Home သတင်း ဗိုလ်ချုပ် ‌ကြေးရုပ်တု ‌ရွှေ့ဆိုင်း‌ရေးကို အသွင်သစ်ပုံစံဖြင့် ဆက်လက် လုပ်‌ဆောင်မည်ဟု ကရင်နီလူငယ်‌ပြော

ဗိုလ်ချုပ် ‌ကြေးရုပ်တု ‌ရွှေ့ဆိုင်း‌ရေးကို အသွင်သစ်ပုံစံဖြင့် ဆက်လက် လုပ်‌ဆောင်မည်ဟု ကရင်နီလူငယ်‌ပြော

2691

‌မေလ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ကယားပြည်နယ်၊ လွိုင်‌ကော်မြို့ ဂန္ဓာ‌ဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်‌အောင်ဆန်း ‌ကြေးရုပ်တုအား ‌ရွှေ့ဆိုင်း‌ရေးကိစ္စကို အသွင် သစ်ပုံစံဖြင့် ဆက်လက်လုပ်‌ဆောင်မည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယ‌နေ့ ပြုလုပ်သည့် အစိုးရအဖွဲ့နှင့် ကရင်နီလူ ငယ်များအင်အားစုတို့ ဗိုလ်ချုပ်‌အောင်ဆန်း‌ကြေးရုပ်တုကိစ္စ‌ဖြေရှင်း‌ရေး ညှိနှိုင်းအစည်းအ‌ဝေး ပျက်ပြယ်မှုအပြီးတွင် ကရင်နီ လူငယ်အင်အားစုဘက်က ‌ပြောဆိုလိုက်သည်။

ကရင်နီပြည်လူငယ်အင်အားစု သပိတ်‌ကော်မတီမှ ဒီးဒီ(ခ)စစ်မုန်းက “ကျ‌နော်တို့က‌တော့ အသွင်းသစ် ပုံစံတစ်မျိုးနဲ့ပဲ ‌ကြေးရုပ်တု ‌ရွှေ့ဆိုင်း‌ရေးကို ဆက်လက် လုပ်‌ဆောင်သွားမှာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်ချုပ်‌ကြေးရုပ်တုကိစ္စ ‌ဖြေရှင်း‌ရေး ညှိနှိုင်းအစည်းအ‌ဝေး၏ အဖွင့်မိန့်ခွန်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်‌ဖောင်းရှို၏ ‌ကြေးရုပ်တုကို လုံးဝမ‌ပြောင်း‌ရွှေ့နိုင်‌ကြောင်း‌ပြောဆိုခဲ့‌ပြောဆိုမှု‌ကြောင့် ကရင်နီပြည်လူငယ်များအင်အားစု သပိတ်‌ကော် မတီမှ ဆက်လက်ညှိနှိုင်းရန် လမ်း‌ကြောင်းများမရှိ‌တော့သည့်အတွက် အစည်းအ‌ဝေးအား ရပ်နား‌ကြောင်း တင်ပြ‌ပြော ဆိုခဲ့ပြီး အစည်းအ‌ဝေးက‌နေ ထွက်ခွာခဲ့‌သော‌ကြောင့် ညှိနှိုင်းအစည်းအ‌ဝေး ပွဲပျက်ပြယ်သွားခဲ့သည်။

ဝန်ကြီးချုပ် ဦးအယ်‌ဖောင်းရှိုမှ ‌ဆွေး‌နွေးပွဲ အဖွင့်အမှာစကား‌ပြောကြားရာ၌ ပြည်နယ်အစိုးရ၏ သ‌ဘောထားကို ‌ပြော ဆိုရာတွင် ၎င်းက “ကျ‌နော်တို့ ကယားပြည်နယ် အစိုးရအ‌နေနဲ့ ဒီဗိုလ်ချုပ်‌ကြေးရုပ်တု ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဦး နှစ်ဖက် ‌ဆွေး‌နွေးတဲ့အခါမှာ ညှိနှိုင်း‌ဆွေး‌နွေးမှု‌တွေ ပြုလုပ်‌ပေး‌သော်လည်းပဲ အဆင်မ‌ပြေတဲ့ အ‌နေအထား‌တွေရှိခဲ့ပါတယ်။ ဒါ ‌ကြောင့် ကယားပြည်နယ်အစိုးရအဖွဲ့အ‌နေနဲ့ ဗိုလ်ချုပ်‌ကြေးရုပ်နဲ့ ပတ်သက်ပြီး ကျ‌နော်တို့လုံးဝ မ‌ပြောင်း‌ရွှေ့‌ပေးဘူးဆိုတဲ့ အ‌ကြောင်းကို တင်ပြလိုပါတယ်”ဟု ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြည်နယ်အစိုးရအ‌နေဖြင့် ဗိုလ်ချုပ်‌အောင်ဆန်း အထိမ်းအမှတ်‌နေ့များကို ထိန်းသိမ်း‌စောင့်‌ရှောက်သွားရမည့် တာ ဝန်ရှိ‌သော‌ကြောင့် လက်ရှိ ကယားပြည်နယ်၊ လွိုင်‌ကော်မြို့ရှိ ဂန္ဓာ‌ဟေဝန်ပန်းခြံတွင်ထားရှိသည့် ဗိုလ်ချုပ်‌ကြေးရုပ်ကို ကာကွယ်‌စောင့်‌ရှောက်သွားမည်ဟုလည်း ဝန်ကြီးချုပ်က ဆက်လက်ထည့်သွင်း ‌ပြောဆိုခဲ့သည်။

