Home သတင်း ဆရာ၊ ဆရာမများအတွက် စိတ်ကမ္ဘာ‌လေ့လာခြင်း သင်တန်း ပြုလုပ်‌ပေး

ဆရာ၊ ဆရာမများအတွက် စိတ်ကမ္ဘာ‌လေ့လာခြင်း သင်တန်း ပြုလုပ်‌ပေး

2588

‌မေလ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

မြန်မာနိုင်ငံ၊ Internal Youth Fellowship (ပြင်တွင်း လူငယ်များမိတ်သဟာယအသင်း)မှ ဦး‌ဆောင်၍ ဖားအံမြို့၊ အစိုးရနည်းပညာအထက်တန်း‌ကျောင်းရှိ ဆရာ၊ ဆရာမများအတွက် ရည်ရွယ်ပြီး Mind Lecture Camp (စိတ်ကမ္ဘာ‌လေ့လာခြင်းသင်တန်း) တစ်ခုကို ယ‌နေ့(‌မေလ ၂၃ ရက်)မှစတင်ကာ အဆိုပါ ‌ကျောင်း၌ ပြုလုပ် လျက်ရှိသည်။

ကိုရီးယားနိုင်ငံတွင် စတင်တည်‌ထောင်ခဲ့ပြီး လက်ရှိ နိုင်ငံ‌ပေါင်း ၁၇ဝ တွင်ရှိသည့် Internal Youth Fellowship (IYF) အဖွဲ့အ‌နေဖြင့် လူသားတို့၏ လွဲမှား‌နေသည့် အယူအဆများနှင့် မ‌ကောင်းသည့်စိတ်အ‌ခြေအ‌နေများကို ‌ကောင်းမွန်သည့် စိတ်အ‌ခြေအ‌နေများအဖြစ် ပြုပြင်‌ပြောင်းလဲနိုင်ရန် လမ်းညွှန်ပြသမှုများပြု လုပ်‌ပေး‌နေသည့် အဖွဲ့လည်းဖြစ်သည်။

လက်ရှိဖားအံတွင် သင်တန်းပို့ချ‌ပေး‌နေသည့်သင်တန်း Mind Lecture ဆရာမ ‌ဒေါ်ခင်မီမီ‌ကျော်က “ကျမတို့ရဲ့ စိတ်ကို အရင်‌ပြောင်းလဲရမယ်။ စိတ်‌ပြောင်းလဲမှ ဘဝတသက်တာ ‌ပြောင်းလဲမယ်။ ဘဝ‌ပြောင်းလဲမှ ကမ္ဘာကြီး ‌ပြောင်းလဲမယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်‌ပြောင်းလဲနိုင်တဲ့ အချက်‌တွေကို ဒီသင်တန်းက‌နေ သင်ကြားပို့ချ‌ပေး တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

သင်တန်းသား ၃ဝ ဦး‌ကျော်တက်‌ရောက်ပြီး ‌မေလ ၂၄ ရက်‌နေ့အထိ ပြုလုပ်မည့် အဆိုပါသင်တန်းကို မြန်မာ နိုင်ငံ IYF ဒုဥက္ကဌ မစ္စတာ လီယွန်ချန်းမှ ဦး‌ဆောင်ပို့ချ‌နေခြင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ‌လေ့လာသင်ယူမှု များသာမက အကများ၊ သီချင်းဆိုခြင်းများ၊ ပူး‌ပေါင်း‌ဆောင်ရွက်တတ်လာ‌အောင် Game ကစားခြင်းများ၊ လက်မှုပညာများ စသည်တို့ကို ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်သည်။

သင်တန်းတက်‌ရောက်လာသူ လျှပ်စစ်ဌာနမှ ဓာတ်ခွဲကျွမ်းကျင်(၅) ဆရာဦးပြည့်စုံဟိန်းက “ကိုယ့်ရဲ့စိတ်ကို အရင်ဆန်းစစ်ပြီး‌တော့ ဘယ်လိုပြုပြင်ရမလဲဆိုတာကို သိလာတယ်။ ဒါကိုသိပြီး‌တော့လည်း ‌ကျောင်းသား ‌တွေကို ပြန်‌ပြောပြသွားမယ်”ဟု‌ပြောသည်။
Internal Youth Fellowship (ပြင်တွင်းလူငယ်များ မိတ်သဟာယအသင်း)သည် ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟုသိရပြီး ယင်းအဖွဲ့အ‌နေဖြင့် ယခု ပြုလုပ်‌သော Camp မှာ ဖားအံမြို့၊ အစိုးရနည်းပညာအထက်တန်း‌ကျောင်း၌ ၃ ကြိမ်‌မြောက်ပြုလုပ်‌သော Camp လည်းဖြစ်သည်။