Home သတင်း ထိုင်းတွင် သက်တမ်းကုန်ဆုံး‌တော့မည့် အ‌ထောက်အထား စာရွက်စာတမ်းများ ၉လ သက်တမ်းတိုးခွင့်ပြုမည်

ထိုင်းတွင် သက်တမ်းကုန်ဆုံး‌တော့မည့် အ‌ထောက်အထား စာရွက်စာတမ်းများ ၉လ သက်တမ်းတိုးခွင့်ပြုမည်

2455

‌မေလ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းသ‌ဘောတူညီမှုအရ ထိုင်းနိုင်ငံအတွင်း လာမည့်၂၀၂ဝ ခုနှစ် နှင့် ယခုနှစ် ၂၀၁၉ခုနှစ် နိုဝင်ဘာလအတွင်း သက်တမ်းကုန်ဆုံး‌တော့မည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ သက်‌သေခံ အ‌ထောက်အထား စာရွက်စာတမ်းများကို (၉)လ သက်တမ်းတိုးခွင့်ပြုသွားမည်ဖြစ်‌ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ၊ မြန်မာအလုပ်သမား သံအရာရှိ ရုံးက ယမန်‌နေ့ (‌မေလ ၁၃ရက်)က သတင်းထုတ်ပြန်ထားသည်။

ထိုင်းအစိုးရ အလုပ်သမာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အလုပ်သမားညွှန်ကြား‌ရေး ဦးစီးဌာန တာဝန်ရှိသူတို့ ယမန်‌နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ပြုလုပ်သည့် အစည်းအ‌ဝေး၏ ကနဦးအထူးအစည်းအ‌ဝေး၌ တရားဝင် နှစ်နိုင်ငံစာချုပ်ဖြင့် လာ‌ရောက် လုပ်ကိုင်သည့် အလုပ်သမားများကိုသာ လက်ခံ‌တော့မည်ဖြစ်‌သော‌ကြောင့် ၂၀၁၉ နှင့် ၂၀၂ဝ မတ်လအတွင်း သက်တမ်းကုန်ဆုံး‌တော့မည့် အလုပ်သမားများကို လာမည့် ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်‌နေ့အထိ (၉)လ သက်တမ်းတိုးခွင့်ပြုသွားရန် ကနဦး သ‌ဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုး က “မည်သူမည်ဝါ ဖြစ်‌ကြောင်း သက်‌သေခံလက်မှတ် (CI)ကိုင်‌ဆောင်ထားတဲ့ အလုပ်သမား (၆) သိန်း‌လောက်ရှိတယ်။ အပြင်မှာ ထွက်တဲ့ သတင်း ‌တွေ‌ကြောင့် သူတို့ အရမ်းစိုးရိမ်‌နေကြတာ။ မြန်မာနိုင်ငံကိုပြန်ပြီး MOU စနစ်နဲ့ PJ စာအုပ်နဲ့ ပြန်ဝင်လုပ်ရမယ်ဆိုတာ အချိန်ကုန်၊ ‌ငွေကုန်ပြီး လူပင်ပန်းတဲ့ အ‌ခြေအ‌နေကို မြန်မာဘက်က တင်ပြတာကို ထိုင်းဘက်က အခုလို ‌ဖြေ‌လျှော့မှု လုပ်‌ပေးလိုက်တာပဲဖြစ်တယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် လာမည့် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလအတွင်း သက်တမ်းကုန်ဆုံး‌တော့မည့် ‌ရေလုပ်သားများ ကိုင်‌ဆောင်သည့် (CI)လက်မှတ်များနှင့် Data Collection Center မှ ပြုလုပ်ထား‌သော ME Bangkok စာအုပ်များလည်း ၎င်းသ‌ဘောတူ ဆုံးဖြတ်ချက်တွင် အကြုံးဝင်ပြီး လတ်တ‌လော MOU-U Turn Process စနစ်ကို ပြန်လုပ်စရာမလို‌သေးဘဲ သက်တမ်းတိုးနိုင်‌ကြောင်းလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

နှစ်နိုင်ငံ တရားဝင် စာချုပ် (MOU) စနစ်ကို ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်ပြီး လက်ရှိ ကနဦး ‌ဖြေ‌လျှော့မှု သ‌ဘောတူ ညီချက်အပြင် MOU- U turn စနစ်ကို လုပ်‌ဆောင်ရာတွင်လည်း ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် MOU စနစ်၏ လုပ် ငန်းစဉ်များ‌လျှော့ချခြင်း၊ စာချုပ်ချုပ်ဆိုသည့် စခန်းများ ထပ်မံတိုးမြှင့် ဖွင့်လှစ်‌ဆောင်ရွက်ခြင်းနှင့် ရရှိပြီး‌သောအချိန် ကာလထက် ထပ်မံတိုးမြှင့်‌နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိ‌ရေး၊ ပြည်‌ထောင်စု မြန်မာနိုင်ငံ‌တော် အစိုးရမှ ထုတ်‌ပေးထား ‌သော အ‌ထောက်အထားတစ်ခုခုကို ကိုင်‌ဆောင်၍ MOU စာချုပ်ချုပ်ဆိုနိုင်‌ရေးတို့အတွက် သက်ဆိုင်ရာ အစည်းအ‌ဝေးများ တွင် ထပ်မံ‌ဆွေး‌နွေး‌ဆောင်ရွက် သွားမည်ဖြစ်သည်ဟု အလုပ်သမားသံအရာရှိရုံး၏ လူမှုကွန်ယက် စာမျက်နှာ၌ ‌ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ‌ရွေး‌ကောက်ပွဲကာလဖြစ်၍ အစိုးရအဖွဲ့ ဖွဲ့စည်း‌ဆောင်ရွက်ပြီးသည့် အချိန်တွင် ‌ဖော်ပြပါသက်တမ်းများ အားလုံးအတွက် စာအုပ်သက်တမ်းရှိသ‌လောက် ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိ‌ရေးကို ဆက်လက်ညှိနှိုင်း တင်ပြသွား မည်ဖြစ်ပြီး၊ ၂၀၂ဝ ခုနှစ်၊ မတ်လ ၃၁ရက်‌နေ့ မတိုင်မှီ အလုပ်သမားများအ‌နေဖြင့် မိမိတို့ ဗီဇာသက်တမ်းများကို ညှိနှိုင်းထားရှိသည့်အတိုင်း ဆက်လက် သက်တမ်းတိုးထားကြရန်လည်း မြန်မာအလုပ်သမားသံအရာရှိရုံးက တိုက်တွန်းထားသည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာ အလုပ်သမား သံအရာရှိများကို ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း ဆက်သွယ်၍ မရခဲ့‌ပေ။