Home ဆောင်းပါး တစ်ချိန်တုန်းက ‌တေးသီချင်းဘုရင် အဆို‌တော် စ‌လောင်း‌လောင်း(စလင်းလင်း)

တစ်ချိန်တုန်းက ‌တေးသီချင်းဘုရင် အဆို‌တော် စ‌လောင်း‌လောင်း(စလင်းလင်း)

5423

နန်း‌ဝေဖြိုးဇာ

(‌မေလ၊ ၁၈ရက်)

တစ်‌ခေတ်တစ်ခါက ကရင်ပရိဿတ်‌တွေရဲ့ရင်ထဲ ‌နေရာယူခဲ့ဖူးတဲ့ အဆို‌တော်‌တွေထဲမှာ ‌တေး‌ရေး-‌တေးဆို စ‌လောင်း‌လောင်း (ပိုးကရင်လို-စလင်းလင်း) လို့‌ပြောလိုက်ရင် ကရင်လူကြီးလူငယ်‌တွေ အ‌တော်များများ သိကြမှာပါ။

ဆံပင်ရှည်ရှည်၊ ဂျင်း‌ဘောင်းဘီရှည်‌ခေါင်း‌လောင်းပုံစံ ဝတ်ပြီး ‌ခေါင်းဘွိုင်ဦးထုပ်နဲ့ ဂီတာတီး သီချင်းဆိုတတ်သူ ဂရုဏာအသံ ပါရမီရှင် စ‌လောင်း‌လောင်း(စလင်းလင်း)က‌တော့ အခုဆိုရင် ပရိဿတ်‌တွေနဲ့ ‌ဝေးကွာသွားခဲ့တာ ၆နှစ် ရှိပါပြီ။

အသက် ၆ဝရှိ‌နေပြီးဖြစ်တဲ့ စလင်းလင်း(စ‌လောင်း‌လောင်း)ဟာ အသက် ၁၈နှစ်ကတည်းက ‌တေးဂီတ(သီချင်း)‌လောကထဲကို ဝင်‌ရောက်ခဲ့တဲ့ ဝါရင့်ကရင်အဆို‌တော်တစ်ဦးလည်းဖြစ်သလို ကရင်သီချင်း‌တွေဆိုတဲ့အခါ အ‌ရှေ့ပိုး(ဖလုံ)၊ အ‌နောက်ပိုး(ဖလုံး)နဲ့ စ‌ကောကရင်သီချင်းမကဘဲ မြန်မာသီချင်း‌တွေကိုပါ တိပ်‌ခွေ‌ခေတ်ကတည်းက အသံသွင်းသီဆိုခဲ့တဲ့ စွယ်စုံအနုပညာရှင်တစ်ဦး ပါ။

ထို့အတူပဲ အချစ်သီချင်း၊ လူမှုဘဝကို ပုံ‌ဖော်တဲ့ သီချင်း၊ အမျိုးသား‌ရေးသီချင်းနဲ့ ခရစ်ယာန်ဓမ္မ‌တေးသီချင်း များစွာကို ကိုယ်တိုင် ‌ရေးစပ်သီဆိုခဲ့သူတစ်ဦးလည်းဖြစ်ပြီး တစ်‌ခေတ်တစ်ခါက ကရင်ပရိဿတ်‌တွေရဲ့ နှလုံးသားထဲကို သူ့သီချင်း‌တွေ အ‌ရောက်ပို့ ‌ပေးနိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။

“ကျ‌နော် ‌ရေးထားတဲ့ သီချင်း‌တွေလည်းရှိ‌သေးတယ်။ ‌နေမ‌ကောင်းဖြစ်သွား‌တော့ သီချင်း‌တွေက ဒီလိုပဲ ဖြစ်သွားတယ်။ ဘာမှမ လုပ်တတ်‌တော့ဘူး။”လို့ ‌လေဖြတ်‌ဝေဒနာ ခံစား‌နေရတဲ့ အဆို‌တော် စ‌လောင်း‌လောင်းက စကားကို တစ်လုံးချင်းစီ တုန်ရီတဲ့ အသံနဲ့ အားစိုက်ပြီး ‌ပြောပါတယ်။

