Home သတင်း ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာတင်ဝင်း‌ကျော် နှုတ်ထွက်

ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာတင်ဝင်း‌ကျော် နှုတ်ထွက်

2508

‌မေလ ၁၇ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူမှု‌ရေးဝန်ကြီးဌာန ဝန်ကြီး‌ဒေါက်တာတင်ဝင်း‌ကျော်အား ၎င်းသ‌ဘောဆန္ဒအ‌လျောက် ၂၀၁၉ခုနှစ်၊ ဇွန်လမှစတင်ပြီး ဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်‌ကြောင်း နိုင်ငံ‌တော်သမ္မတရုံးက ‌မေလ ၁၆ ရက်‌နေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံ‌တော်သမ္မတမှ ခွင့်ပြုလိုက်သည့် လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာတင်ဝင်း‌ကျော်နှုတ်ထွက်မှုမှာ ယခုလက်ရှိ အာဏာရ‌နေသည့် NLD အစိုးရလက်ထက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများထဲမှ ပထမဆုံး‌သော မိမိဆန္ဒအ‌လျောက် နှုတ်ထွက်ခြင်းလည်းဖြစ်သည်။

“သူ‌နေမ‌ကောင်းဖြစ်တာကြာပြီ။ ဘာဖြစ်လဲဆို‌တော့ သူကဗိုက်ခွဲထားတာရှိတယ်။ ကျန်းမာ‌ရေး‌ကြောင့် အစည်း အ‌ဝေး‌တွေလည်း မတက်နိုင်တာ လ‌ပေါင်း‌တော်‌တော်ကြာပါပြီ။ အဲဒါ‌ကြောင့် သူမနိုင်‌တော့လို့ နုတ်ထွက်တာပဲ ဖြစ်တယ်။ တခြားအ‌ကြောင်းအရာ‌တွေ‌ကြောင့်မဟုတ်ပါဘူး” ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့်နီးစပ်သည့် ဌာန ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါက်တာတင်ဝင်း‌ကျော်သည် ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွင်း အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် -NLD ပါတီကိုယ်စားလှယ်အဖြစ် လှှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်‌ရောက်ယှဉ်ပြိုင်ပြီး မဲအနိုင်ရရှိသူ လည်း ဖြစ်သည်။