Home သတင်း ကရင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် သဘာဝ‌မြေဩဇာ ထုတ်လုပ်နိုင်‌ရေးစီမံကိန်းတစ်ခု ‌ဆောင်ရွက်မည်

ကရင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် သဘာဝ‌မြေဩဇာ ထုတ်လုပ်နိုင်‌ရေးစီမံကိန်းတစ်ခု ‌ဆောင်ရွက်မည်

3741

‌မေလ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌တောင်သူလယ်သမားများအတွက် သဘာဝ‌မြေဩဇာများကို နည်းစနစ်မှန်စွာ ထုတ်လုပ်တတ်ရန် ရည်ရွယ်ပြီး အ‌ကောင်အထည်‌ဖော်မည့် ကုန်းမြင့်‌ဒေသ စိုက်ပျိုး‌ရေးသွင်းအားစုများနှင့် လယ်ယာဝန်‌ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်း တစ်ခုကို စိုက်ပျိုး‌ရေးဦးစီးဌာနနှင့် IFDC တို့မှ ကရင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် ‌ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါ စီမံကိန်းကို LIFT (Livelihood and Food Security Fund) ‌ထောက်ပံ့မှုဖြင့် စိုက်ပျိုး‌ရေး ဦးစီးဌာနနှင့် IFDC (International Fertilizer Development Center)မှ ‌ဆောင်ရွက်မည်ဖြစ်ပြီး ကရင်ပြည်နယ်ရှိ ဖားအံ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၃ မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂ဝခုနှစ်၊ ဇွန်လအထိ စီမံကိန်းကာလအဖြစ် ဦးစွာ‌ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

ထိုစီမံကိန်းအဖွဲ့၏ ကိုယ်စားလှယ်၊ ယာယီတာဝန်ခံလည်းဖြစ်သူ အကြီးတန်းစိုက်ပျိုး‌ရေးပညာရှင် ဦး‌ဇေယျာ လင်းက“ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်တို့ ပဏာမ‌လေ့လာတဲ့အခါမှာ အဲဒီက မြို့နယ် စိုက်ပျိုး‌ရေးဦး စီးမှူး‌တွေ ‌ပြောပြချက်အရ ‌မြေအချဉ်ဓာတ်‌တွေ လွန်ကဲအဆင့်‌ရောက်‌နေပြီလို့ ‌ပြောတယ်။ ‌လေ့လာကြည့်တဲ့ အ ခါအဓိက ထိုင်းဘက်က ဓာတ်‌မြေဩဇာ‌တွေသုံးများလို့ ‌မြေဆီလွှာ‌တွေက ပျက်စီးလာတယ်။ နည်းလမ်းရှာ တဲ့ အခါမှာ သဘာဝ‌မြေဩဇာကို ပိုမိုသုံးစွဲဖို့နဲ့ လယ်သမားကုန်ကျစရိတ်‌တွေလည်း ပိုမိုသက်သာ‌အောင် သဘာဝ ‌မြေဩဇာသုံးစွဲနည်း‌တွေကို လက်‌တွေ့ ပညာ‌ပေး‌ဆောင်ရွက်သွားမှာဖြစ်တယ်” ‌ကေအိုင်စီသို့ ‌ပြောသည်။

စိုက်ပျိုး‌ရေးဦးစီးဌာနနှင့် IFDC တို့မှ လုပ်‌ဆောင်မည့် အဆိုပါ ၁၈ လတာကြာမြင့်မည့် စီမံကိန်းတွင် သဘာ ဝ‌မြေဩဇာ ထုတ်လုပ်နိုင်‌ရေး နည်းပညာ‌ပေးသင်တန်းများ၊ ကွင်းသရုပ်ပြပွဲ၊ စမ်းသပ်ကွက်များ၊ စီးပွား‌ရေး ဆိုင်ရာ နည်းပညာ‌ပေး အစီအစဉ်များအပြင် စိုက်ပျိုး‌ရေးသွင်းအားစုများ ‌ထောက်ပံ့ခြင်းအစီအစဉ်များဖြင့် အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့အပြင် လယ်ယာစိုက်ပျိုးနည်းပညာဖွံ့ဖြိုးတိုးတက်‌ရေးအတွက် မြို့နယ် စိုက်ပျိုး‌ရေးဌာနတို့နှင့်အတူ KNU-က ရင်အမျိုးသားအစည်းအရုံးနှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA-PC လယ်ယာစိုက်ပျိုး‌ရေးဌာနများနှင့်ပါ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်သလို လယ်သမားများနှင့် စိုက်ပျိုး‌ရေးတိုးချဲ့ပညာ‌ပေးအဖွဲ့များကိုပါ ပညာ‌ပေး‌ဆောင်ရွက်သွားမည်ဖြစ်သည်ဟု စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

လက်ရှိ ကရင်ပြည်နယ်တွင် သီးနှံစိုက်ပျိုးသည့်အခါ သဘာဝ‌မြေဩဇာသုံးစွဲမှုအစား အခြားနိုင်ငံမှ တင်သွင်း လာ‌သော ဓာတ်‌မြေဩဇာများကိုသာ အဓိက ဝယ်ယူသုံးစွဲ‌နေရပြီး ထိုသို့သုံးစွဲ‌နေမှု‌ကြောင့် အချို့လယ်ယာ‌မြေ ပျက်စီးမှုများအပြင် သီးနှံအထွက်နှုန်း‌လျော့ကျလာမှုများနှင့်ပါ ကြုံ‌တွေ့‌နေရ ‌ကြောင်းလည်း လယ်ယာ စိုက်ပျိုး‌ရေး လုပ်ကိုင်‌နေကြသည့် ‌တောင်သူလယ်သမားများက ‌ပြောဆိုသည်။

လယ်ယာ‌မြေပျက်စီးမှုများနှင့် ကြုံ‌တွေ့ရသည့် ဆင်ကျုံးရွာမှ အမျိုးသမီးလယ်သမား‌ခေါင်း‌ဆောင်ဂါ့ကျင် ‌ရွှေက “ကျမတို့ရွာဘက်မှာ ဓာတ်‌မြေဩဇာ‌ကြောင့် စပါးအထွက်နှုန်းမတိုး‌တော့ဘဲလယ် ‌မြေပျက်သွားတာ ရှိတယ်။ အခု‌တော့ သူများဆီကရလာတဲ့ သဘာဝ‌မြေဩဇာသုံးကြည့်‌တော့ နည်းနည်းအဆင်‌ပြေလာတယ်။ သူတို့က သဘာဝ‌မြေဩဇာ ထုတ်လုပ်မှုနည်း ပညာ‌ပေးမယ်ဆို‌တော့ လယ်သမားအတွက် အဆင်‌ပြေသွားတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

LIFT ‌ထောက်ပံ့ရံပုံ‌ငွေဖြင့် IFDC အဖွဲ့မှ‌ဆောင်ရွက်သည့် အဆိုပါ စီမံကိန်းကို အပူပိုင်း‌ဒေသနှင့် ကုန်းမြင့်‌ဒေသ ဟူ၍ ခွဲခြားထားကာ အပူပိုင်း‌ဒေသစီမံကိန်းကို မ‌ကွေးတိုင်း၊ မန္တ‌လေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီ တိုင်းတို့တွင် ၃ နှစ်တာစီမံကိန်းဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်‌ဆောင်ရွက်ခဲ့ပြီး ကုန်းမြင့်‌ဒေသတွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ် ၂ ခုပါဝင်သည်ဟု သိရသည်။