စ‌လောင်း‌လောင်းဟာ တစ်ချိန်က ပြည်တွင်းမှာသာမက၊ ပြည်ပအထိပါ သူ့ကိုချစ်ခင်ကြတဲ့ ပရိဿတ်‌တွေအတွက် သီချင်း လှည့်လည်‌ဖျော်‌ဖြေခဲ့ပါတယ်။ အခု‌တော့ သူချစ်တဲ့ ပရိဿတ်‌တွေကို သီချင်း‌တွေနဲ့ သီဆို‌ဖျော်‌ဖြေဖို့ စိတ်အားထက်သန်‌သေး ‌ပေမယ့် ကျန်းမာ‌ရေးအ‌ခြေအ‌နေ‌ကြောင့် စကားလုံးပီသ‌အောင်ပဲ မနည်းကြိုးစားပြီး အသံထွက်‌နေရတာပါ။

ကရင်အနုပညာရှင်‌တွေကို သူ‌ပြောဖြစ်တဲ့စကားက‌တော့ “သီချင်းဝါသနာပါပြီးဆိုရင် ဆိုပါ။ အဆို‌တော်လုပ်မယ်လို့ ဆုံးဖြတ်ရင် မဖြစ်ဖြစ်‌အောင်လုပ်။ ‌အောက်မကျ‌စေနဲ့။ အခက်အခဲရှိရင်လည်း ရဲရဲသာ‌ကျော်ဖြတ်။ ကိုယ့်ကိုယ်ကိုလည်း မနှိမ့်ချနဲ့။ သူများကို လည်း မနှိမ်နဲ့။ အဆို‌တော်လုပ်ပြီးရင် သီချင်းစာသားနုတ်‌တွေ ထုတ်တတ်‌အောင် ကြိုးစားပါ။” ဆိုပြီး အမှတ်တရ‌ပြောသွားပါ တယ်။

သီချင်းသီဆိုခြင်းတစ်ခုတည်းနဲ့သာ ဘဝကို ထပ်တူပြုခဲ့သူ၊ သီချင်းဆို‌နေရရင် ‌ပျော်‌နေတတ်သူတစ်ဦးဖြစ်တဲ့ သူလိုလူအ တွက်က‌တော့ သူ‌ရွေးချယ်ခဲ့တဲ့ ကြမ်းတမ်း‌သော အနုပညာ‌လောကရဲ့ ဖြတ်သန်းမှု အမှတ်တရ‌ပေါင်း များစွာကို သတိတရနဲ့ နှုတ်က ဖွင့်ချချင်‌ပေမယ့် ကျန်းမာ‌ရေးအ‌ခြေအ‌နေက သူ‌ပြောချင်သမျှ စကားလုံး‌တွေကို ရင်တွင်းထဲမှာ မြိုသိပ်သိမ်းဆည်း ထား‌စေသလို ဖြစ်ရပြီ‌ပေါ့။

တစ်ခါတစ်ရံမှာ‌တော့ အိမ်မှာ‌နေရင်း အသံထွက်နိုင်သ‌လောက် သီချင်း‌လေး‌တွေကိုလည်း ကြိုးစားပြီး ငြီးဆို‌နေတတ်သလို သီချင်းနဲ့ပတ်သက်တဲ့ ‌လေ့လာသင်ယူစရာ‌တွေကိုလည်း သူကျန်းမာ‌ရေး‌ကောင်းစဉ်အခါက အမြဲသွန်သင်လမ်းပြမှု‌တွေ ပြုလုပ်‌ပေးတယ်လို့ သူ့ရဲ့သမီးငယ်က ‌ပြောပါတယ်။

