Home သတင်း ကရင်ပြည်နယ်တွင် အိမ်မိုးဖက်၊ ဝါးနှင့်သစ်တိုင်များ နှစ်စဉ်‌ဈေးနှုန်းမြှင့်တက်လာ‌နေ

ကရင်ပြည်နယ်တွင် အိမ်မိုးဖက်၊ ဝါးနှင့်သစ်တိုင်များ နှစ်စဉ်‌ဈေးနှုန်းမြှင့်တက်လာ‌နေ

4500

‌မေလ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်တွင် ယခုအချိန်ထိ အသုံးပြု‌နေရဆဲ အ‌ခြေခံ အိမ်အ‌ဆောက်အဦးပစ္စည်းများဖြစ်သည့် အိမ်မိုးဖက်၊ ထရံ၊ ဝါးနှင့်သစ်တိုင်တို့ ‌ဈေးနှုန်းများမှာ တစ်နှစ်ထက်တစ်နှစ်မြှင့်တက်လာ‌နေ‌ကြောင်း ဝါးထရံ၊ အိမ်မိုးဖက် ‌ရောင်းဝယ် သူများ ထံမှ သိရသည်။

အဆိုပါ အ‌ခြေခံအ‌ဆောက်အဦး ပစ္စည်းများမှာ ကရင်ပြည်နယ်တွင် တဖြည်းဖြည်း ရှားပါးလာမှုနှင့်အတူ လုပ်အားခကြီးမြှင့် လာမှုနှင့် သယ်ပို့စရိတ်ကြီးမြှင့်လာမှုများအ‌ပေါ်မူတည်ပြီး ‌ဈေးနှုန်းမြှင့်တက်လာရခြင်းဖြစ်‌ကြောင်း ဖားအံမြို့တွင် ဖက်နှင့် ဝါးထရံ ‌ရောင်းဝယ်လုပ်ကိုင်သူ ‌စောဝတုတ်က ‌ပြောသည်။

၎င်းက “ဒီဟာ‌တွေက ဒီနိုင်ငံမှာ အခုလိုအပ်‌နေဆဲ ပါပဲ။ ‌ဝေးတဲ့‌နေရာမှာက ပုံမှန်ထွက်တယ်။ အင်ဖက်တို့ ဝါးတို့က နီးတဲ့‌နေ ရာမှာဆိုရင် သိပ်မရှိ‌တော့ဘူး။ ပြန်လည်း ပြန်မစိုက်ကြ‌တော့ဘူးဆို‌တော့ ‌ဝေးတဲ့‌နေရာမှာ ယူပြီး ပြန်‌ရောင်းတဲ့အခါ သယ်ယူစရိတ်နဲ့ အလုပ်သမားခ ပိုကုန်‌တော့ ‌ဈေးနှုန်းလည်း တက်ရတာ‌ပေါ့” ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ ကရင်ပြည်နယ်တွင် အခြား‌နေရာ‌ဒေသများမှ ‌ရွှေ့‌ပြောင်းကာ အလုပ်လာ‌ရောက်လုပ်ကိုင် သူများပြား လာမှု‌ကြောင့် ၎င်းတို့အတွက် ယာယီ‌နေအိမ်နှင့်ဆိုင်များ‌ဆောက်သည့်အခါ အိမ်မိုးဖက်၊ ဝါး၊ ထရံ နှင့်သစ်တိုင်များ အသုံးပြု‌နေရသဖြင့် အဆိုပါ အ‌ခြေခံအိမ်‌ဆောက်ပစ္စည်းများမှာ အ‌ရောင်းသွက်‌နေဆဲဖြစ်သည်ဟုလည်း သိရသည်။

ယခင်နှစ်များက အင်ဖက် ၁၀ဝ စည်း တစ်စည်းလျှင် ၁ဝ,ဝဝဝ (တစ်‌သောင်း) ကျပ်ဝန်းကျင်ခန့်ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၁၂,၀၀ဝကျပ်၊ ‌တောင်ထန်း ၁ စည်း ၁၈,၀၀ဝ ကျပ်ရှိရာမှ ၂၄,၀၀ဝကျပ်၊ ‌မျှောတိုင်သစ် ၁ ‌ချောင်းမှာ ၄,၀၀ဝ ကျပ်မှ ၅,၀၀ဝ ကျပ်အထိမြှင့်တက်လာ‌နေပြီး မိုးမှန်ပါက ယခုထက်‌ဈေးနှုန်းမြှင့်တက်လာနိုင်‌ကြောင်းလည်း ‌ရောင်းဝယ်သူများက ‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့နယ်၊ ခူနီရွာသူ နန်းမူးမူးက“ အရင်က အင်ဖက်ထိုး‌ရောင်းပြီး စီးပွား‌ရေးလုပ်ကြတယ်။ ‌နွေရာသီ ဆိုရင် အဲဒီလုပ်ငန်းလုပ်တယ် ။ ကျမတို့ဆိုရင်လည်း အဲဒါလုပ်တယ်။ အခုက ဝါး‌တော၊ အင်‌တော‌တွေ ဆိုရင် ‌ရော်ဘာခြံဖြစ်ကုန် ‌တော့ အဲဒါကိုလည်း စီးပွားဖြစ်လုပ်လို့ အဆင်မ‌ပြေ‌တော့ဘူး။ အင်ဖက်တို့ဝါးတို့က ‌ဈေးတက်တာ‌ပေါ့။ မြို့မှာမကဘူး၊ ‌တောမှာလည်း ‌ဈေးတက်တာပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အသုံးပြု‌နေရဆဲဖြစ်သည့် အင်ဖက်နှင့်ဝါးများကို ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူစ သည့်‌ဒေသများမှ အများဆုံးတင်သွင်း‌ရောင်းချ‌နေကြရပြီး မွန်ပြည်နယ်ရှိ ဘီးလင်းဘက်မှ ‌တောင်ထန်းများကိုလည်း သယ်ယူကာ ဖားအံမြို့ရှိ အ‌ခြေခံအိမ်‌ဆောက်ပစ္စည်းအ‌ရောင်းဆိုင်များတွင် တင်သွင်း‌ရောင်း ချ‌နေကြရသည်။

လက်ရှိ ကရင်ပြည်နယ်တွင် အသုံးပြု‌ရောင်းချ‌နေကြသည့် ဝါးများမှာ ‌တော‌တောင်တွင် သဘာဝ‌ပေါက်သည့် အပင်များကိုသာ ခုတ်ယူ‌ရောင်းချကြခြင်းဖြစ်ပြီး စီးပွားဖြစ် စိုက်ပျိုး‌ရောင်းချသူများ နည်း‌သေးသည်ဟုလည်း အ‌ခြေခံ အိမ်‌ဆောက်ပစ္စည်း‌ရောင်းဝယ်သူများ၏ ‌ပြောပြချက်များအရ သိရသည်။