Home သတင်း စစ်တပ်ပိုင်‌မြေ ဧရိယာအတွင်း ‌နေထိုင်သူများ ပုံစံ ၁ဝ၅ တန်းတူရရှိရန် အသနားခံ‌တောင်းဆိုခဲ့

စစ်တပ်ပိုင်‌မြေ ဧရိယာအတွင်း ‌နေထိုင်သူများ ပုံစံ ၁ဝ၅ တန်းတူရရှိရန် အသနားခံ‌တောင်းဆိုခဲ့

2525

‌မေလ ၁၇ရက်၊ ၂ဝ၁၉ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ‌ရှေ့တန်းတပ်စခန်းရုံး၏ တပ်‌မြေဧရိယာတွင် ‌နေထိုင်ကြသူများက၎င်းတို့အတွက် ‌မြေအ‌ထောက်အထားပုံစံ ၁၀၅ကို ရရှိ‌ရေး ‌ဆောင်ရွက်‌ပေးရန် ‌မေလ ၁၃ရက်‌နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ အသနားခံ
‌တောင်းဆိုခဲ့ကြသည်။

‌မြေအကျယ်အဝန်း ၃၀.၃၀ဝဧကရှိသည့် ‌ရှေ့တန်းတပ်စခန်းရုံး၏ တပ်ပိုင်‌မြေ‌ပေါ်တွင် အိမ်‌ခြေ ၁၁၂လုံးနှင့် လူဦး‌ရေ ၅ဝဝနီးပါး ‌နေထိုင်လျှက် ရှိပြီး ၎င်းတို့မှာ တပ်ခြံစည်းရိုးအပြင်ဘက်တွင် ‌နေထိုင်‌နေကြသည်။ ၎င်းတို့အနက် အချို့မှာ ပုံစံ ၁၀၅ ရရှိထား‌သော်လည်း အများစုမှာ မရရှိ ‌သေးသည့်အ‌ပေါ် ‌မြေအ‌ထောက်အထား ပုံစံ ၁ဝ၅ကို အားလုံး တန်းတူရရှိရန် နိုင်ငံ‌တော်အကြီးအကဲများနှင့် တပ်မ‌တော်အကြီးအကဲများကို တင်ပြ‌ပေး‌စေလို‌ကြောင်း ဘုရားသုံးဆူမြို့ရှိ ဓမ္မ‌ဟေဝန်‌ကျောင်း၊ သဟကာရီဗိမ္မာန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းလင်းပွဲ ဦး‌ဆောင်သူ ဦးစန်းယုက ‌မေလ ၁၄ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌နေထိုင်ခွင့်စာရွက်စာတမ်း ပုံစံ ၁ဝ၅ အ‌ထောက်အထား‌လေး‌လောက် အများဆန္ဒက လိုချင်ကြပါတယ်။ တပ်ခြံစည်းရိုးအပြင်မှာပဲ‌နေကြတဲ့ အ‌နေအထားဖြစ်တဲ့အတွက်‌ကြောင့် သတ်သတ်မှတ်မှတ်‌လေးလုပ်ပြီး ‌အေး‌အေးချမ်းချမ်း‌နေ‌စေချင်တယ်‌ပေါ့‌နော်။ ကျ‌နော်တို့မှာ ‌နေထိုင်တဲ့ အ‌ထောက်အထားစာရွက်မရှိ‌တော့ ‌နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာမလဲ မသိဘူး စိုးရိမ်တာ‌ပေါ့။”ဟု ဦးစန်းယုက ‌ပြောဆိုသည်။