“အ‌ဖေ့ဆီက ပညာ‌တွေကိုလည်း သင်ယူချင်တယ်။ ဒီအချိန်မှာ အ‌ဖေက ကိုယ့်ကို သင်‌ပေးဖို့ အင်အားမရှိ‌တော့ဘူး။ ဒါ‌ပေမယ့် သူအမြဲ‌ပြောတဲ့ စကားတခွန်း‌တော့ရှိတယ် “သီချင်းဆိုရင် အသံထွက်ပီပီသသနဲ့ဆိုပါ။ ရင်ဘတ်နဲ့ဆိုပါ။” ဆိုပြီး အ‌ဖေ့လိုမျိုးအ ဆို‌တော်ဖြစ်ချင်တဲ့ စ‌လောင်း‌လောင်းရဲ့သမီးငယ် နန်းဒိုင်ယာနာက ‌ပြောပါတယ်။

တကယ်‌တော့ ကရင်ပြည်နယ်၊ ဒုံရင်းတိုက်နယ် ဇာတိဖြစ်တဲ့ စ‌လောင်း‌လောင်းဟာ အသက် ၁၈နှစ်မှာ မြန်မာသီချင်းနဲ့ စတင်အ သံသွင်းခဲ့ပြီး အနုပညာ‌လောကထဲကို ဝင်‌ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ မြန်မာလို သူ သီဆိုထားတဲ့ သီချင်း‌ခွေ ၂‌ခွေရဲ့အမည် ‌တွေက‌တော့ ‘‌ကျောက်ဆစ်အပြုံး’ နဲ့ ‘မတစ်‌ထောင် တစ်‌ကောင်ဘွား’ ‌တွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ‌နောက်ပိုင်းမှာ ကရင်သီချင်း‌တွေကိုပဲ ဆက်တိုက်သီဆိုခဲ့ပြီး စ‌လောင်း‌လောင်းရယ်လို့ သူ့ကိုလူသိများလာ‌စေတဲ့ သီချင်း‌လေး‌တွေက‌တော့ (ပဝုန်းဆိုဘွန်၊ ‌ဖော့အွာ၊ ‌ဖော့ဆွဲထိုင်ထိ၊ ‌လောင်ဖာရွှန် ပနီ့ဂါ) စတဲ့သီချင်း‌တွေဖြစ်တဲ့အပြင် အဲဒီသီချင်း‌တွေကို ယခုအချိန်ထိ ပရိဿတ်အား‌ပေးမှုများ‌နေဆဲပါပဲ။

ဝါရင့်အဆို‌တော် စ‌လောင်း‌လောင်းဟာ သီချင်း‌ခွေထုတ်ပြီးတဲ့‌နောက် သူ့သီချင်း‌ခွေ‌တွေနဲ့အတူ ကရင်ရိုးရာဝတ်စုံ‌တွေကို ဧရာဝ တီတိုင်းက အမျိုး‌တွေဆီမှာ တည်းခိုကာ လှည့်လည်‌ရောင်းချရင်း အိမ်မဲဘက်က ဘဝ‌ဖော်ဖြစ်လာသူနဲ့ အ‌ကြောင်းပါခဲ့ပြီး ကရင် ပြည်နယ်က သူ့ရဲ့ဇာတိရွာမှာပဲ မိသားစုနဲ့အတူ ပြန်အ‌ခြေချ‌နေထိုင်ကာ အနုပညာအလုပ်ကို ‌ဇောက်ချလုပ်ကိုင်ခဲ့တယ်လို့ သိရ ပါတယ်။

‌ငွေ‌ကြေးမပြည့်စုံတဲ့အတွက် တစ်ခါတရံ သီချင်း‌ခွေအတွက် ကြိုးစားလုပ်‌ဆောင်ရင်း မိသားစု စားဝတ်‌နေ‌ရေး အခက်ကြုံရတဲ့ အ‌ခြေအ‌နေ‌တွေနဲ့ပါ ရင်ဆိုင်ခဲ့ရတယ်လို့လည်း ကြမ်းတမ်းလှတဲ့ အိမ်‌ထောင်‌ရေးဘဝကို ဆိုးတူ‌ကောင်းဖက် အတူတူ ဖြတ်သန်း ခဲ့ရတဲ့ ဇနီးဖြစ်သူက မျက်ဝန်းအိမ်ထဲက မျက်ရည်စ‌တွေနဲ့ ပြန်‌ပြောင်း‌ပြောပြ‌နေခြင်းက သက်‌သေပြလို့‌နေပါတယ်။

