Home သတင်း ကရင်ပြည်နယ်တွင် ‌ပေါ့ဆမီးနှင့် လျှပ်စစ်မီး‌ကြောင့် မီး‌လောင်မှုအ‌ရေအတွက် အများဆုံးဖြစ်ပွား

ကရင်ပြည်နယ်တွင် ‌ပေါ့ဆမီးနှင့် လျှပ်စစ်မီး‌ကြောင့် မီး‌လောင်မှုအ‌ရေအတွက် အများဆုံးဖြစ်ပွား

2829

‌မေလ ၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်း ၃ လ နှင့် ၂၀၁၈ ခုနှစ်အတွင်း မီး‌လောင်မှုအမျိုးအစားများထဲ၌ ‌ပေါ့ဆမီးနှင့် လျှပ်စစ်မီး‌ကြောင့် မီး‌လောင်မှုအများဆုံးဖြစ်ပွားလျက်ရှိ‌ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီး‌လောင်မှုအမျိုးအစားများမှာ မီးဖိုမီး၊ ‌ပေါ့ဆမီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ အလိုအ‌လျောက်မီး၊ ‌တောမီးတို့ဖြစ်ပြီး ပြည်နယ်မီး သတ်ဦးစီးဌာနမှ ပြုစုထားသည့် စာရင်းများအရ ‌ပေါ့ဆမီးနှင့်လျှပ်စစ်မီး‌ကြောင့် ဖြစ်ပွားသည့် မီး‌လောင်မှုဖြစ်စဉ်မှာ အခြားမီး‌လောင်မှုဖြစ်စဉ်ထက် အ‌ရေအတွက် ပိုမိုများပြား‌နေခြင်းလည်း ဖြစ်သည်။

ကရင်ပြည်နယ်၊ မီးသတ်ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးခင်‌မောင်ရီက “လူ‌နေမှုမြင့်လာတာနဲ့အမျှ ‌ခေတ်မီ လျှပ်စစ် ပစ္စည်း‌တွေ သုံးစွဲတာများလာတယ်။ ကိုင်တွယ်သုံးစွဲတဲ့အခါ ဖြစ်‌ပေါ်တဲ့ ချို့ယွင်းချက်၊ အားနည်းချက်‌ကြောင့် လျှပ်စစ်ဝါ ယာ‌ရှော့ခ် မီး‌လောင်မှု‌တွေဖြစ်လာတယ်။ သုံးစွဲပြီး သတိ‌မေ့ပြီး‌တော့ မီးခလုတ် မပိတ်ထားတာ တို့၊ ကိုယ့်ရဲ့အိမ်အတွင်းမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်ကြိုး‌တွေရဲ့ ခံနိုင်ဝန်အားထက် ပိုသုံးတဲ့ အပြုအမှု‌တွေ‌ကြောင့်လည်း မီး‌လောင်မှု ဖြစ်‌ပေါ်နိုင်တယ်↔ဟု ယ‌နေ့ (‌မေလ ၄ ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ မီး‌လောင်မှုဖြစ်စဉ် စာရင်းများအရ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်း ၃ လအတွင်း ‌ပေါ့ဆ မီး‌ကြောင့် ၂၂ ကြိမ်၊ လျှပ်စစ်မီး‌ကြောင့် ၂ဝ ကြိမ် မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့‌ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ စာရင်း များအရ သိရသည်။

ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ‌ပေါ့ဆမီး၊ လျှပ်စစ်မီးအပါအဝင် အခြားဖြစ်စဉ်များ‌ကြောင့် မီး‌လောင်မှု အကြိမ် စုစု‌ပေါင်း ၄၂ ကြိမ်၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း‌ပေါင်း ၁၆၇ ဒသမ ၉၃ သန်းနှင့် ၄ ဦး ‌သေဆုံးကာ၂ ဦး ဒဏ် ရာရရှိခဲ့‌သော်လည်း ယခု ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်း ၃ လအတွင်း မီး‌လောင်မှု အကြိမ်‌ပေါင်း ၁၇ ကြိမ်၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း‌ပေါင်း ၇ဝ ဒသမ ၃၇ သန်းရှိခဲ့ပြီး မီး‌လောင်မှုအတွင်း လူ‌သေဆုံးမှု မရှိခဲ့‌ကြောင်း ပြည်နယ် မီးသတ်ဦးစီး ဌာနထံမှ သိရသည်။

ထို့အတူ ရာသီဥတုပိုမိုပူပြင်းလာခြင်းအ‌ကြောင်းမှာ မီး‌လောင်မှုဖြစ်ပွားရန် ပိုမိုလွယ်ကူ‌စေသည့်အပြင် မီး‌လောင်မှုတိုင်း တွင် ‌ပေါ့ဆမှုမှတဆင့် အများဆုံးဖြစ်ပွားခြင်း‌ကြောင့် မီးကိုစနစ်တကျဖြင့် သတိရှိစွာ အသုံးပြုကြရန်နှင့် အိမ်တိုင်းတွင် မီးသတ်ဗူးများထားရှိကာ စနစ်တကျကိုင်တွယ် အသုံးပြုကြခြင်းဖြင့် မီး‌လောင်မှု ဖြစ်ပွားမှုကို ‌လျှော့ချနိုင်မည်ဖြစ်‌ကြောင်း လည်း ညွှန်ကြား‌ရေးမှူး ဦးခင်‌မောင်ရီက ဆက်‌ပြောသည်။

အပူချိန်တဖြည်းဖြည်းမြှင့်မားလာ‌နေသည့် ပြည်နယ်အတွင်း မီး‌ဘေး အန္တရာယ်‌လျော့နည်း‌စေ‌ရေးအတွက် မီးသတ် တပ်ဖွဲ့ဝင်များအ‌နေဖြင့် မြို့နယ်တိုင်းရှိ ရပ်ကွက်အလိုက် မီး‌ဘေးအန္တရာယ်ကြိုတင် ကာကွယ်‌ရေး၊ အသိပညာ‌ပေးများ ပြုလုပ်‌နေပြီး အပတ်စဉ် တစ်အိမ်တက်ဆင်း မီးအသုံးပြုသည့် လုပ်ငန်း၊ ‌လောင်စာဆီလုပ်ငန်းများကို စစ်‌ဆေးကြပ် မတ်မှု များ ပြုလုပ်‌ပေးလျက်ရှိ‌ကြောင်းလည်း သိရသည်။

မီး‌လောင်မှုအများဆုံးလများသည် ဇန်နဝါရီ၊ ‌ဖေ‌ဖော်ဝါရီ၊ မတ်လတို့ဖြစ်ပြီး ကရင်ပြည်နယ် ၇ မြို့နယ်တွင် ဖားအံ မြို့နယ် သည် မီး‌လောင်မှုအများဆုံးဖြစ်ပွားသည့် မြို့နယ်ဖြစ်‌ကြောင်းလည်း ပြည်နယ် မီးသတ်ဦးစီးဌာနမှတာ ဝန်ရှိသူများ၏ ‌ပြောပြချက်များအရ သိရသည်။