Home သတင်း ကရင့်အမျိုးသား‌ရေးနှင့် နိုင်ငံ‌ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ဆရာဖြစ်သင်တန်း ပြုလုပ်ပြီးစီး

ကရင့်အမျိုးသား‌ရေးနှင့် နိုင်ငံ‌ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ဆရာဖြစ်သင်တန်း ပြုလုပ်ပြီးစီး

2043

‌မေလ ၂၃ ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ဒုတိယအကြိမ်‌မြောက် ကရင့်အမျိုးသား‌ရေးနှင့် နိုင်ငံ‌ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ဆရာဖြစ်သင်တန်းကို KNU/KNLA-PC ဌာနချုပ်တည်ရှိရာ ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး ‌ကျေးရွာတွင် ‌မေလ ၁၃ရက်မှ ၂၃ရက်‌နေ့ ၁ဝရက်တာ ပြုလုပ်ပြီးစီးသွားခဲ့ပြီဟု သိရသည်။

ကရင်လူငယ်အစည်းအရုံး -KYOနှင့် ကရင်လူငယ်ကွန်ရက်-KYNတို့မှ ဦး‌ဆောင် ပြုလုပ်သည့် အဆိုပါ သင်တန်း ကို ကရင်လူငယ်များ ကရင်တစ်မျိုးသားလုံး၏ ‌မျှော်မှန်းချက်၊ ရည်မှန်ချက်များ ဖြစ်‌မြောက်ရန်အတွက် စည်း လုံးညီညွတ်စွာဖြင့် ပါဝင်ကူညီပံ့ပိုးရန်နှင့် သမိုင်း‌ပေးတာဝန်များကို ထမ်း‌ဆောင်ရာတွင် စိတ်အား ထက်သန်မှု ရှိ လာ‌စေရန်အတွက် ရည်ရွယ်သည်ဟု သင်တန်း၏ တာဝန်ခံ ‌စောအယ်‌ကေ်ာက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ကရင်လူငယ်‌တွေ လူငယ်ကဏ္ဍအ‌လျောက် ကိုယ့်အမျိုးသားရည်မှန်းချက်ကို ‌ရောက်နိုင်ဖို့ အတွက် ကျရာသူ့ကဏ္ဍနဲ့သူ ပါဝင်လုပ်‌ဆောင်သွားနိုင်ဖို့ကို ရည်ရွယ်တယ်။ ‌နောက်ပြီး ကိုယ့်ကရင်လူငယ် ကရင့်နိုင်ငံ‌ရေးအ‌ပေါ် ပိုမိုနားလည်လာနိုင်ဖို့နဲ့ အမျိုးသား‌ရေး တည်‌ဆောက်မှု ပုံစံ‌တွေကို ပိုမိုသိရှိ နားလည် ‌အောင် နဲ့ ကျန်တဲ့တခြား‌သော ကရင်လူငယ်‌တွေအကြားပြန်မျှ‌ဝေ‌ပေးနိုင်ဖို့အတွက်ဖြစ်တယ် ” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

၁ဝရက်တာ ပြုလုပ်သည့် အဆိုပါ သင်တန်းကို ကရင်အမျိုးသားအစည်းအရုံး-KNU၏ ခရိုင်အလိုက် KYO လူငယ်များ၊ KYN၏ ‌ဒေသအလိုက် ကရင်လူငယ်များနှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA၊ KNU/ KNLA-PC တို့မှ ကရင်လူငယ်များနှင့် KCSG မှ ကရင်လူငယ်များအပါအဝင် စုစု‌ပေါင်း ၄၇ ဦးတက် ‌ရောက်ခဲ့ကြသည်။

အဆိုပါ ဆရာဖြစ်သင်တန်းတွင် နိုင်ငံ‌ရေးသိပ္ပံ၊ ကရင်အမျိုးသားလှုပ်ရှားမှုသမိုင်း၊ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်နှင့် Nation Building အစရှိသည့် ဘာသာရပ်များကို ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းအပါအဝင် ပြည်တွင်းမှ သက်ဆိုင်ရာ သင်တန်းဆရာများမှ သင်ကြားပို့ချ‌ပေးခဲ့သည်ဟု သိရသည်။

ကရင့်အမျိုးသား‌ရေးနှင့် နိုင်ငံ‌ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း (Nation Building and Political Empowerment Program) ဆရာဖြစ်သင်တန်း အစီအစဉ်ကို ၂၀၁၉ခုနှစ် အတွင်း (၄)ကြိမ်ပြု လုပ်သွားမည် ဖြစ်သည်။ ပထမဦးဆုံးအကြိမ်သင်တန်းကို ‌ကော့ကရိတ်မြို့နယ်၊ ကြာကွာ‌ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး အလားတူ ကျန်ရှိသည့် သင်တန်းချိန်(၂)ကြိမ်ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။