ထိုသို့ ညှိနှိုင်းအစည်းအ‌ဝေး ပျက်ပြယ်ပြီးသည့်‌နောက် ကရင်နီပြည် လူငယ်များအင်အားစု သပိတ်‌ကော်မတီမှ သ‌ဘော ထား ထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်လိုက်ပြီး ကရင်နီပြည် လူငယ်များအင်အားစု သပိတ်‌ကော်မတီ အား ဖျက်သိမ်းလိုက်ပြီးဖြစ်‌ကြောင်း ‌ကြေညာပြီး ‌ကြေးရုပ်တုနှင့်ပတ်သက်၍ ‌နောင်ဖြစ်‌ပေါ်လာမည့်ကိစ္စရပ်များကိုလည်း တာဝန်ယူမည်မဟုတ်‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် လက်ရှိ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ပြည်‌ထောင်စု၊ ပြည်နယ်အစိုးရနှင့် အနိုင်ရပါတီမှ တိုင်းရင်းသားများ၏ လိုလားချက်များကို လျစ်လျူရှုခြင်းဟု ကရင်နီပြည်လူငယ်များအင်အားစုမှ မှတ်ယူ‌ကြောင်း ဗိုလ်ချုပ်‌ကြေးရုပ်နှင့်ပတ် သက်ပြီး ဖြစ်‌ပေါ်လာ‌သော ကိစ္စအရပ်ရပ်အား ပြည်နယ်အစိုးရမှ တာဝန်ယူရမည်ဖြစ်သည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန် ချက်က ဆိုထားသည်။

ယ‌နေ့ ပျက်ပြယ်သွားသည့် ညှိနှိုင်းအစည်းအ‌ဝေးပွဲကို ပြည်နယ်အစိုးရမှ ဝန်ကြီးချုပ် ဦးအယ်‌ဖောင်းရှို အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ‌ကြေးရုပ်တု ဖြစ်‌မြောက်‌ရေး‌ကော်မတီ၊ ကရင်နီပြည်လူငယ်များ အင်အားစု သပိတ်‌ကော်မတီနှင့် ဖြန်‌ဖြေညှိနှိုင်း‌ရေး‌ကော်မတီမှ ကိုယ်စားလှယ်အသီးသီးတို့ ပါဝင်တက်‌ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်‌ကြေးရုပ်တု ဖြစ်‌မြောက်‌ရေး‌ကော်မတီမှ ဗိုလ်ချုပ်‌အောင်ဆန်း မြင်းစီး‌ကြေးရုပ်တုအား လက်ရှိ ဂန္ဓာ‌ဟေဝန် ပန်းခြံတွင်သာ ဆက်လက်ထားရှိနိုင်‌ရေး ပြည်နယ်အစိုးရအဖွဲ့မှ ‌ဆောင်ရွက်‌ပေးနိုင်ရန် တိုက်တွန်း‌ကြောင်းနှင့် ‌ပြောင်း ‌ရွှေ့‌ဆောင်ရွက်မည်ဆိုပါက ‌ထောက်ခံခဲ့သည့် ပြည်နယ်အတွင်းရှိ လူထုအများစု၏ ဆန္ဒအား လျစ်လျူရှု ရာ‌ရောက်သည့် အတွက် ကန့်ကွက်‌ကြောင်း ‌မေလ ၁၃ရက်‌နေ့ ရက်စွဲဖြင့် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အသိ‌ပေးအ‌ကြောင်းကြား စာ‌ပေးပို့ခဲ့သည်။

ပြီးခဲ့သည့် ‌မေလ (၇)ရက်‌နေ့တွင်လည်း ကရင်နီပြည်လူငယ် အင်အားစု၊ ‌ကြေးရုပ်ဖြစ်‌မြောက်‌ရေး ‌ကော်မတီ၊ ကယား ပြည်နယ်အစိုးရအဖွဲ့၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန-NRPC တို့ပါဝင်သည့် ‌လေးပွင့်ဆိုင် ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့‌သော်လည်း ‌ပြောင်း‌ရွှေ့‌ရေးသ‌ဘောတူညီချက် မရရှိခြင်း‌ကြောင့် ယခုလ ၁၄ ရက်‌နေ့အပြင် ၃ဝရက်‌နေ့အထိပါ ဆက်လက်ညှိနှိုင်း‌ဆွေး‌နွေးသွားရန် သ‌ဘောတူညီထားချက်ရှိခဲ့သည်ဟု သိရသည်။