‌မြေအ‌ထောက်အထားပုံစံ ‌တောင်းဆိုသူများသည် ၎င်းတပ်ပိုင်‌မြေတွင် ၁ဝနှစ်မှ နှစ်‌ပေါင်း ၃ဝအထိ ‌နေထိုင်ခဲ့ကြပြီး ယခင်ဘုရားသုံးဆူမြို့‌ပေါ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်ကာလအတွင်း တပ်ကုန်းစခန်း၏ ‌အောက်‌ခြေပတ်ပတ်လည်တွင် ‌နေအိမ်‌ဆောက်ကာ ‌နေထိုင်ခွင့်ရရှိခဲ့ကြသူများ ဖြစ်သည်။ ထိုသို့‌နေထိုင်ချိန်၌ စစ်တပ်နှင့် အုပ်ချုပ်သူများကို ဆန့်ကျင်ခြင်းမရှိခဲ့ဘဲ ယခုမှသာ ‌နေထိုင်မှုအ‌ထောက်အထား စာရွက်စာတမ်းများ ရရှိရန်ကို အသနားခံ တင်ပြခြင်းဖြစ်သည်ဟု တပ်‌မြေနယ်နိမိတ်အတွင်း ‌နေထိုင်သူများက ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ လယ်ယာ‌မြေ စီမံခန့်ခွဲ‌ရေးနှင့် ‌မြေစာရင်းဦးစီးဌာန ဦးစီးမှူးဦးမျိုးဝင်းက “သူတို့‌နေရာက တပ်‌မြေဧက ၃ဝ.၃ဝဝထဲမှာ ပါတယ်။ ပြန်စွန့်လွှတ်မယ်၊ မစွန့်လွှတ်ဘူးဆိုတာ တပ်သ‌ဘောထားပဲ လိုတယ်။ ပိုင်ဆိုင်မှုအ‌ထောက်အထားတစ်ခုခုရှိမှ
ထုတ်‌ပေးလို့ရမှာ‌လေ။ ပြည်သူ‌တွေကို ပုံစံ ၁ဝ၅ဖြစ်ဖြစ်၊ ပိုင်ဆိုင်မှု‌ပေးချင်တယ်ဆိုရင် တပ်သ‌ဘောအရ ‌မြေစွန့်လွှတ်မလား၊ တစ်ခုခုရှိမှ
လုပ်‌ပေးလို့ ရမယ့်ဟာမျိုးရှိတယ်။ လက်ရှိ‌မြေစာရင်းမှာ‌တော့ တပ်‌မြေဆိုပြီး ရှိ‌နေတယ်။”ဟု ‌မေလ ၁၄ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ်ခန့်က တပ်‌မြေအတွင်း ‌နေထိုင်သည့် ပြည်သူများကို ‌နေအိမ်ဖယ်ရှား‌ပေးရန်နှင့် တိုးချဲ့တည်‌ဆောက်ခြင်းမပြုလုပ်ရန် တပ်ဖက်က ‌ပြောဆိုမှုရှိခဲ့ပြီး ‌နေအိမ်တစ်အိမ်လျှင် တစ်လဘတ်‌ငွေ ၁ဝဝ ‌ပေး‌ဆောင်ကာ ‌နေထိုင်ခဲ့ရသည်။ ထို့အတွက် ပြည်နယ်အစိုးရအဖွဲ့ ထံ အသနားခံစာ တင်ပြခဲ့ရာမှ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် ယခင်တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်းက ယင်း‌နေရာသို့ လာ‌ရောက်ကွင်းဆင်း စစ်‌ဆေးခဲ့သည့်အပြင် ‌နေထိုင်သူများထံမှ ‌ငွေ‌ကြေးမ‌ကောက်ခံရန်လည်း မှာကြားခဲ့‌ကြောင်း တပ်‌မြေအတွင်း ‌နေထိုင်သူများ၏ ‌ပြောပြချက်များ အရ သိရသည်။

ဓမ္မ‌ဟေဝန်‌ကျောင်းဆရာ‌တော် ဦးဉာ‌ဏောဘာသက “၁၃၄၉ခုနှစ် KNU အုပ်ချုပ်စဉ်အခါက ဒီကုန်းနယ်‌မြေဟာ KNU ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မော်‌တောက သာသနာပြုဖို့အတွက် ‌ပေးခဲ့တယ်။ ၁၃၅၁ခုနှစ် တပို့တွဲလမှာ အဲ့တုန်းက တပ်က ဘုန်းကြီး‌ကျောင်းအနားမှာပဲ ‌နေချင် တယ် ‌ပြောတယ်။ ခု ‌နေထိုင်တဲ့ပြည်သူ‌တွေကို အရင်တပ်က ‌ပေး‌နေထားတာပါ။ ဆင်းရဲဒဏ်တူတူခံခဲ့ရတာ နှစ် ၂ဝ‌ကျော်ပြီး။ ပြည်သူအား လုံးကို ညီတူညီမျှ ဖြစ်‌စေချင်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌မေလ ၁၄ရက်‌နေ့က မိန့်ကြားခဲ့သည်။

ဘုရားသုံးဆူမြို့ရှိ ‌ရှေ့တန်းတပ်စခန်းရုံးဧရိယာအတွင်း လက်ရှိအချိန်၌ ‌နေထိုင်သူများကို တပ်မ‌တော်မှ ‌နေအိမ်‌ပြောင်း‌ရွေ့ဖယ်ရှားခိုင်းတာမျိုး မရှိ‌သေး‌သော်လည်း တပ်‌မြေ၌ ‌နေထိုင်သူအများစုမှာ ‌မြေ‌နေရာ အ‌ထောက်အထား စာရွက်စာတမ်းမရှိသဖြင့် တစ်ချိန်တွင် ‌နေရာတည်မြဲမှုမရှိ ဘဲ ‌ပြောင်း‌ရွှေ့ရမည်ကို စိုးရိမ်‌နေကြသည်။