“အနုပညာကို သူအရမ်းချစ်မြတ်နိုးတာ၊ သူ့သားသမီး‌တွေကိုလည်း သူအရမ်းဖြစ်ချင်တဲ့ စိတ်ဆန္ဒရှိတယ်၊ အခုချိန်မှာ‌တော့ သူ ဘာမှမလုပ်‌ပေးတတ်‌တော့ဘူး။ သားသမီး၊ မိန်းမကိုလည်း သူအရမ်းချစ်တာ။ အနုပညာကိုလည်း သူအရမ်းချစ်တာ။ စစချင်း ‌နေမ‌ကောင်းဖြစ်ခါစဆိုရင် အနုပညာနဲ့ ပတ်သက်တဲ့ဟာဆိုရင် သူ‌ယောင်ပြီး ခဏခဏ‌ပြောတယ်။”လို့ ဇနီးဖြစ်သူ ဂါ့ဒြီးနာ‌အေး က ဆိုပါတယ်။

အခုချိန်မှာ‌တော့ စ‌လောင်း‌လောင်းဟာ သူသီဆိုခဲ့တဲ့သီချင်း‌တွေထဲက တချို့ကို‌တောင် ‌မေ့‌လျော့‌နေပြီဖြစ်‌ပေမယ့် ယခင်က တည်းက လက်တွဲဖူးတဲ့ သူ့ရဲ့မိတ်‌ဆွေ လုပ်‌ဖော်ကိုင်ဖက်‌တွေအပြင် ညီအစ်ကိုအရင်းလို ချစ်ခင်ရသူဖြစ်တဲ့ ကွယ်လွန်သွားသူ ဝါရင့်ကရင်‌တေး‌ရေး၊ ‌တေးဆို ‌စော‌ကျော်လိုက်သိမ့်ကိုလည်း သတိတရနဲ့ မကြာခဏ ‌မေးမြန်း တမ်းတတတ်တယ်လို့လည်း သူ့မိသားစုဝင်‌တွေက ‌ပြောပါတယ်။

လက်ရှိအချိန်မှာ‌တော့ စ‌လောင်း‌လောင်းက‌တော့ သားသမီး၊ ‌မြေး‌တွေနဲ့အတူ ဖားအံမြို့နယ် ဇွဲကပင်‌တောင်‌ခြေ ဒုံရင်းတိုက်နယ်၊ ‌ကော့ထမလိန်း‌ကျေးရွာအုပ်စုက တ‌ဝေါင်တာ(တ်ုဝါန့်တာ) ‌ကျေးရွာမှာ ‌နေထိုင်လျက်ရှိပါတယ်။

‌တေးသီချင်း‌လောကမှာ ၃၅နှစ်ကြာ ကျင်လည်ခဲ့ပြီး ပရိဿတ်နဲ့ နှလုံးသား နီးစပ်ခဲ့တဲ့ ‌တေး‌ရေး‌တေးဆို စ‌လောင်း‌လောင်းကို ပရိဿတ်အများ‌ရှေ့ စင်မြင့်ထက်မှာ တ‌ကျော့ ပြန်လည်မြင်‌တွေ့ရဖို့ ခဲယဉ်းသွားပြီဖြစ်‌ပေမယ့် သူ သီဆိုထားတဲ့ သီချင်း‌မြောက် များစွာက‌တော့ ပရိဿတ်‌တွေရဲ့ရင်ထဲမှာ ယ‌နေ့အထိ စွဲထင်ခိုင်မြဲ‌နေဆဲ ဖြစ်ပါ‌တော့တယ်။