တင်‌ရေးအဖွဲ့(MRPWG )သည် လက်ရှိ အလုပ်သမားအဖွဲ့ အစည်း ‌ပေါင်း(၂၅)ဖွဲ့ ဖြင့်စုဖွဲ့၍ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့တွင် အ‌ခြေစိုက်ကာ အ‌ခြေခံအလုပ်သမား အခွင့်အ‌ရေး များဖြစ်သည့် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူကုန်ကူးမှုကာကွယ်‌ရေးတို့ကို ဥပ‌ဒေနှင့်အညီ ရရှိ‌စေရန် ကူညီ လုပ်‌ဆောင်‌ပေး‌နေသည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး (၂၀၀၆)ခုနှစ်က အဖွဲ့အစည်း‌ပေါင်း (၆၀)‌ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။